Skip to main content

ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (၆-၇-၂၀၂၁)

၁။ (က) အနံ့ပျောက်ရင် စိုးရိမ်ရလား။ (ခ) ကျတော်ကနှာခေါင်းနားကပ်ရူရင်အနံရပီးနည်းနည်းခွာလိုက်ရ င်အနံ့မရတော့လို့ပါဗျ။ (ဂ) ခု ဖျားတာညောင်းတာမရှိတော့ဘဲနဲ့ အနံပျောက်နေလို့ အရသာကိုတော့သိတယ် စားလို့သောက်လို့ခံတွင်းမလိုက်ဖြစ်နေလို့ပါ (ဃ) ဖျားပြီး အနံ့မရတာနဲ့ ကိုဗစ်ဖြစ်တာလားရှင့်။ ကျန်တာဘာမှမဖြစ်ဘဲလေ။

✅ဖြေ။ အနံ့ပျောက်တဲ့ လက္ခဏာက ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေထဲမှ သာမန်ခံစားရတတ်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါမဟုတ်ဘဲ တခြားရောဂါတချို့မှာလည်း အနံ့ပျောက်တဲ့ လက္ခဏာ ခံစားရတတ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါမှာဆိုရင် တချို့တွေမှာ လုံးဝအနံ့ပျောက်တဲ့အထိဖြစ်ပြီး တချို့တွေမှာတော့ အနံ့အာရုံလျော့သွားတတ်ပါတယ်။ အနံ့ပျောက်ခြင်းအတွက် မည်သည့်ဆေးမှ သောက်သုံးရန် မလိုအပ်ဘဲ ပြန်လည်သက်သာသွားတတ်ပါတယ်။

၂။ SPO2 99% ရှိပင်မဲ့ ဘေးတစောင်းအိပ်ရင် ပက်လပ်အိပ်ရင် အသက်ရှူရတာ နည်းနည်းခတ်တယ်။ ရေနစ်လို့ ရေမွန်းသလို့ခံရတဲ့ ခံစားချက်ကြီး။

✅ဖြေ။ စိတ်ဖိစီးမှုတွေများတဲ့အခါမျိုးမှာ ထိုကဲ့သို့ ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါမှာတော့ အများအားဖြင့် အမောကြီးနေတဲ့သူတွေမှာဆိုရင် SPO2 92% အောက် ရောက်နေလေ့ရှိပါတယ်။

၃။ (က) လက္ခဏာကတော့ ခြေထောက်နဲ့ လက်တွေမှာ အနီစက်တွေနဲ့ မျက်လုံးကရဲနေလို့။ (ခ) Covid 19 လက္ခဏာတွေမှာ မျက်လုံးနဲ့ပတ်သက်တာတွေ ဖြစ်တတ်သလား သိချင်ပါတယ်ရှင့်

✅ဖြေ။ ကိုဗစ်-၁၉ လက္ခဏာများကတော့ - အဖျားကြီးခြင်း (>/=100F), အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အနံ့မရခြင်း၊ အရသာ မရခြင်း၊ အချို့လူနာများတွင် သလိပ်ထွက်ခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ အရေပြားတွင် အနီကွက်များထွက်ခြင်းတို့ ဖြစ်ပါတယ်။ ကိုဗစ် ဟုတ်မဟုတ် သေချာစွာသိနိုင်ရန် နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးမှ သိနိုင်ပါမည်။

၄။ အသက်ကို မြန်မြန်ရှုလိုက်ရင် ချောင်းဆိုးတာ Covidလားဗျ။

✅ဖြေ။ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးခြင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ချောင်းဆိုးတိုင်းတော့ ကိုဗစ်လို့ မပြောနိုင်ပါ။

