Symptoms တွေက အားလုံးသိပြီးသားဆိုတော့ အဲ့အတိုင်းပဲ...
Isolation Guide (WHO)
Symptomatic patients with suspected or confirmed case ဆို symptoms စတဲ့ရက်ကနေ 10 days & အနည်းဆုံး symptoms free 3 days...
Family/contact (no symptom) ဆိုရင် 10 days (symptom စခဲ့ရင် ထုံးစံအတိုင်း စတဲ့ရက်ကနေ next 10 days) isolation လုပ်ရမယ်... ခုအနေအထားနဲ့တော့ ကိုယ့်အသိစိတ်နဲ့ကိုယ် Home Q ပါတဲ့...
Investigation
Optional ပဲ... facilities ရှိရင်လုပ် မရှိရင် မလုပ်နဲ့...လုပ်မယ်ဆိုရင်...
Rapid test / PCR
CXR (mild ဆို မရိုက်လည်းရ... moderate-severe ဆို ရိုက်သင့်.. ARDS or bacterial pneumonia ဆိုးနေပြီလား သိရအောင်)
Basic blood test တွေ FBC RBS CRP Creatinine ဖောက်...
Fever ဖြစ်တဲ့အတွက် Malaria & Dengue ကိုလည်း လွတ်မသွားအောင် ထည့်စဥ်းစားသင့်
Treatment
Mild ဆိုရင် supportive & symptomatic ပဲ...
Supportive မှာ nutrition & hydration က အရေးကြီး *highlight
နာမည်ကြီးနေတဲ့ Vitamins အားဆေးတွေ လိုလားဆို... nutrition သာကောင်းရင် မလိုဘူး.. သောက်ချင်လည်း သောက်လို့ရ... no problem...
Symptomatic အတွက်က fever cough myalgia တွေ သက်သာအောင်လုပ်ပေး...
Routine use of empirical antibiotics ကတော့ usually not recommanded for viral pneumonia ပါတဲ့... (Azithro တွေ ဝယ်လို့မရလို့ စိတ်မညစ်ပါနဲ့)
ဘယ်အချိန်မှာ antibiotics စဥ်းစားမလဲဆို... co-existing bacterial pneumonia ရှိတယ်ထင်ရင်.... or moderate to severe ဖြစ်လာရင်... စဥ်းစားပါမယ်...
A/b ပေးဖို့လိုရင် Myanmar guideline အရ Augmentin or Azithro ပါတဲ့...
နောက် steroid ကိစ္စ... mild-moderate မှာဆို systemic steroid က not recommanded ပါ... (except-acute exacerbation of asthma COPD)
LMWH (enoxa) ကလည်း mild-moderate မှာ not recommended ပါပဲတဲ့...
Severe လည်းဖြစ် no CI ဆိုရင် venous thrombosis ကို ကာကွယ်ဖို့ ပေးပါမယ်... ပေးရင်လာ်း prophylatics dose ပဲပေးမယ် therapeutic dose မပေးရ...
Mild Moderate Severe ဘယ်လိုခွဲမလဲ...
SPO2 PR RR NEWS score တွေနဲ့ ခွဲပါမယ်...
Mild
SPO2- >=95%
PR- <90
RR- <20
NEWS2- <2
Moderate
SPO2- >= 93-94 % or any of
PR- 91-120
RR- 21-24
NEWS2- 3-4
Severe
SPO2- <= 92%
PR- >120
RR- >= 25
NEWS2- >= 5
(NEWS Score လေး အောက်မှာပါပါတယ်... လာတော့မမေးနဲ့ အလွတ်မရဘူး 😁)
Moderate ဆိုရင် သင့်တော်တဲ့ health care centre ရှိရင် admit လုပ်ဖို့ စဥ်းစားမယ်... မဟုတ်ရင် home oxygen စပေးမယ်...
