Skip to main content

ကိုဗစ်−၁၉ ၊ ဒက်စာမီတာဇုံးဆေး၏ ဘေးထွက်ဆိုးကျိုးများ

ကိုဗစ်−၁၉ မှာ အသုံးပြုတဲ့ ဒက်စာမီတာဇုံး (Dexamethasone)ဆေးဟာ ဘေးထွက်ဆိုးကျိုးများလည်း ပြင်းထန်နိုင်တာကြောင့်မိဘပြည်သူများ ရှောင်ရှားနိုင်ရန် အလို့ငှာရေးသားလိုက်ပါတယ် ခင်ဗျာ။


.
သုတေသနတွေ့ရှိချက်တွေအရ ဒက်စာမီတာဇုံး (Dexamethasone)ဆေးဟာတချို့ လူနာတွေမှာသေဆုံးမှုနှုန်းကို လျော့ကျစေနိုင်ပါသည်။
.
သို့သော် .. အသုံးပြုသင့်သည့် လူနာ အုပ်စု (၂) စုမှာ
၁။ အောက်စီဂျင် ရှူနေရသူများ
၂။ အောက်စီဂျင် အမှန်တကယ် လိုအပ်နေသူများ (သို့သော် အကြောင်းအမျိုးမျိုးကြောင့် အောက်စီဂျင် မရရှိနိုင်ခြင်း) ဖြစ်ပါတယ်။
. 
ကိုဗစ်ရောဂါနဲ့  ဘေးထွက်ဆိုးကျိုးနှိုင်းယှဉ်လျှင် လူနာသက်သာစေမယ်ဆိုပါက ဆရာ၀န် ညွှန်ကြားချက်အတိုင်း 
အသုံးပြုရမှာ ဖြစ်ပါတယ် ခင်ဗျာ။

.ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးများ
.
ရေတိုအသုံးပြုလျှင်...
  • ခြေ၊လက် ရောင်ရမ်းခြင်း (fluid retention)
  • သွေးတိုးခြင်း (high blood pressure)
  • စိတ်အတက်၊ အကျဖြစ်ခြင်း (mood swings)
  • အစာအိမ်နာခြင်း(upset stomach)
  • ဝက်ခြံထွက်ခြင်း(acne)
  • ဆီးချို၊ သွေးချိုတက်ခြင်း (ဆီးချို ရှိသူများတွင်) (high blood sugar)
.
ရေရှည်အသုံးပြုလျှင်.. 
  • မျက်လုံးအိမ်တွင် ဖိအားများခြင်း (glaucoma)
  • ရေတိမ်ဖြစ်ခြင်း (cataracts)
  • ဆီးချိုတက်ခြင်း (high blood sugar)
  • အရိုးပွခြင်း (osteoporosis)
  • အခြားရောဂါပိုးများ ၀င်ရောက်နိုင်ခြင်း (immunosuppression)
  • ပင်ပန်းနွမ်းလျခြင်း (fatigue)
  • အဆီများ စုပုံလာခြင်း (မျက်နှာ၊ ပခုံး၊ ဝမ်းဗိုက်) (moon face)
.
ဒီလို ဘေးထွက်ဆိုးကျိုးများရှိနိုင်တာကြောင့် 
ဒက်စာမီတာဇုံး (Dexamethasone)၊
ပရက်နီဆိုလုံး (Prednisolone)ဆေး တို့ကို
ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ အသုံးပြုကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါသည် ခင်ဗျာ။
.
ကိုဗစ်−၁၉ ရောဂါမှ အမြန်ဆုံးကင်းလွှတ်ပါစေ ခင်ဗျာ 🙏🙏🙏
လေးစားစွာဖြင့် 
Dr. ကျော်ဇောဟိန်း (၉.၇.၂၀၂၁) 
Special thanks to Dr. Phyu Nwe 
Ref: 
* National Institute for Health and Care Excellence (NICE)
* Mayo Clinic

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

Sinopharm ကာကွယ်ဆေး သိထားသင့်သည့်အချက်များ

တရုတ်ပြည် Sinopharm က BBIBP-CorV ဆိုပြီး ပုလင်းပေါ်မှာ CNBG တံဆိပ်နဲ့ထုတ်ပါတယ်။ WHO က အသိအမှတ်ပြုထားပြီပြီလား❓ ပြီးခဲ့တဲ့မေလ ၇ ရက်နေ့တုန်းက အသိအမှတ်ပြုခဲ့ပါတယ်။ ဝမ်းသာစရာပါ။ #ဘယ်အပိုင်းကိုအရင်ဆုံးသိထားသင့်တာလဲ ဘယ်ကာကွယ်ဆေးပဲထိုးထိုး ထုတ်လုပ်မှုအပိုင်းကို #သိကိုသိထားရပါမယ်။  တရုတ်ပြည်ထုတ် Sinoparm, SinoVac နဲ့ အိန္ဒိယပြည်ထုတ် Covaxin တို့ဟာ inactivated vaccine တွေအဖြစ် နည်းပညာတူကြပါတယ်။ အရင်ဆုံး Covid-19 ကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နမူနာကို အာဖရိကန်မျောက် African green monkey 🐒 ရဲ့ ကျောက်ကပ်ဆဲလ်တွေထဲမှာ အများကြီးရအောင် ပွားများမွေးမြူပါတယ်။ အဲ့ဒီရလာတဲ့ ဗိုင်းရပ်စ်တွေကို filter ဇကာနဲ့ စစ်ထုတ်လိုက်ပြီး BPL bea-propiolactone (ဘီတာပရိုပီရိုလက်တုန်း) ထဲမှာ နှစ်ချလိုက်ပါတယ်။ 🦠 ဗိုင်းရပ်စ်ပိုးတွေ #သေသွားအောင်လုပ်တာပါ။ ပြီးတဲ့အခါမှာ aluminum-based adjuvant  နဲ့ရောပါတယ်။ adjuvant ဘာလို့ရောရတာလဲဆိုတော့ ကိုယ်ခန္ဓာရဲ့ ရောဂါခုခံအားတုန့်ပြန်မှုအားပေးစေတဲ့ပစ္စည်းဖြစ်လို့ပါ။ ပြီးရင် excipients ရောလေ့ရှိပါတယ်။ ဆေးထုထည်ပမာဏကိုတိုးစေပြီး မပျက်စီးပဲ တည်ငြိမ်မှုရှိစေဖို့ပါ။  အပေါ်ကနှစ...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...