⛔️ အနံ့မရလို့ဆိုပီး
အရွက် တွေ ရှူ တာ ပရုတ်ဆီ အပြင်းတွေပါ နှာခေါင်းထဲထည့်တာတွေလဲ တော်ကြပါတော့
နှာခေါင်းထဲက mucosal lining လေးတွေက အရမ်းနူးညံ့ပီး
Well vascularized မလို့ ရှူလိုက်တာတွေကို blood stream ထဲတန်းရောက်တဲ့ အတွက် side eff တွေလဲရှိပါတယ်
Nasal mucosa damage ဖြစ်နိုင်ပီး... အထဲမှာ burn တွေ irritation တွေရပီး အသက်ရှုရင်နာတာ/ အသက်ရှူရပိုခက်တာတွေဖြစ်ရင် lungs အတွက်လဲ မကောင်းဘူးနော်
* အနံ့မရတာက brain ထဲမှာရှိတဲ့ အနံ့ရဲ့ control centre ကအာရုံကြော ရောင်ပီး အလုပ်မလုပ်တာပါ
It has nothing to do with your nose..so plx stop messing around *
⛔️ ဂျင်းပြုတ်ရည်တွေ / ကြက်သွန်တွေ ဒီတိုင်းဝါးစားခိုင်းတာ / ပင်စိမ်းတွေ ကြိတ်ပီး တိုက်တာတွေလဲ အစာအိမ်ရောဂါ အခံရှိရင် လုံးဝ မရဘူးနော် (လူကောင်းတောင် အပူအစပ်တွေစားပီးရင် ရင်တွေပူကြတယ်မလား)
ဒီလောက် ပူစပ်တဲ့ဟာတွေစားပီး အစာအိမ်နံရံက သွေးကြောလေးတွေပေါက်နိုင်တယ် ( ဒီချိန်ကြီး covid နဲ့ GI bleeding တွေ perforation ဖြစ်ရင် surgeon ရှာရခက်တယ်နော် )
ဗိုက်တွေရစ်ပီး အောင့်နိုင်တယ်
ဝမ်း အမဲတွေသွားနိုင်တယ်
အဲ့ကျမှ hypovolemic shock ရပီး တိုင်ပတ်မယ်နော်
* အပူအစပ်ပါတဲ့ အစာတွေက sympathetic nervous system ကို activate လုပ်တဲ့ အတွက် ...လူကချက်ချင်း ချွေးတွေထွက်လာပီး ခန လန်းသလိုဖြစ်တာပါ.. it doesnt mean that those things killed the virus.. *
တခြားစားနေကြ မဟုတ်တဲ့ အရွက်တွေ ဆေးမြစ်တွေဘာတွေကလဲ kidney တွေ liver တွေ ထိနိုင်တယ်
Evidence based study မလုပ်ထားတာတွေကို ဘယ်လို စိတ်နဲ့ ယုံရဲကြတာလဲ
အမှန်တော့ medicine တွေလဲ အဲ့လို အရွက်တွေကပဲ ထုတ်ထားတာပါ
But လူကို ကောင်းကြိုးပေးစေတဲ့ဓါတ်တွေကိုပဲဆွဲထုတ်ပီး
Toxic ဖြစ်စေတဲ့ ဓါတ်တွေမပါအောင် lab တွေမှာ နှစ်နဲ့ချီပီး စမ်းသပ်ထားရတာ
ဒါတောင် still side eff တွေရှိသေးတာပဲလေ
Covid pathophysiology က... virus ကထုတ်လိုက်တဲ့ antigen နဲ့ကိုယ်ထဲက immune system နဲ့ war ဖြစ်နေတာ...အဲ့ဒါတွေက symptoms အနေနဲ့ ပေါ်လာတာပါ..viral replication က symptom စမပြခင် 3-5 days မှာထဲက ပီးသွားတဲ့ အတွက် တချို့ anti viral တွေတောင် early stage ကို catch နိုင်ပီးပေးမှ effective ဖြစ်တယ်လို့ တချို့ study တွေမှာပြောထားပါတယ်
အဲ့တော့ ကြက်သွန်နီနဲ့ virus သတ်ဖို့လဲ မကြိုးစားပါနဲ့ရှင်
⛔️တကယ်အားရှိတဲ့ နွားနို့ ကျမသောက်ရဘူးတဲ့..
အမှန်တော့ သေချာကျက်အောင်ကြိုပီး သောက်ရင်
တကူးတကသောက်နေတဲ့ vitamins တွေ အပြင် immunoglobulin တွေပါပါလို့ အရမ်းအားရှိပါတယ်
( milk ကြောင့် allergy induced asthma သမားတွေ/ atopy history ရှိတဲ့လူတွေ lactose intolerance ရှိတဲ့လူတွေပဲ မသောက်ရတာပါ)
⛔️ရေမချိုးရဘူးဆိုတာ လုံးဝမှားတယ်နော်
Hygienic ဖြစ်မှ တခြား infection တွေထပ်မဝင်မှာ
အိပ်ယာထဲမှာပဲ လဲနေစရာလဲ မလိုဘူးနော်
လှုပ်လှုပ်ရှားရှားနေမှ lungs ကိုလဲ exercise လုပ်ပေးသလိုဖြစ်တယ်
Covid's one of the complications ဖြစ်တဲ့ Thrombosis မဖြစ်အောင်လဲ ကာကွယ်ရာရောက်တယ်
Psychological well being လဲကောင်းစေတဲ့အတွက် immune ပိုကောင်းစေပါတယ်
Please do not trust blindly those fraud posts and misleading informations.
Thats it..take care and stay safe you all
#credit
Comments
Post a Comment