Skip to main content

ကိုဗစ်−၁၉ ၊ ဒက်စာမီတာဇုံးဆေး၏ ဘေးထွက်ဆိုးကျိုးများ

ကိုဗစ်−၁၉ မှာ အသုံးပြုတဲ့ ဒက်စာမီတာဇုံး (Dexamethasone)ဆေးဟာ ဘေးထွက်ဆိုးကျိုးများလည်း ပြင်းထန်နိုင်တာကြောင့်မိဘပြည်သူများ ရှောင်ရှားနိုင်ရန် အလို့ငှာရေးသားလိုက်ပါတယ် ခင်ဗျာ။


.
သုတေသနတွေ့ရှိချက်တွေအရ ဒက်စာမီတာဇုံး (Dexamethasone)ဆေးဟာတချို့ လူနာတွေမှာသေဆုံးမှုနှုန်းကို လျော့ကျစေနိုင်ပါသည်။
.
သို့သော် .. အသုံးပြုသင့်သည့် လူနာ အုပ်စု (၂) စုမှာ
၁။ အောက်စီဂျင် ရှူနေရသူများ
၂။ အောက်စီဂျင် အမှန်တကယ် လိုအပ်နေသူများ (သို့သော် အကြောင်းအမျိုးမျိုးကြောင့် အောက်စီဂျင် မရရှိနိုင်ခြင်း) ဖြစ်ပါတယ်။
ကိုဗစ်ရောဂါနဲ့  ဘေးထွက်ဆိုးကျိုးနှိုင်းယှဉ်လျှင် လူနာသက်သာစေမယ်ဆိုပါက ဆရာ၀န် ညွှန်ကြားချက်အတိုင်း 
အသုံးပြုရမှာ ဖြစ်ပါတယ် ခင်ဗျာ။

.ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးများ
.
ရေတိုအသုံးပြုလျှင်...
  • ခြေ၊လက် ရောင်ရမ်းခြင်း (fluid retention)
  • သွေးတိုးခြင်း (high blood pressure)
  • စိတ်အတက်၊ အကျဖြစ်ခြင်း (mood swings)
  • အစာအိမ်နာခြင်း(upset stomach)
  • ဝက်ခြံထွက်ခြင်း(acne)
  • ဆီးချို၊ သွေးချိုတက်ခြင်း (ဆီးချို ရှိသူများတွင်) (high blood sugar)
.
ရေရှည်အသုံးပြုလျှင်.. 
  • မျက်လုံးအိမ်တွင် ဖိအားများခြင်း (glaucoma)
  • ရေတိမ်ဖြစ်ခြင်း (cataracts)
  • ဆီးချိုတက်ခြင်း (high blood sugar)
  • အရိုးပွခြင်း (osteoporosis)
  • အခြားရောဂါပိုးများ ၀င်ရောက်နိုင်ခြင်း (immunosuppression)
  • ပင်ပန်းနွမ်းလျခြင်း (fatigue)
  • အဆီများ စုပုံလာခြင်း (မျက်နှာ၊ ပခုံး၊ ဝမ်းဗိုက်) (moon face)
.
ဒီလို ဘေးထွက်ဆိုးကျိုးများရှိနိုင်တာကြောင့် 
ဒက်စာမီတာဇုံး (Dexamethasone)၊
ပရက်နီဆိုလုံး (Prednisolone)ဆေး တို့ကို
ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ အသုံးပြုကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါသည် ခင်ဗျာ။
.
ကိုဗစ်−၁၉ ရောဂါမှ အမြန်ဆုံးကင်းလွှတ်ပါစေ ခင်ဗျာ 🙏🙏🙏
လေးစားစွာဖြင့် 
Dr. ကျော်ဇောဟိန်း (၉.၇.၂၀၂၁) 
Special thanks to Dr. Phyu Nwe 
Ref: 
* National Institute for Health and Care Excellence (NICE)
* Mayo Clinic

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...