Skip to main content

COVID အကြောင်း သိကောင်းစရာ

FB ပေါ်က ရှိသမျှposts တွေ ဖတ်ပြီး ဘာလုပ်ရမှန်းမသိတော့တဲ့ အမျိုးတွေအတွက်ရည်ရွယ်ပါတယ်။


COVID virus ပိုးက နှာခေါင်းလည်ချောင်းကစဝင်ပါတယ်

- Fever တက်မယ်

ချောင်းဆိုး၊ လည်ချောင်းနာ၊ အနံ့ပျောက်  အရသာပျက် မယ်

ပိုးက အစာအိမ်လမ်းကြောင်းထဲဝင်ရင် ဝမ်းလျှောမယ်

ရက်အနည်းငယ်ကြာရင် (3-7 days) ပိုးက အဆုတ်ထဲရောက် ချောင်းပိုဆိုး သလိပ်အကြည်ရောင်ထွက်မယ်။

အဆုတ်တွေ စယောင်ပြီး Pneumonia ဖြစ်လာကာ ယောင်တဲ့နေရာများလာတာနှင့်အမျှ Oxygen ပိုပိုကြလာပါပြီ။ အသက်ရှုကြပ်နိုင်ပါတယ်။

- cytokine storm ဖြစ်တတ်တဲ့ အချိန်ပါ (virus ပိုးကို ကိုယ်ခန္ဓာထဲက ခုခံတိုက်ခိုက်တဲ့ cells တွေ အများအပြားထွက်လာပြီး virus ပိုးအပြင်ကိုယ့်အဆုတ်ကို ပါဖျက်ဆီးပစ်ပါတယ်) အဲ့အချိန်မှာ ARDS Acute Respiratory Distress Syndrome ဖြစ်ပြီး Oxygen တွေထိုးကျ၊ Blood pressure တွေထိုးကျပါတယ်။ 

ဒီလို အခြအနေက တကယ့်ကို critical illness ပါ။ Intensive care management မပေးနိုင်ရင် သေပါတယ်။


cytokine storm က Covid လူနာတိုင်းမဖြစ်ပါဘူး။ နဂိုထဲက ခုခံအားကောင်းသူတွေ ဒီ အဆင့်ထိမရောက်လို့ ပြန်ကောင်းသွားကျပါတယ်။COVID လူနာ 20-30% လောက်မှာ ဖြစ်ပါတယ်။ ICU facility ရှိတဲ့ တိုင်းပြည်မှာတောင် 10-15% သေပါတယ်။


————————————————————

ကုသနည်း


COVID 19 virus ပိုးအတွက် ပိုးသတ်ဆေးမရှိပါ (Curative treatment မရှိ


Supportive treatment ပဲရှိပါတယ် (ခံစားရတဲ့လက္ခဏာများကို သက်သာစေရန်နှင့် ပိုမဆိုးစေရန်)


၁။ စစဖြစ်ခြင်း vitamins သောက်ခြင်း၊ အားရှိမည့်အစားကောင်းကောင်း စားခြင်းဖြင့် ကိုယ်ခံအား ကို မြှင့်တင်ပေးပါ။


၂။ Fever အဖျားတက်လျင် Paracetamol နှစ်လုံး လေးကြိမ် သောက်ချင်းဟာ အဖျားကျဖို့ပါ။ Paracetamol သောက်ပြီးအဖျားမကျပါကParacetamol အပြင် Ibuprofen 200mg-400mg လေးကြိမ် သောက်နိုင်ပါတယ်။ Ibuprofen ကို အစာအိမ်သမားတွေ ကျောက်ကပ်ရောဂါသည်တွေ မသောက်ရပါ။


၃။ ကိုယ်လက် ကိုက်ခဲရင် Paracetamol နဲ့ Ibuprofen က နာတာသက်သာစေပါတယ်။


၄။ ချောင်းဆိုးလျင်ချောင်းဆိုးပျောက်ဆေးသောက်ခြင်းဟာ ချောင်းဆိုးခြင်တဲ့ စိတ်ရဲ့တုန့်ပြန်မှု (cough reflex) ကို ရှော့ချပေးတာပါ။ချောင်းဆိုးရခြင်း အကြောင်းအရင်းကို မပျောက်စေပါ။ လူကိုတော့ သက်သာစေပါတယ်။


