Skip to main content

Covid နှင့် နှလုံးခုန်နှုန်း

အောက်ဆီဂျင်တင် အရေးကြီးတာမဟုတ်ဘူး။ Heart rate လေးပါ သတိထားကြည့်ကြပါ။

Day 5-6 လောက်မှာ SpO2 94 အထက်ရှိနေပေမဲ့ နှလုံးခုန်နှုန်း ၁၀၀ ကျော်လာတာဟာ သေချာ အနီးကပ်စောင့်ကြည့်ရမဲ့ လက္ခဏာပါ။ 

အဲ့လိုလူတွေမှာ ၇ ရက်ကနေ ၁၄ ရက်မြောက်အတွင်း Cytokines storm အချိန်မရွေးဝင်နိုင်ပြီး ရုတ်တရက် အောက်ဆီဂျင်ပြုတ်ကျသွားတတ်ပါတယ်။ 

အဲ့ဒီတော့ Day 5-6 လောက်မှာ အောက်ဆီဂျင်ကောင်းတယ်၊ အဖျားလည်းမရှိ၊ မောလည်းမမောပေမဲ့ နှလုံးခုန်နှုန်းတက်နေပြီဆိုရင် ပထမဆုံးလုပ်ရမှာက 

- အောက်ဆီဂျင် ဆလင်ဒါ ၂ လုံး၊ Concentrator ရရင်တစ်လုံး ဆောင်ထားပါ
- အွန်လိုင်းမှာ ဆွေးနွေးပေးနေတဲ့ ဆရာဝန်တွေ သမားတော်ကြီးတွေ ရှိပါတယ်၊ စုံစမ်းပြီး သူတို့နဲ့ အခြေအနေတိုင်ပင်ထားပါ။
- Dexamethasone ဆေးကိုကြိုဝယ်ထားပါ။ (သောက်ဖို့အတွက် ဆရာဝန် ညွှန်ကြားတာကိုစောင့်ပါ) 
- Enoxaparin (ထိုးဆေး 40 mg ) ကြိုဝယ်ထားပါ။( ဆရာဝန်ညွှန်ကြားတာကိုစောင့်ပါ) 
- ဆီးချိုသမားတွေ ဆီးချိုထိန်းပါ။
- ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းတာတွေအတွက် ငါးကြီးဆီကကောင်းပါတယ် တနေ့ ၂ လုံးသောက်ပါ။ Vitamin C 500 Mg တနေ့ ၂ လုံး သောက်ပါ။
- နီးစပ်ရာ အောက်ဆီဂျင်ဖြည့်ရမယ့်နေရာ၊ တက်လို့ရမယ့်ဆေးရုံနေရာ၊ အိမ်လာကြည့်ပေးနိုင်မယ် ဆရာဝန် သူနာပြုတို့နဲ့ ချိတ်ဆက်ထားပါ။

အဓိက အသက် ၅၀ ကျော်တွေ၊ ဝ တဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေ အဲ့လိုအချိန်မှာ နေလို့မမောပေမဲ့ လူမမာလို တရာအားထုတ်နေတဲ့သူလိုပဲ နေရပါမယ်။ လှုပ်လှုပ်ရှားရှားမလိုအပ်ရင် မလုပ်ပါနဲ့။ 

အသက်ရှူလေ့ကျင့်ခန်းများများလုပ်ပါ။

အားလုံးရောဂါဘေး၊ ဒုဗ္ဘိက္ခဘေးတို့မှ အမြန်ဆုံးကင်းလွတ်ကြပါစေ။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...