Skip to main content

Assessing Covid-19 symptoms

ခု NUG ကပြနေတဲ့ Webinar မှာနားထောင်ပြီး ပြန်ရေးထားတာပါ။

Non medical personnel တွေအတွက်လည်း အဆင်ပြေမယ်ထင်ပါတယ်။ 

ဒါလေးတွေသိထားရင်တော့ ဆရာဝန်နဲ့ teleconsultation call ပြောရင် ဟိုဘက်က ဆရာဝန်အတွက်လည်း အဆင်ပြေပြီး ဘာလုပ်ရမလဲဆိုတာ မြန်မြန်ဆုံးဖြတ်ပေးနိုင်ပါတယ်။ 

Feel free to copy and repost. Credit ပေးစရာမလိုပါ။ 

🔴History of contact 

  1. Symptom က ဘာနဲ့စတာလဲ
  2. ဖြစ်တာဘယ်လောက်ကြာပြီလဲ
  3. ဖြစ်နေတဲ့ symptom တွေထဲမှာ ဘယ် symptom က အဆိုးဆုံးလဲ

🔴Symptoms 

  • ချောင်းဆိုး (dry or wet cough) 
  • ဆေးလိပ်သောက်လား
  • ချောင်းဆိုတာ အရမ်းဆိုးလား 
  • (စစချင်းနဲ့ အခုနဲ့ ယှဥ်ပြီးပြောပါ)
  • မျက်နှာရဲတဲ့ထိဆိုးလား
  • သွေးပါလား
  • သလိပ်ထွက်လား 

✅ဖျား

(low grade fever) 

  • ချမ်းတုန်ဖျားလား
  • fever ဘယ်လောက်ရှိလဲ 

✅Breathing 

  • အခု အသက်ရှူနေရတဲ့ အခြေအနေကိုပြောပေးပါ
  • အရင်တုန်းကရော ဖြစ်ဖူးလား (မောတာမျိုးရှိဖူးလား) 
  • -လမ်းနည်းနည်းလျှောက်ရုံနဲ့ မောလား

✅စစချင်းဖြစ်တဲ့နေ့ကနဲ့ symptom တွေပိုဆိုးလာလား 

  • (ပိုနှုံလာလား၊ ချောင်းပိုဆိုးလာလား၊ အဖျားကရော တက်လိုက်ကျလိုက်လား၊​ ဆက်တိုက်ဖျားနေလား) 
  • ကိုယ်ပေါ်မှာ အစက်အပျောက်တွေထွက်လား

🔴တခြားရှိတဲ့ရောဂါများ 

  • ဆီးချို သွေးတိုး ပန်းနာရင်ကြပ် နှလုံး 
  • ကိုယ်အလေးချိန်က ပုံမှန်လို့ပြောမလား ပိန်လွန်းနေတာ 
  • ငှက်ဖျားဖြစ်ဖူးလား
  • စွဲသောက်နေတဲ့ဆေးတွေရှိလား
  • မတည့်တဲ့ဆေးရှိလား 

🔴How do you feel right now? 

  • လူက ခုချိန်မှာ လန်းလား တက်တက်ကြွကြွရှိလား 

🔴Severity (ပိုဆိုးလာလား ဆန်းစစ်ရန်) 

  • နှုတ်ခမ်းအရောင် လက်ချောင်းအရောင် ပြောင်းလဲတာမျိုးရှိလား 
  • လက်ချောင်းတွေ ခြေချောင်းတွေ အေးတာမျိုးရှိလား 
  • အသက်ရှူတဲ့ချိန်မှာ ပုံမှန် အသက်ရှူသံမဟုတ်တဲ့ တရွှီရွှီမြည်သံကြားလား 
  • လမ်းလျှောက်ရင်မောတယ်လို့ပြောတော့ အိမ်ထဲမှာပဲ ခြေလှမ်း ၄၀ လောက်လျှောက်ကြည့်ပေးပါ
  • (နည်းနည်းပိုမောသွားလား၊ ခဏလေးနားပြီးရင်ရော စကားပြောတာပိုမောသွားတာမျိုး၊​ နားလိုက်ရင်သက်သာသွားလား
  • ရုတ်တရက်ထလိုက်ရင် မူးသွားတာမျိုးရှိလား 
  • ဆီးနည်းသွားတာမျိုးရှိလား 
  • မမောပဲနဲ့ oxygen တွေဆက်တိုက်ကျနေတာမျိုးသတိထားပေးပါ (Silent hypoxia) 

🔴Examination 

  • ခုလက်ရှိ spO2 and pulse rate
  • ခြေလှမ်း ၄၀ လောက်လျှောက်ပြီး ရတဲ့ spO2 နဲ့ pulse rate  
  • နားလိုက်ရင် ပုံမှန်ပြန်ဖြစ်သွားလား 
  • အသက်ရှူနှုန်းတိုင်းပါ 

🔴Danger signs (ဒီလိုရောဂါလက္ခဏာတွေပေါ်လာရင် ပိုပြီးသတိထားပါ) 

  • မောလို့စကားတစ်ကြောင်းကို ဆုံးအောင်မပြောနိုင်ဘူး
  • ၁ နာရီလောက်အတွင်းမှာ ရုတ်တရက်ဆိုးရွားသွားတယ်
  • အောက်စီဂျင် ၉၂ အောက်ရောက်သွားတယ် 
  • ချောင်ဆိုးရင် သွေးပါလာတယ်
  • နှုတ်ခမ်းတွေ မျက်နှာတွေပြာလာတယ်
  • အသားတွေအေးစက်လာပြီး ဖြူဆုတ်ဆုတ်ဖြစ်လာတယ်
  • မူးလဲချင်သလိုခံစားရတယ်
  • တအားနှုန်းပြီး မထနိုင်လောက်အောင်ဖြစ်လာတယ်
  • ဆီးနည်းသွားတယ် သို့မဟုတ် ဆီးကိုမသွားတော့ဘူး 

🔴Oxygen level တစ်ခုထဲတင်မဟုတ်ဘဲ temperature (ကိုယ်ပူချိန်) pulse rate (သွေးခုန်နှုန်း) respiratory rate (အသက်ရှူနှုန်း) blood pressure (သွေးပေါင်ချိန်) urine output (ဆီးသွားတာနည်းသွား/မသွား) 

ဆီးချိုရှိတဲ့သူဆို သွေးတွင်းသကြား level (RBS) ခါတိုင်း တိုင်းသလိုတိုင်းပါ။ (dexa သောက်နေတဲ့သူဆိုရင် အနည်းဆုံး alternate day လုပ်ပေးပါ) 

✅မှောက်ရက်အိပ်တာမျိုးကို ၄ နာရီလောက်ထိ  ကြားထဲမှာ ၁ နာရီလောက်နားပြီး အိပ်ပေးပါ။ (ICU care အထူးကြပ်မတ်ကုသဆောင်ရောက်နိုင်စွမ်းကို လျော့စေပါတယ်) 

❌❌❌ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေ၊ dexa တွေသောက်တာ၊ oxygen ကိုတိုးရှူတာမျိုးမလုပ်ပါနဲ့။ 

✅✅✅ရောဂါရှိနေကြောင်းမလိမ်ပါနဲ့ ကိုယ့်ကူးစက်နိုင်ချေကိုလျော့မတွက်ပါနဲ့ ရောဂါလက္ခဏာ contact history တွေကိုလည်း လျှော့ပြီးမပြောပါနဲ့ အရှိကိုအရှိအတိုင်းပြောပါ စိတ်အပူလွန်းပြီး တိုးပြောတာမျိုးလည်း မဖြစ်ပါစေနဲ့။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...