Skip to main content

Oxygen , oxygen therapy နှင့် Covid-19 ( အပိုင်း ၁ )

1)ဘယ်အချိန်မှာ oxygen တိုင်းသင့်လဲ။
COVID-19 ရောဂါ ပိုးဝင်ရင် အများစုဟာ ရောဂါ လက္ခာ အနည်း အကျဉ်း ပဲပြပြီး ပြန်ကောင်းသွားတာ များပါတယ် ။ တချို့လူတွေမှာတော့ အထူးသဖြင့် ရောဂါ အခံ ရှိတဲ့သူတွေ ( ဆီးချို နှလုံးရောဂါ ကျောက်ကပ်ရောဂါ ကင်ဆာရောဂါ) ရှိတဲ့ လူနာတွေမှာတော့ ပိုပြင်းထန်တတ်ပါတယ်။
Covid ရောဂါ ပိုးဟာ အသက်ရှူလမ်းကြောင်းက တဆင့် အဆုတ်ထဲကို ရောက်ပြီး အဆုတ်ရောင်စေနိုင်ပါတယ်။
အဆုတ်ရဲ့ လုပ်ငန်းတွေ ကောင်းကောင်း မလုပ်နိုင်တော့ဘဲ သွေးတွင်း oxygen ကျလာပါတော့တယ်။
Oxygen ကျတဲ့ လူနာတွေမှာ သူ့ရဲ့ usual Timeline အရ ဆိုရင် ကနဦး ရောဂါ လက္ခဏာ ( ဖျား ကိုယ်လက် ကိုက်ခဲ နာကျင်မယ် နှာစေး ချောင်းဆိုး ) ဖြစ်ပြီး 5-7 ရက် အတွင်းမှာ ဖြစ်တတ်ပါတယ်။
ဒီနေရာမှာ တခု သတိထားစေလိုတာက တချို့ Covid-19 လူနာတွေမှာ သွေးထဲမှာ oxygen ကျနေပေမယ့်လည်း အချိန်အတိုင်းအတာ တခု oxygen level တစ်ခုအထိ လူက မောလာတယ်လို့ မခံစားရတတ်ပါဘူး။
ဒါပေမယ့် သွေးထဲက oxygen က တော့ တကယ်က စကျနေပါပြီ။
ဒီလိုလူနာတွေ စမောလာပြီလို့ ခံစားရချိန်မှာတော့ oxygen က တအားကျနေတတ်ပါတယ် တချို့ဆို SPO2 70% လောက်ပဲ ရှိပါတော့တယ်။ (Normal > 94%) 
ဒါကို silent hypoxia, happy hypoxia စသဖြင့်ခေါ်ကြပါတယ်။
ဒါကြောင့် ရောဂါ လက္ခဏာ စပြပြီး ၅ ရက်လောက်ထိ ဖျားနေတယ် ပိုနှုံးလာတယ် မသက်သာဘူးဆိုရင် မမောပေမယ့်လည်း သွေးတွင်း oxygen level ကိုသေချာ တိုင်းကြည့်သင့်ပါတယ်။
ကောင်းနေရင်တောင် 5-10 min လောက် လမ်းလျှောက်ပြီး ပြန်တိုင်းကြည့်ပါ။
( eg 6 Minute Walk Test —6 min လောက် လမ်းလျှောက်ပြီး ပြန်တိုင်းကြည့်တာပါ ) 
ကျနေရင် silence hypoxia ဖြစ်နေပါပြီ။ 
ဒါကို exercise-induced oxygen desaturation လို့ခေါ်ပါတယ်။ဒါဆို စောစောသိတဲ့ အတွက် ရောဂါ စောစောကုလို့ရပါတယ်။
ဒါကြောင့် မိမိကိုယ် မိမိ သံသယ ရှိလာလျှင် 
  •                  အဖျားမပြတ် ရောဂါ လက္ခဏာ မသက်သာလျှင်
  •                  နောက်ဆုံး မောလာရင် oxygen သေချာ တိုင်းကြည့်သင့်ပါတယ်။
အောက်မှာ timeline လေး ပြထားပါတယ်။



Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...