Skip to main content

Awake Prone Position for self-care of Covid-19 Patients

Covid-19 ကြောင့် အသက်ရှူခက်ခဲလာလျှင် /အောက်ဆီဂျင်ကျလာလျှင် မိမိနေအိမ်တွင် ပြုစုလို့ရနိုင်မည့် နည်းလမ်းအချို့ကို ပုံနှင့်တကွ ဖော်ပြထားပါတယ်။
Covid19 ဖြစ်ပြီး အသက်ရှူရခက်သူများ / အောက်စီဂျင်ကျနေသောသူများ(SpO2 94အောက် ) သည် ပုံမှန် ပက်လက်အိပ်သည့်အနေအထားမျိုးမဟုတ်ပဲ အောက်ဖော်ပြပါ အနေအထား(4)မျိုးကို တစ်ခုချင်းစီ အနည်းဆုံး မိနစ်(30)ကြာ တစ်လှည့်စီ လုပ်ဆောင်သင့်သည်။
ပုံ(1)မှ(4)ထိ အဆင့်ဆင့်ပုံပါအတိုင်း စနစ်တကျ မိမိနေအိမ်တွင်ပြုလုပ်ပေးခြင်းဖြင့် အဆုတ်ထဲ အောက်ဆီဂျင်ရရှိမှုကို ပိုမိုထိရောက်စေသလို, အသက်ရှူစက်( Ventilator) ဖြင့် အရေးပေါ်ငှာနတွင် ဆေးရုံတက်ကုသနေသော လူနာများအတွက်လည်း အကျိုးများစေပါသည်။
( သို့သော် သတိမကောင်းသော လူနာများ လုံးဝ မပြုလုပ်ရပါ.. အောက်ဆီဂျင်ကျ၍ သတိမကောင်းသော လူနာများသည် ဖြစ်နိုင်လျှင် အရေးပေါ် ​ဆေးရုံတင်ပြီး ကုသရမည့် အခြေအနေဖြစ်သည်) 


ပုံ1. ဝမ်းလျားမှောက်အနေအထား (Prone Position) ဖြင့်ခေါင်းအောက် / ဗိုက်အောက်/ ညို့သဂျီး အောက်တွင် ပုံပါအတိုင်း ခေါင်းအုံးတစ်လုံးစီခု၍ အနည်းဆုံး မိနစ်(30) ခန့်နေပါ။
ပုံ2.ညာဘက်တစ်စောင်းပုံ လှဲလျက်အနေအထား ဖြင့် အနည်းဆုံး မိနစ်(30)ခန့် ပြောင်းပေးပါ။
ပုံ3. ထိုင်လျက်အနေအထားဖြစ်အောင် ကျောနောက်တွင် ခေါင်းအုံး(2)လုံး (3)လုံးခန့် သင့်တော်သလို မှီ၍ အနည်းဆုံးမိနစ် (30)ခန့် နေပါ။
ပုံ4. ဘယ်ဘက်တစ်စောင်းပုံ လှဲလျက်အနေအထားဖြင့် အနည်းဆုံး မိနစ်(30)ခန့် နေပါ။ထို့နောက် ပုံ (1) အတိုင်း ပြန်လည်လုပ်ဆောင်ပါ။
အဆင့်တစ်ခုချင်းစီတွင် အနည်းဆုံး မိနစ် (30)မှ အလွန်ဆုံး(2)နာရီခန့် နေနိုင်ပါသည်။
ပုံ(1)မှ ပုံ(4)အထိ ပျမ်းမျှ (4)နာရီခန့် ကြာပါမည်။
ပုံ(1)မှ ပုံ(4)ထိ တစ်ကြိမ်ပြီးတိုင်း အစာစားခြင်း/ အပေါ့အလေးသွားခြင်းများ (1)နာရီနားချိန်အတွင်းပြုလုပ်နိုင်ပါသည်။
ပုံ(1)မှ ပုံ(4)ကို တစ်ဆင့်ခြင်းပြုလုပ်နေစဥ်တွင် အဆင့်တစ်ခုခုတွင် နာကျင်ခြင်း ,နေရထိုင်ရခက်ခြင်းများဖြစ်ပါက ထိုအဆင့်ကို ကျော်လုပ်နိုင်ပါသည်။
အစာစားပြီး (1)နာရီခြားပြီးမှ စပြီး ပြုလုပ်ရန်ဖြစ်ပါသည်။
မှတ်ချက်(ရှောင်ကြည်ရမည့်လူနာများ).. သတိမကောင်းသောလူနာများ/ ကိုယ်ဝန်ဆောင်များ / သွေးပြန်ကြောသွေးခဲသည့်ရောဂါရထားသူများ/ နှလုံးညှစ်အားနည်းရောဂါကဲ့သို့လှဲအိပ်လျှင်အမောဖောက်နိုင်​သောသူများ / ကျောရိုး(သို့)တင်ပါးစုံရိုး ကျိုး/အက်ဖူးသူများ အစရှိ​သောလူနာများအနေဖြင့်တော့ ထိုသို့ ပြုလုပ်ရန် လုံးဝမသင့်တော်ပါ။
ပုံပါအတိုင်းပြုလုပ်စဥ် အဆင့်တစ်ခုခုတွင် နာကျင်လာခြင်း, နေရထိုင်ရပိုခက်လာခြင်း, အမောပိုဖောက်လာခြင်းများရှိပါကလည်း နီးစပ်ရာဆရာဝန်(သို့)ကျွမ်းကျင်သူနှင့် ချက်ချင်းတိုင်ပင်ပါ။
ပြည်သူအပေါင်း ကျန်းမာချမ်းသာပါစေ။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...