၅။ ပျို့ခြင် အန်ခြင် လျင် မအန်ခြင်တဲ့ဆေး (metoclopromide, stemetil) သောက်နိုင်ပါတယ်။ အစာ စားဝင်အောင်ပါ။ 

လုံးဝ အစားမဝင်ရင်တော့ အစာအိမ်ဆေး (famotidine, omeprazole) တိုက်ပါတယ်  အစာအိမ်ယောင်တာ ကာကွယ်ဖို့ပါ။ IV Drip သွင်းဖို့လိုအပ်ပါပြီ။ (Saline, Dextrose 5%) ဒီလို အချိန်မှာ နဂိုသောက်နေကျ ဆီးချိုဆေးတွေ သွေးကျဆေးတွေကို လျော့သင့်လျော့ ရပ်သင့်ရပ်ရပါတယ်။


၆။ ချွဲတွေက ပြစ်လာပြီး ထွက်ဖို့ခက်လာလျင် ချွဲပျော်ဆေးက ထွက်ရလွယ်အောင်လုပ်ပေးပါတယ်။ (Acetylcysteine, bromhexine)

လုံးဝထွက်မလာရင် chest percussion လုပ်ပြီး ပုတ်ထုတ်ပေးနိုင်ပါတယ်။ ချွဲတွေပိတ်ဆို့နေရင် Oxygen ပိုကျပါတယ်။


၇။ Bacteria ပိုးသတ်ဆေး (Antibiotics) ကို secondary bacterial ပိုးဝင်ရင် တိုက်ပါတယ်။ Blood test ဖေါက်ရင် Neutrophils, CRP, Procal တွေ အရမ်းမြင့်နေပါတယ်။ မြန်မာပြည်မှာ ခဏခဏ BLood test ဖောက်ဖို့သိပ်အဆင်မပြေတော့ Bacterial ပိုးဝင်မဝင် စစ်ဆေးရခက်ပါတယ်။ အဲ့ဒါကြောင့် ရက်ရှည်နေမကောင်းလျှင် Bacterial ပိုးများဝင်နေပြီလားဆိုပြီ ပိုးသတ်ဆေး စပါတယ်။ ဒါ ကာကွယ်ဆေးမဟုတ်ပါ။COVID ကိုလည်းပိုမကောင်းစေပါ။ (Augmentin and Azithromycin)


၈။ Oxygen ကျပြီဆိုတာ အဆုတ်ထိပြီဆိုတဲ့ လက္ခဏာပါ။ 94% ထက်နဲရင် ပုံမှန်မဟုတ်တော့ပါ။ မှောက်ပေးခြင်းဖြင့် ကောင်းသေးတဲ့အဆုတ်နေရာကို ပိုအသုံးချပေးပြီ Oxygen ကို ပြန်တတ်စေပါတယ်။ ကြာကြာမှောက်လေ ကောင်းလေပါ။ အနည်းဆုံး ၁၂ နာရီကျော်မှောက်သင့်ပါတယ်။ (၄နာရီမှောက် ၁နာရီနား)


၉။ Oxygen 94% အောက်ကျလျှင် Cytokine storm စနေပြီဖြစ်လို့ Dexamethasone 6mg တစ်နေ့တစ်ကြိမ်စပေးပါတယ်။ အဆုတ်ပျက်ဆီးမှုကို လျော့ချဖို့ပါ။ Oxygen ထိုးမကျအောင်ပါ။ ဒီဆေးဟာ သေဆုံးနှုန်း (Mortality rate) ကို 3 - 11% ရှော့ချပေးနိုင်တဲ့ ဆေးပါ။ လူတိုင်းကို မကယ်နိုင်ပါ။ ဆရာဝန်နဲ့တိုင်ပင် ပြီးမှသောက်ပါ။ ဆေးကလူတိုင်းနဲ့ မတဲ့ပါဘူး။ -၁၀ ရက်တိုက်ပါတယ်။ ( Dexamethasone 6mg မရှိရင်Prednisolone 40 mg ကိုအသုံးပြုနိုင်ပါတယ်)


