Skip to main content

မိမိဘာသာ ကိုဗစ်ကုနည်း (၁)

Third Wave မှာ ကိုယ်တိုင်ရော မိသားစုတွေရော ကိုဗစ်ဖြစ်သွားတဲ့အခါမှ လေ့ကျင့်ခန်းတွေနဲ့ ကိုဗစ်ကို ဘယ်လို ထိထိရောက်ရောက် ကုလို့ရတယ်ဆိုတာ သေချာသိသွားပါတယ်။
(ရှေ့ နှစ် waves မှာတုန်းက စာတွေဖတ်ပြီး Pulmonary Rehab and Exercises ကို ကိုယ့် specialty မို့
လူတတ်ကြီးလုပ်ခဲ့ပေမယ့် လက်တွေ့ကျတော့တကယ်လုပ်ရတာက မလွယ်ပါဘူး 😅)
အခု နေသေချာကောင်းလာတော့မှ တကယ်အကျိုးရှိပြီး အမြန်သက်သာစေနိုင်တဲ့ နည်းလေးတွေကို ရှာဖွေ
မျှဝေပေးလိုက်ရပါတယ်။
တတ်နိုင်သလောက်တော့ လွယ်ကူရှင်းလင်းအောင်လုပ်ပြီး လူတိုင်းနားလည်လုပ်ဆောင်နိုင်အောင်လည်း ကြိုးစားထားပါတယ်။
✴ အခုလို ဘယ်သွားပြီး ဘာလုပ်ရမှန်းမသိတဲ့ အချိန်မှာဆိုရင် သည်လေ့ကျင့်ခန်းတွေက နတ်ဆေးတစ်ပါးလို အသုံးဝင်မှာပါ။
ကြိုးစားလုပ်ကြည့်ပေးပါ။
👉 တကယ်သက်သာပါတယ်။
👉 ပြန်လည်သန်စွမ်းရေးဆရာဝန် တယောက်အနေနဲ့ရော ကိုဗစ်ဖြစ်ဖူးတဲ့ လူတစ်ယောက်အနေနဲ့ရော စာတွေ၊ လက်တွေ့ နှစ်ခုစလုံး ထောက်ခံပါတယ်။
✅အနည်းဆုံးတော့ မောတာကျပ်တာ သက်သာပါလိမ့်မယ်။
✅သေသေချာချာ လိုက်လုပ်​ပေးရင် သွေးတွင်းအောက်ဆီဂျင်ပမာဏ ပါတက်နိုင်ပါလိမ့်မယ်။
✅ Mild, Moderate, Severe Level သုံးခုလုံး လုပ်လို့ရပါတယ်။ (Very Severe မှာတော့ Direct Recommendation မပေးချင်ပါဘူး။ Modified techniques နဲ့သွားရမယ်ထင်ပါတယ်)
သတိပြုရမယ့်အချက်တွေကတော့
⚛လူနာစောင့်အနေနဲ့ ဘေးကနေလုပ်ပေးမယ်ဆိုရင် နှာခေါင်းစည်းသေချာတပ်ပြီး လူနာပါးစပ်နဲ့ တိုက်ရိုက်မတွေ့မယ့် အနေအထားကနေ ပြုလုပ်ရပါမယ် (အခု video ကတော့ သရုပ်ပြတာပဲမို့ မတပ်ထားတာဖြစ်ပါတယ်)
⚛လူနာအနေနဲ့ကတော့ ပြုလုပ်နေစဥ် နှာခေါင်းစည်းချွတ်ထားပြီး ပြီးမှ ပြန်တပ်ရမှာဖြစ်ပါတယ်
⚛တကယ်လို့ ဘေးကလုပ်ပေးမယ့်လူမရှိရင်လည်း မိမိဘာသာ ဘေးစောင်းပုံစံနဲ့ပဲ ကျောရဲ့ဘေးဘက်ကို ပုတ်ပြီး ပြုလုပ်ပေးလို့ရပါတယ်
သည်လိုကိုဗစ် နဲ့ပတ်သက်ပြီး၊
သည်လိုမျိုး လေ့ကျင့်ခန်းတွေနဲ့
ပတ်သက်ပြီး သိချင်တာ မရှင်းတာရှိရင် ကျနော့်ဆီကို cb ကနေ ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်။
ကြိုးစားဖြေပေးပါ့မယ်။
(နောက်ကျန်တဲ့ အပိုင်းတွေမှာတော့ ကျန်တဲ့ လေ့ကျင့်ခန်းတွေ ထပ်တင်ပေးပါမယ်)


Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...