Skip to main content

ကလေး ကိုဗစ်

အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ်။ တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ။
ကလေးမှာ ပိုဗစ်က ပြင်းထန်လေ့မရှိပါ။ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်။
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)
ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ။
ယေဘူယျအားဖြင့် ၁၀-,၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့  ၄-၆ နာရီ တခါ တိုက်လို့ရပါတယ်  ပုံမှန်တိုက်ဖို့မလိုပါဘူး။ တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ။

၁နှစ်အောက် ( အစက်ချဆေး Drop ) 
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်။
100 mg / ml  ပါပါတယ်။
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်။

၁နှစ်က ၅ နှစ် 
အရည် (Syrup or suspension) တွေရှိပါတယ်။
120/ 5ml  နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်။
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်။
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ။

၅ နှစ် အထက် 
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်။
တပြား ၅၀၀ မီလီဂရမ်ပါတယ်။
တံဆိပ်မျိုးစုံရှိပါတယ်  အကုန်အတူတူပါပဲ။
၁၀-၁၅ မီလီဂရမ် / ကေဂျီ ( 10-15 Mg/kg ) နဲ့တွက်ပြီးတိုက်ပါ။
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ။

နှာစေး နှာခေါင်းပိတ်ရင် 
Cetrizine syrup ( Cetrine/ Adezio/ Ormist /အလားတူတွေရှိပါတယ်။
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်။
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ။
မိမိအ​ေနနဲ့ ပေးလေ့ရှိတာကတော့ 
၆ လအောက်  - 1 ml ၂ ကြိမ် 
၆လ နဲ့ ၁နှစ်ကြား  - 1.5 ml ၂ ကြိမ် 
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ် 
ဆေးပြား 10 mg /tab ဆိုရင် 
၁-၃ နှစ်ကြား    တစိတ် ၁/၄  ၂ ကြိမ်
၃-၅ နှစ်ကြား    ၁/၃ ၂ကြိမ် 
၅ နှစ် အထက်    ၁/၂ ၂ ကြိမ်  ပေးပါတယ်။

နှာခေါင်းအခြောက်ပိတ်ရင် 
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်။
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်။

ဝမ်း သွားရင် 
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ။
ရိုးရိုး အရသာမပါ - MPF 
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်။
အညွှန်းအတိုင်းဖျော်ပါ။
ဆေးလိုမသောက်ရပါ။   ရေဆာ တိုင်းရေအစားသောက်ရပါမယ်။
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သောက်နိုင်ပါတယ်။

အန်ရင် 
Domperidone အအန်ပျောက်ဆေး  တကြိမ် သောက်လို့ရပါတယ်။
အစက်ချဆေး ဆို ရင် 
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်။( Voneta/ Deflux / စသည်ဖြင့် ) 
အရည် ဆိုရင် 
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ  နဲ့တွက်လို့ရတယ်။( Motilium syrup/ Cosy စသည်ဖြင့် ) 
ဆက်တိုက်အန် ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်။
မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်။
ကလေးနို့မတိုက်မီ လက်ဆေးပါ  မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတပ်ပါ။
ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ်  အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...