၁၀။ ခုလို oxygen ကျပြီး မလှုပ်နိုင်တော့တဲ့သူတွေမှာ သွေးခဲပြသာနာဝင်ပါတယ်။ ခြေထောက်၊ အဆုတ်ရဲ့သွေးကြောမှာ သွေးခဲပါတယ်Oxygen ပိုကျပါတယ်။ ကာကွယ်ချင်ရင် သွေးကြဲဆေးထိုးပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပါ။


၁၁။ မှောက်နေပါလျက် Oxygen ကျရင် Oxygen ရှူပါ။ Oxygen မှတပါး ဘာမှလုပ်စရာ မရှိတော့ပါ။ Oxygen အရမ်းနဲနေလျင် (သို့မဟုတ်အကြာကြီး 94% ထက်ကျနေလျင် ကိုယ်ခန္ဓာမှ vital organs တွေအားလုံး (ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသဲအလုပ်မလုပ်နိုင်ပါ။Multiorgan failure ဖြစ်လာပါတယ်။ 


Oxygen ဆွဲတယ်ဆိုတာမရှိပါ။ ခဏလေးလျူရုံနဲ့ပြန်မကောင်းပါ။ ပျက်စီးနေတဲ့ အဆုတ် တွေ အချိန်တန် ပြန်ကောင်းတဲ့ထိစောင့်ရပါတယ်။ တစ်ချို့ အဆုတ် အစိတ်အပိုင်းတွေ ရေရှည်ပျက်စီး (permanent damage) ဖြစ်တတ်လို့ Oxygen ဖြတ်မရတော့တဲ့ Case တွေရှိပါတယ်။ နောက်ပိုင်း Respiratory Rehab လေ့ကျင့်ခန်း ဖြေးဖြေးလုပ်ပေးရင်းမှ ပြန်ကောင်းလာပါတယ်။


Oxygen ရှူလျက် ပိုပိုကျလာတာက oxygen ဆွဲလာတယ်ဆိုတဲ့ အယူအမှားကြောင့်မဟုတ်ပါ။ အဆုတ်တွေပိုပျက်စီးပြီး ARDS ဖြစ်လာတာပါ။ Flow rate တင်ပေးပြီး SPO2 ကို 94% အထက်ထားပေးပါ။ အမြင့်ဆုံး Oxygen (15L/min)ပေးလျက်၊ မှောက်နေပါလျက် SPO2 အရမ်းကျနေလျင် ICU ကိုပို့ရမဲ့အချိန် ရောက်လာပါပြီ။ အခြေအနေမကောင်းတော့ပါ။ နောက်ဆုံးအခြေအနေရောက်နေပါပြီ။ အားဆေး မကယ်နိုင်ပါ။ ချောင်းဆိုးပျောက်ဆေးမကယ်နိုင်ပါ။ Oxygen ဖြုတ်လိုက်ရင်တော့ အမြန်သေဆုံးပါတယ်။ 


ဒီအခြေအနေမရောက်ခင် အပေါ်မှ 8-11 ကို လုပ်ပေးနိုင်လျင် ဒီအခြေအနေမရောက်ပဲ 70-80% COVID လူနာများ ပြန်ကောင်းသွားနိုင်ပါတယ်။


အဲ့ဒါကြောင့် ခုမြန်မာပြည် အခြေအနေမှာ Oxygen စကြပြီဆိုတာနဲ့ ကယ်နိုင်တာဟာ 

1. မှောက်နေတာ (Proning)

2. Oxygen

3. Dexamethasone ပဲရှိပါတယ်။


Remdesivir, Barcitinib နဲ့ Tocilizumab ကို ထည့်မရေးတာ ဝယ်ရမလွယ်သလို အိမ်မှာ ဆေးသွင်းရလည်းမလွယ်ပါ။


TMO

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...