Skip to main content

ကူးစက်မှု့များနှင့် ပတ်သတ်သည့် မေးခွန်းများ ( ၆.၇.၂၀၂၁)

 ကိုဗစ်-၁၉ ဗဟုသုတစင်တာ ကို ၆-၇-၂၀၂၁ တွင် မေးမြန်းထားကြတဲ့ မေးခွန်းများထဲမှ ကူးစက်မှုများနှင့် ပတ်သက်သည့် မေးခွန်းများအတွက် အဖြေများကို စုစည်းပြီး ဖြေပေးတာပါ။

မေး - 1 ရက်နေ့က အတူတွေ့ ကားအတူစီးတဲ့သူက 2ရက်နေ့မှာ စဖျားပါတယ် ချောင်းဆိုး နှာစေးပါတယ်။ 6ရက်မြောက်နေ့မှာအနံ့စပျောက်ပါတယ် ယခု 7ရက်မြောက်နေ့ဖြစ်ပါပြီ ထိတွေ့ထားသူ တွေက လက်ရှိဘာsign မှတော့မပြသေးပါဘူး ကူးနိုင်ချေရှိလား ဘာဆေးတွေသောက်ထားသင့်သလဲရှင့် ဘယ်နေ့ထိစောင့် ကြည့်မှ စိတ်ချရမလဲရှင့်

မေး - Third waveရဲ့positiveလူနာဆီက ကူးစက်နိုင်တဲ့ရက်က ဘယ်နရက်လဲ ၁၄ရက်လားရက်၂၀လါး

မေး - positive ဖြစ်ပြီး ၁၀ရက်ကျော်ရင် တခြားလူကိုကူးစက်မှုမရှိနိုင်တော့ဘူး ဆိုတာဟုတ်ပါသလားရှင်

မေး - ဆေးရုံမှဆင်းပြီး Home Q တစ်ပတ် နေရသည့်အချိန်တွင် အခြားသူများကို ရောဂါကူးစက်နိုင်ခြေ ရှိပါသေးလားရှင်HQ တစ်ပတ်ပြီးရင်ရော မကူးနိုင်တော့ဟု စိတ်ချလို့ရနိုင်ပါသလားရှင့်

♦️ဖြေ - ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်ပါတယ်၊ အနည်းဆုံး တပတ်မှ အချို့ပြင်းထန်လျှင် ၂-ပတ်

ကြာသည်ထိ ကူးစက်နိုင်ပါတယ်၊

မေး - အရင်ကိုဗစ်ဖြစ်ဖူးတဲ့သူတွေကော ပြန်ကူး

နိုင်လား? ပြန်ကူးရင်ရောပြင်းထန် ဖြစ်နိုင်လား? ကိုဗစ်ကိုယ်ခံအားက ဘယ်လောက်ကြာအောင်ရှိန်ုင်ပါသလဲ?

မေး - ကိုဗစ်ဖြစ်ပီးသား လူတွေက ပြန်လည်ကူးစက်နိုင်ခြေရှိလား ကူးစက်ခံရရင်ရော ဘယ်လောက် အတိုင်းတာထိ ခံရနိုင်လည်းသိပါရစေ

♦️ဖြေ - ပြန်ကူးနိုင်ပါတယ်၊ ပြင်းထန်မှု ရှိမရှိကတော့ ကိုယ်ခံစွမ်းအားနဲ့ ဆိုင်ပါတယ်

မေး - ကိုယ်ဝန်သည်ကူးရင်ကလေးအတွက်စိုးရိမ်ရပါသလားရှင်

♦️ဖြေ - ကူးစက်နိုင်သည့် အထောက်အထား ယနေ့ထိ မတွေ့ရှိသေးပါ။သို့ရာတွင် ကလေးနို့တိုက်ပါက နီးကပ်စွာထိတွေ့မှုကြောင့် လူနာအမေထံမှ ကလေးသို့ ရောဂါကူးစက်နိုင်ပါသည်။

မေး - Positiveပြပြီး ဆေးကုသမှူခံယူပြိးနောက် negative ဘယ်ချိန်တွင်ဖြစ်ပါသလဲရှင်

♦️ဖြေ - အချို့သူတွေမှာ negative ပြန်ဖြစ်တာ ကြာပါတယ်၊ သူများကို ကူးစက်နိုင်တဲ့ ကာလကတော့ အကြမ်းဖျဉ်း လက္ခဏာမပြခင် ၁-၂ ရက်ကနေ ပြပြီး ၁၀-ရက်လောက်ထိ ကူးနိုင်ပါတယ်

မေး - မင်္ဂလာပါရှင် Covid ကူးပြီး ဘယ်နှစ်ရက်မြောက်လောက်ဆို စိတ်ချရတဲ့ အခြေအနေရောက်ပြီ ပြောနိုင်မလဲရှင့် recovery time မှာ သတိထားစရာလေးတွေ ရှိရင်ပြောပြပေးပါရှင့် ဖျားတဲ့ရက်က စရေရင် ၄ပတ်မြောက်ရောက်ပါပြီရှင့် ပိုးကူးစက်ခံထားရသူပါရှင့်

♦️ဖြေ - အားရှိမယ့်အစာ အဟာရ စားသောက်ပြီး၊ ပုံမှန်ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာပြီး နေသွားလို့ ရပါတယ်

မေး - ဘာလက္ခဏာမှ မပြဘဲ အနံ့ပျောက်တာ တခုဘဲ ဖြစ်နေပါတယ်၊ ကလေးငယ်တွေကို ကူးစက်နိုင်ပါသလား၊ ဘယ်လိုနည်းလမ်းနဲ့ ကာကွယ်လို့ရမလဲ

♦️ဖြေ - ကိုယ်တိုင်ရော ကလေးတွေရော ကာကွယ်ရေးနည်းလမ်းလေးတွေသုံးပြီး နေပေးပါ၊ Mask မက်စ် တပ်ပါ၊ လက်ကို စနစ်တကျနဲ့ မကြာခဏဆေးပါ၊ ခပ်ခွာခွာနေပေးပါ၊

မေး - First wave second wave third wave ဆိုတာတွေကဘယ်လိုအခြေနေမျိုးတွေကို သတ်မှတ်ပြောဆိုတာလဲ သိခွင့်ရရင် သိချင်ပါတယ်ရှင့်

♦️ဖြေ - ကိုဗစ်ကူးစက်မှုများ များပြားလာတာကို လှိုင်းလုံးတွေလို တင်စားခေါ်ဆိုထားတာပါ

မေး- ကိုဗစ် positive ထွက်တဲ့သူနဲ့ ခဏပဲတွေ့ပြီး သူ့ဆီက ပိုက်ဆံယူလိုက်မိပါတယ်၊ ပိုက်ဆံယူပြီးတော့ ဆေးဖြန်းပါတယ်၊ သူနဲ့တွေ့ပြီး နောက်တရက် သူက positive ထွက်တာပါ၊ ကူးနိုင်ပါသလား

♦️ဖြေ - ကူးစက်နိုင်ရန် အခွင့်အလမ်းနည်းပါသည်။

Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ,

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...