Severe COVID-19
----------------------------
Clinical signs of pneumonia (Fever cough dyspnoea rapid breathing) plus
RR >30
SPO2 < 93% on air
Critical COVID-19
----------------------------
(Multiorgan dysfunction & coagulopathy)
-New or rapid worsening of respiratory symptoms
-ARDS
-Sepsis
-Acute PE
-ACS
-CVA
#ARDS (CXR/CT changes lobar lungs collapse, nodules, bilateral opacities, primary resp failure
#Sepsis
Symp- altered mental state, oliguria, resp distress
Signs-cold extremities, skin mottling, high fever or low temp, hypotension
Lab- thrombocytopenia, acidosis, coagulopathy, high lactate
အပေါ်ကဟာတွေရှိရင် Severe
Severe ဆို ဘယ်လိုကုမလဲ
(ဒါကတော့ admission လုပ်ပြီး ကုရတော့မှာပေါ့နော် ပုံမှန်ဆိုရင်တော့... but...... 😫😫😫)
-Supplementary Oxygen-
3-5 L/min to 15L/min
(titrated with response)
-PO or IM dexa 6mg OD ×7 days
-Antibiotics inj
-ICU admission or frequent monitor
-Manage co-mobidities
-Thromboprophylatics dose of sc Enoxaprin if no CI
Further assessment
GCS, Temp, BP, HR, SPO2, UO
(Twice daily)
Initial assessment မှာ lymphopenia ရှိ abnormal LFT or CXR ရှိရင် 5-7 days interval နဲ့ CRP LFT CXR Creatinine ပြန်လုပ်မယ်...
RBS twice a week, Dexa ပေးထားရင် ပိုလုပ်...
လိုရင် ECG ဆွဲ...
WHO Guideline of severe COVID p'nia မှာ
IL-6 receptor blocker (tociluzimab, sarilumab) highly recommended ပါတဲ့
Systemic corticosteroid က strong recommended for severe & critical COVID-19... but against in non-severe ပါနော်... COVID ဖြစ်တိုင်း dexa မလိုပါဘူး... severe ဖြစ်မှ လိုတာပါ...
Ivermectin & hydroxycloroquine not to use ပါတဲ့ ❌
နောက်ဆုံး မင်းသားကြီး Remdisivir က WHO က fully recommendation မပေးထားပါဘူးတဲ့...
2nd wave မှာလည်း သုံးခဲ့... ခုလည်း စျေးကြီးပေးပြီး အလုအယက်ဝယ်နေကြပေမယ့် WHO ကတော့ ကောင်းတယ်ဆိုတဲ့ trial သိပ်မတွေ့ပါဘူးတဲ့... (မြန်မာပြည်မှာ လာမလုပ်လို့ ထင်တယ်နော် 😁)... ဘယ်လိုဖြစ်ဖြစ် စျေးကြီးလို့ မတတ်နိုင်လည်း အားမငယ်ပါနဲ့... WHO ကတောင် recommend မလုပ်ပါဘူးလို့...
Home treatment အသားပေးပြောလို့လားပဲ... D-dimer တို့ ferritin တို့အကြောင်းတော့ မကြားမိဘူး...
Nutrition &hydration အကြောင်း
Diabetes in COVID-19 အကြောင်း lecture တွေ စီစဥ်ထားပါသေးတယ်တဲ့... စောင့်တက်လို့ရပါတယ်...
COVID မှာ WHO highly recommended လုပ်တာ တစ်ခု ရှိပါသေးတယ်...
Awake prone position ပါ...ICU admission rate ကျပါတယ်တဲ့... အောက်မှာ webiner က ပုံလေးတွေ ယူလာပေးပါတယ်...
နောက်ဆုံးပြောသွားတာတော့ ဘယ်လို treatment တွေအကြောင်းပြောပြော အရေးအကြီးဆုံးကတော့...
Discipline of hygiene & Vaccine ပါပဲတဲ့... 😭😭😭
ဟို သခဆ တွေကြောင့် Vaccine ကတော့ မျှော်ဖို့ မဖြစ်နိုင်ပေမယ့်... အတတ်နိုင်ဆုံး hygiene အတွက် စည်းကမ်းလေးတွေ လိုက်နာပြီး... 3rd wave ကို အတူတူ ကျော်ဖြတ်ကြရအောင်...
လက်ဆေးပါ...
Mask တပ်ပါ...
လူစုလူဝေး ရှောင်ရှားပါ...
အားလုံး ကျန်းမာကြပါစေ
Comments
Post a Comment