၅။ (က) ကိုဗစ်လက္ခဏာတွေ သိချင်လို့ပါ။ (ခ) ရောဂါ ကူးစက်ခံရရင် အများဆုံးဖြစ်တတ်တဲ့ လက္ခဏာတွေကို သိချင်ပါတယ်။ (ဂ) အာသီးယောင်ပြီး ဗိုက်အောင့်ပြီး ဝမ်းသွားနေတယ် (ဃ) ဒီနေ့မှ နှာစေးပီး ခေါင်းထိုး နေလို့ဗျ လည်ချောင်းလည်းနာနေလို့ Covidဖစ်နိုင်လားဗျ။ (င) လွန်ခဲ့တဲ့ ၂ ရက်က ခေါင်း တွေ ကိုက် တယ်. မနေ့က ကျ ခေါင်းမကိုက်တော့ပေမဲ့ လူက နုံးနေတယ်.ဒီနေ့ အနံ့ ေတာ့ မပျောက်သေးဘူးကိုယ်လည်း မပူဘူး မဖျားဘူးဝမ်းလည်း မပျက်ဘူး.ကျောတော့ နဲနဲ အောင့်နေတယ်. သလိပ်တွေ ထွက်တယ်. အဲ့ဒါ covid ဖြစ်နိုင်လား ခမျ။ (စ) ခေါင်းမူးနေရင် covid လားရှင့် (ဆ) ဒီလ ၁ ရက်နေ့ကညနေပိုင်းစဖျားပါတယ် ၃ရက်နေ့မှာသက်သာပါတယ် ၅ ရက်နေ့ကျ နှာခေါင်းပိတ် နှာစေးပီး အနံ့မရလို့ပါ ကျန်တာအကုန်အဆင်ပြေပါတယ် နှာခေါင်းပိတ်နေတာပါပဲ အာ့ covid များဖြစ်နိုင်လားရှင့်။ (ဇ) ကိုဗစ်ဖြစ်ရင် ဘယ်လိုတွေ ခံစားရပါလဲ။

✅ဖြေ။ ကိုဗစ်လက္ခဏာတွေကတော့ အဖျားကြီးခြင်း (>/=100F), အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အနံ့မရခြင်း၊ အရသာ မရခြင်း၊ အချို့လူနာများတွင် သလိပ်ထွက်ခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ အရေပြားတွင် အနီကွက်များထွက်ခြင်းတို့ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဟုတ်မဟုတ် သေချာစွာသိနိုင်ရန် နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးမှ သိနိုင်ပါမည်။

၆။ ဖျားတာ တစ်ပတ်လောက်ရှိပါပြီ။ တစ်ပတ်အတွင် အဖျားတက်လိုက်ကျလိုက်တော့ဖြစ်ပါတယ်။ အနံ့က ရှူဆေးဘူးနံ့ကိုတော့ရတယ် ပြောပါတယ်ရှင် အစာ မစားချင်ပဲ လူက နုံးနေပီး ချောင်းဆိုးတာ သလိပ်ပါတယ်တော့ ပြောပါတယ် နှာခေါင်း ပိတ်တယ် ဘယ်လိုဆေးခန်းမှာ ပြပီး ဘယ်လို ကုသမှု့ ခံယူသင့်ပါလဲ ရှင် ခု လူနာကို သီးသန့်ထားပါတယ်။

✅ဖြေ။ လူနာများအား အကြံပြုချက် လင့်ခ် (https://www.facebook.com/ckcmohnugmm/posts/105077408511181?__tn__=%2CO*F)

