Skip to main content

တရုတ်ဆေး 连花清瘟胶囊 အကြောင်း

 တရုတ်ဆေး Lianhua Qingwen Jiaonang က Covid-19 အတွက်သောက်သင့်သလားလို့ မေးကြပါတယ်။
连花清瘟胶囊 အကြောင်းအနည်းငယ်ရှင်းပြပါမယ်။


ကျနော်အမြင်အရ အဲ့ဒီဆေးဟာ ကိုဗစ်ရောဂါလက္ခဏာကို (အတိုင်းအတာတစ်ခုအထိ) သက်သာစေပါတယ်။
သို့သော် Covid-19 ရောဂါကုသဆေးလို့ #လုံးဝမယုံကြည်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီဆေးသောက်လို့ Covid-19 ပျောက်ပါတယ်လို့ လုံးဝသက်သေမပြနိုင်ပါ။
ဒါပေမယ့် Covid-19 ဖြစ်ရင် symptoms ရောဂါလက္ခဏာသက်သာစေတယ်မလားလို့မေးရင် အဲ့ဒီတရုတ်ဆေးဟာ တုပ်ကွေးရောဂါလက္ခဏာကို (အတိုင်းအတာတစ်ခုအထိ) သက်သာစေတယ်လို့ သုသေသနတွေရှိပါတယ်။
အဲ့ဒါကြောင့် တုပ်ကွေးလက္ခဏာနဲ့ဆင်တူခံစားရတဲ့ ကိုဗစ်လူနာတွေမှာ အဲ့ဒီဆေးကိုတရုတ်ပြည်မှာပေးကြတာပါ။
ဒါပေမယ့် ချောင်းဆိုးတာ၊ နှာစေးတာ၊ အဖျားတက်တာ အဲ့ဒီရောဂါလက္ခဏာတွေ သက်သာတာမငြင်းနဲ့လေလို့ပြောလာရင် ကျနော်ပြန်မေးပါမယ်။ 
အဲ့ဒါတွေသက်သာချင်လို့ ပါရာစီတမောသောက်ရင် - ကိုယ်ပူကျမယ်။ Cetirizine လို antihistamine ဆေးတစ်ခုခုသောက်ရင် နှာရည်ယိုသက်သာမယ်၊ ချောင်းဆိုးသက်သာဆေးလည်းရှိတာပဲ။
အဲ့ဒါတွေက Covid-19 ပျောက်ဆေး #ကုသဆေးမှမဟုတ်တာ။ ပြီးတော့အဲ့လို ရောဂါလက္ခဏာအောင်တစ်ခုတည်းကြည့်ပြီး မသောက်ရမယ့်အခြေအနေတွေရှိတယ်။ ကျနော်မှားရင်ပြော။
အဲ့ဒီတော့ ရောဂါလက္ခဏာသက်သာတယ်ဆိုပြီး အားကိုးတကြီးစွတ်မသောက်လေနဲ့။
ဘာလို့လဲ❓
ကိုယ့်သဘောနဲ့ ကိုယ်သောက်လို့ #အသည်းပျက်စီးတဲ့ ကိစ္စတွေရှိတယ်။ အောက်ကလင့်မှာဖတ်ကြည့်။
http://www.cadrj.com/EN/abstract/abstract3860.shtml#
Anaphylaxis and liver damage induced by Lianhuaqingwen capsules (连花清瘟胶囊)
စင်ကာပူမှာ brain tumor လူနာကို ဆရာဝန်တွေကကုသတာ အောင်မြင်ပြီးတော့မှ လူနာကတရုတ်တိုင်းရင်းဆေးသွားသောက်ပြီး အသည်းပျက်စီးပြီး ဆုံးသွားတဲ့သတင်းဖတ်ဖူးတယ်။ ဒီလင့်မှာကြည့်။
အသည်းဆိုတာအရမ်းအရေးကြီးတယ်။
ဒါဆိုရင် ဒီဆေးမကောင်းဘူးလို့ပြောတာလား❓
နွယ်မြက်သစ်ပင်ဆေးဖက်မဝင်တာဘယ်ရှိမှာတုံး။ "သုံးတတ်ရင်ဆေး - မသုံးတတ်ရင်ဘေး" ပဲလေ။
သူ့ကောင်းကျိုးတွေကို အောက်ကလင့်ထဲကစာတမ်းမှာ တရုတ်ပညာရှင်တွေကပြောထားတာရှိတယ်။ 
Link
အဲ့ဒီတော့ Covid-19 အတွက်ဆေးအဖြစ်ဆောင်ထားမယ်ဆိုရင် တကယ့်တရုတ်တိုင်းရင်းဆေးပညာရှင်ကို မေးပြီးမှသောက်ပါလို့ အကြံပေးပါတယ်။
Covid အတွက်သုံးရင် အစာလမ်းကြောင်းနဲ့ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို လစ်လျူမရှုနဲ့လို့ အောက်ကစာတမ်းကဆိုတယ်။
Click here to read
ဟာ ... ဖိလစ်ပိုင် FDA ကအသိအမှတ်ပြုထားတယ်လို့ ပြောရောင်းကြတာပဲလေ။
ကျနော်ပြောမယ်။ အဲ့လို သတင်းတွေမှာတွေ့ရလို့ ဖိလစ်ပိုင် FDA မှာသွားဖတ်တော့ #သတိပေးစာထုတ်ထားတာရှိတယ်။
သူတို့တရားဝင်အသိအမှတ်ပြုမထားဘူးတဲ့။ #ကိုယ်ဖြစ်ကိုယ်ခံတဲ့။ 
ဟာ ... စင်ကာပူ HSA က ရောင်းခွင့်ပြုထားတယ်မလား❓
စင်ကာပူ HSA က တရုတ်တိုင်းရင်းဆေး TCM တစ်ခုအဖြစ်ရောင်းခွင့်ပြုထားတာလေ။ 
Covid-19 အတွက်ဆေးအဖြစ်အသိအမှတ်ပြုထားတာမှမဟုတ်တာ။
အဲ့ဒီတော့ သောက်မယ်ဆိုရင် #တရုတ်တိုင်းရင်းဆေးဆရာကိုသေချာမေးသောက်ပါ။ သုံးတတ်ရင် နှာစေးချောင်းဆိုးသက်သာမှာတော့ သေချာပါတယ်။ 
Covid-19 ကို ရောဂါပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေး "လုံးဝ" မဟုတ်ပါဘူး။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...