Skip to main content

စိတ်ဓာတ်ခွန်အား နဲ့ Covid

🍀🍀🍀 စိတ်ခွန်အားနဲ့ covid ကို တတ်နိုင်သလောက် တိုက်ထုတ်ကြမယ်💪🏾💪🏾💪🏾

ဒီရက်ပိုင်း facebook newsfeed မှာ Oxygen ရှာရခက်တဲ့သတင်းတွေ၊ Concentrator တွေအလုအယက်သွင်းနေရတဲ့ post တွေ၊ ကိုဗစ်ကြောင့်မိသားစုဝင်တွေဆုံးရှုံးလိုက်ရတဲ့ စိတ်မကောင်းစရာ သတင်းတွေချည်းပါပဲ။ ဒီကြားထဲ စိတ်ပျက်စရာ decision making တွေရယ်၊ ညံံဖျင်းလှ တဲ့ covid management သတင်းတွေကလည်းရှိသေးတယ်။ 

⭐️အားလုံးသိပြီးတဲ့အတိုင်း COVID ဆိုတာ virus ပိုး ပါ။ Virus ဆိုတာမျိုးက ကိုယ်ခံအား Immune နဲ့ပဲတိုက်ထုတ်ရတာပါ။ ခုဆို လူတွေက Immune တက်အောင် ဆိုပြီး ဗီတာမင် စီတွေ ကြက်ပေါင်းတွေ နေ့စဉ် မှီဝဲနေကြပါတယ်။ ဒါပေမယ့် မေ့မထားဖို့ အချက်တချက် က ကိုယ်ခံအား ဆိုတဲ့ Immune system ကို လွှမ်းမိုးထိန်းချုပ် ထားတဲ့ အရေးပါတဲ့ အရာတခုရှိတယ်ဆိုတာပါ။ အဲဒါက တော့ “စိတ်” ပါပဲ။ 

⭐️“Psychoimmunology” ဆိုတဲ့ Term ကို 1980 လောက်က Robert Ader ကစ မိတ်ဆက်ခဲ့တာပါ။ သုတေသန ပညာရှင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ် တွေက ကိုယ်ခံအားစနစ် ကို သက်ရောက်နိုင်တယ်ဆိုတာကို experiments တွေအရလေ့လာတွေ့ရှိလာပါတယ်။ Ader က ဆေးကြောင့် မဟုတ်ပဲ Mental cues နဲ့ conditioning process လုပ်ထားတဲ့ စိတ်ဖြစ်စဉ်သက်သက်ကြောင့် စမ်းသပ်ခန်းထဲကကြွက်လေးတွေကို immune ကျသွားအောင်လုပ်လို့ရကြောင်းတွေ့ရှိခဲ့တာပါ။

⭐️နောက်တချက်က viral infection၊ immunity နဲ့ neurotransmitter တွေကဆက်စပ်တယ် ဆိုတဲ့ research finding အကြောင်းပါ။
 (ဥပမာ Rheo virus ဆိုရင် Cell entry မှာ Norepinephrine receptor ကိုသုံးပါတယ်။ Norepinephrine တွေများများရှိရင် virus က cell ထဲသိပ်မဝင်နိုင်ဘူး viral infections မဖြစ်ဘူးလို့ဆိုပါတယ်။ )စိတ်ဓါတ်ကျနေတဲ့သူတွေ၊ ပူပန်စိတ်များတဲ့ သူတွေမှာ Norepinephrine နည်းနေနိုင်တယ် လို့ယူဆရပါတယ်။

💪🏽ဒါကြောင့် ကိုဗစ် ကိုကာကွယ် ဖို့ ကိုယ်ခံအာကောင်းအောင်အာဟာရတွေ ဆေးတွေ မှီဝဲသလို ကျွန်မတို့ဟာ စိတ်ကျန်းမားရေးကိုလည်း ပုံမှန် ဂရုစိုက်နေမှဖြစ်မှာပါ။ အဲဒါမှ Mental wellbeing ရပြီး ရောဂါကိုကာကွယ်နိုင်စွမ်းရှိလာမယ့် အပြင် ရောဂါဖြစ်လာခဲ့ရင်လည်း အောင်မြင်စွာ တိုက်ထုတ်နိုင်မှာပါ။

ခုလိုချိန် မှာ အပြင်မထွက်ရတော့ အိမ်ထဲမှာနေရင်း Social media ကို binge သုံးနေရင်လည်း သတင်းတွေ က ပူပန်စိတ်တွေ ကြောက်စိတ်တွေ ဖြစ်စေနိုင်ပါတယ်။ အဲ့လိုတွေ နိစ္စဓူဝ မြင်တွေ့ခံစားနေရရင် ကြာလာရင် အပေါ်မှာ ရှင်းပြခဲ့သလို ကိုယ်ခံအား ပါထိခိုက်လာပါလိမ့်မယ်။ 

“The only thing we have to fear is fear itself” ပါ။

🍀ဒါကြောင့် အချိန် သက်သက်မှတ်မှတ်ထားပြီး facebook ကိုသုံးပါ။ Time out ယူပါ။ သတင်း channel တွေအများကြီး follow လုပ်ထားမယ့်အစား reliable news page ကို သတ်မှတ်ချိန်မှာပဲဝင်ကြည့်ပါ။ သတင်း share တဲ့သူတွေလည်း မလိုအပ်ပဲ လူတွေ panic ဖြစ်စေတဲ့ caption တွေ emoji တွေသုံးတာလျှော့ပါ။ Visual cues တွေက ထင်တာထက် impact ရှိပါတယ်။

🍀ကျွန်မတို့ တတ်နိုင်သလောက် စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ၊ စိတ်ဓါတ်ကျတာတွေ ကို လျှော့ချကြရအောင်ပါ။ ချစ်ခင်ရင်းနှီး သူတွေအချင်းချင်း ဆက်သွယ်ကြမယ်။ အားပေးဖေးမ ကြမယ်။ Daily activity လေးတွေပုံမှန်လုပ်မယ်။ လေ့ကျင့်ခန်း လုပ်မယ်။ ကျန်းမာအောင် နေထိုင်စားသောက်မယ်။ ကိုဗစ် စည်းကမ်းတွေကို လိုက်နာကြမယ်။ ဒါ့အပြင် အချင်းချင်း ကူညီလို့ရသလောက် ကူညီဖေးမပြီး ဒီ တောင်ကို ကျော်ဖြတ်ကြရအောင်။ ရှေ့ဆက်ရမယ့် လမ်းတွေ တိုက်ပွဲတွေ ပန်းတိုင်တွေ ပျော်ရွှင်ရမယ့်နေ့တွေ ရှိသေးတယ် မဟုတ်လား။ 

အားတင်းထားကြစို့။ 

Ref: Molecules of Emotion, Candace B. Pert
Myers’ Psychology
#credit to Mental health support for medical family

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...