၇။ မနက်ပိုင်း ခြေလက်ခေါင်းကိုက်ခဲပြီး ၊ မွန်းလွဲချိန်လောက်ကြ ဖျားပါတယ် ၊ အဖျားက 37 ကျော်ကျော်ရှိပါတယ်၊ (အနံ့မပျောက် ၊ ချောင်းလဲမဆိုးပါဘူး၊အသက်ရှူအောင့်ပီး စစ်တာလဲ လုပ်နိုင်ပါတယ်) ဖျားပါလာတော့ ဒီကိုဂျင် ၁လုံး သောက်လိုက်ပါတယ်၊ ချွေးထွက်လာပီး သက်သာလာပေမဲ့ လုံးဝမပျောက်သေးတော့ ညနေကျတော့ ပါရာစီ တလုံးနဲ့ ဘာမီတွန်တလုံးသောက်လိုက်ပါတယ်၊ ညကျတော့ ချွေးတွေ ထွက်ပြီး အဖျားပါကျသွားပါတယ်၊ နောက်နေ့မနက်ကျ လူကနဂိုအတိုင်းပေါ့ပါးပီး နေလို့ ကောင်းလာပါတယ် အဖျားလဲ မရှိတော့ပါဘူး ရှင့်၊ အဲ့ဒါ ကိုဗစ်ဖြစ်နိုင် မဖြစ်နိုင် သိချင်လို့ပါ၊ အတူနေ အသက် ၈၀ အဖွားနဲ့ ၈၂အဖိုး ရှိလို့ စိတ်ပူနေလို့ပါ၊ ဖျားပြီး နောက်ပိုင်းတော့ အိမ်ထဲမှာပဲ mask တပ်ပီးနေနေပါတယ်။

✅ဖြေ။ ကိုဗစ် လက္ခဏာများကတော့ - အဖျားကြီးခြင်း (>/=100F), အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အနံ့မရခြင်း၊ အရသာ မရခြင်း၊ အချို့လူနာများတွင် သလိပ်ထွက်ခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ အရေပြားတွင် အနီကွက်များထွက်ခြင်းတို့ ဖြစ်ပါတယ်။ ကိုဗစ် ဟုတ်မဟုတ် သေချာစွာသိနိုင်ရန် နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးမှ သိနိုင်ပါမည်။ ကိုဗစ် သံသယ လူနာများအတွက် အကြံပြုချက်လင့်ခ် (https://www.facebook.com/ckcmohnugmm/posts/105077408511181?__tn__=%2CO*F)

၈။ လက်ရှိပြန့်ပွားနေတဲ့ ကိုဗစ်ရဲ့ရောဂါလက္ခဏာတွေကို နေ့ရက်ပိုင်းခြားအလိုက်သိချင်ပါတယ်။ ရာသီတုပ်ကွေးနဲ့ကိုဗစ်ရဲ့ကွာခြားချက်လေးတွေရော ဖြစ်နိုင်ရင် ထည့်ဖြေပေးပါ။

✅ဖြေ။ ကိုဗစ် လက္ခဏာများကတော့ - အဖျားကြီးခြင်း (>/=100F), အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အနံ့မရခြင်း၊ အရသာ မရခြင်း၊ အချို့လူနာများတွင် သလိပ်ထွက်ခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ အရေပြားတွင် အနီကွက်များထွက်ခြင်းတို့ ဖြစ်ပါတယ်။ အအေးမိ တုပ်ကွေး‌ရောဂါနှင့် COVID-19 ရောဂါ လက္ခဏာ များမှာ အများစု တူညီပါသည်။ ခွဲခြားရန် အလွန်ခက်ပါသည်။ ဖြစ်ကာစတွင် ဖျားခြင်း၊ နှာစေး ချောင်းဆိုးများ ရှိနိုင် သော်လည်း COVID-19 ရောဂါတွင် အဖျားကြီးခြင်း၊ ချောင်းခြောက်ဆိုးခြင်း နှင့် အသက်ရှုကြပ်ခြင်း လက္ခဏာများမှာ ပိုမိုတွေ့ရှိ ရပါသည်။

၉။ အနံမရတာနှစ်ရက်.ပြန်ရတာ.4ရက်ရှိပါပြီ .ဘယ်လိုနေထိုင်ကအုံးမလဲရှင့်

✅ဖြေ။ ကိုဗစ် သံသယလူနာ အကြံပြုချက် လင့်ခ် (https://www.facebook.com/ckcmohnugmm/posts/105077408511181?__tn__=%2CO*F)


Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...