Skip to main content

Antibiotics and salbutamol in COVID

အခုတလော အမေးများတဲ့ ဆေး၂မျိုးပါ။

ဒီဆေးတွေဟာ ပုံမှန်အားဖြင့်ဆိုရင် ဆရာဝန်ကိုယ်တိုင်ကြီးကြပ်ပြီး ညွုန်ကြားရတဲ့ ဆေး (prescription only) ပါ။

ယခု မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ဒီဆေးတွေကို အိမ်မှကုနေရတဲ့ လူနာတွေအတွက် ညွုန်ကြားနေရပါပြီ။ လူနာ အနေနဲ့ကတော့ ကောင်းတယ်ဆို သုံးချင်တာပါဘဲ။ သိချင်တာကာ ကောင်းလားမကောင်းလားဘဲ။ ဒီဆေး ၂မျိုးလုံးက ကိုဗစ် လူနာတယောက်ထဲမှာတောင် လိုတဲ့အချိန် ကောင်းတဲ့ အချိန်ရှိတယ်  မသင့်တော်တဲ့ အချိန်ဆိုတာရှိပါတယ်။ ဒါ့ကြောင့် နည်းနည်းရှင်းပြပါရစေ။

Antibiotics  ဆိုတာ anti-bacterial ဘက်တီးရီးယားပိုးသတ်ဆေးပါ။ 

ကိုဗစ်က ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ ဒါပေမဲ့ ကိုဗစ် ဗိုင်းရပ်စ်ပိုး ကြောင့်အဆုတ်ရောင် နေမကောင်းဖြစ်တဲ့ လူနာတချို့မှာ ဘက်တီးရီးယားပိုးကြောင့် ပါတွဲပြီး အဆုတ်ရောင်တတ်ပါတယ်။ ဒါ့ကြောင့် ကိုဗစ်ကြောင့် ပြင်းထန်အဆုတ်ရောင်တဲ့လူနာတွေမှာ ဆရာဝန်တွေက antibiotics ကို သောက်ခိုင်းပါတယ်။ တချ်ု့ကလည်း မသောက်နဲ့ ညွုန်းပါတယ်။ လူနာတွေ ဘာလုပ်ရမှန်းမသိဖြစ်ပါတယ်။

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ အကျိုးက ပိုများနေတယ်လို့ ယူဆရင် ဘေးထွက်ဆိုးကျိုးရဲ့ အန္တရာယ် ကို သိသိကြီးနဲ့ ယူကြပါတယ်။ ဒါဆိုရင် က်ုဗစ်ရောဂါလူနာမှာ antibiotics ပေးခြင်းဖြင့် 

ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ?

- ဘက်တီးရီးယားပိုးပါရှိနေရင် ရောဂါသက်သာဖို့ ပိုကောင်းပါတယ်။ တကယ်လို့ ဘက်တီးရီးယားပိုး ရှိနေတာကို မကုမိရင် လူနာသေဆုံးနိုင်ပါတယ်။

ဒါဆို antibiotics ရဲ့ ဆိုးကျိုးတွေကဘာလဲ?

- မလိုအပ်ဘဲ သောက်မိရင် ရောဂါ မသက်သာပါဘူး

- ဆေးနဲ့မတဲ့ဘဲ anaphylactic shock ဖြစ်တဲ့သူရှိပါတယ်

- အနည်းဆုံးတော့ အစားအသောက်ပျက်တယ်၊ နုံးတယ်၊ အန်ချင်တယ်၊ ဝမ်းလျောတယ်  …. ကိုဗစ်ရဲ့ လက္ခာဏာမျိုးတွေ ပိုဆိုးလာပါတယ်။

- အရေးကြီးတာကတော့ ကိုဗစ်ဖြစ်ပြီး ရက်ကြာလာတဲ့ အခါ ဘက်တီးရီးယားပိုးဝင်လာကို လည်း အစပိုင်းကြိုတ်သောက်ထားခြင်းဖြင့် မကာကွယ်နိုင်တဲ့ အပြင်  ဆေးမတိုးတဲ့ပိုး antibiotics-resistant bacterial infection တွေ ဖြစ်စေလို့ အသက်အန္တရယ် ပိုကြီးပါတယ်။

- နောက်အရေးကြီးတာတခုက ကုန်ကျစားရိတ်ဖြစ်ပါတယ်။ နောက်ဆုံးပေါ်antibiotics ထိုးဆေးတွေဟာ စျေးအရမ်းကြီးလို့ one course ဆိုရင် သိန်းရာနဲ့ချီ ကျနိုင်ပါတယ်။ တကယ်အကျိုးမရှိဘဲ စိုးရိမ်တယ်ဆိုတိုင်း မပေးသင့်ပါဘူး။

ဒါ့ကြောင့်မို့ ကောင်းမွန်အဆင့်မြင့်တဲ့ကုထုံးတွေမှာဆိုရင် -

၁) antibiotics ဟာ ကိုဗစ်လူနာတိုင်းအတွက်၊ အထူးသဖြင့် early COViD အစပိုင်းမှာ မပေးဖို့ သတိပေးထားကြပါတယ်။

၂) antibiotics လိုမလို ကို သေသေချာချာ ချင့်ချိန် အကျိုးအပြစ်စဉ်းစားပြီး မှပေးကြဖို့ ဖြစ်ပါတယ်။

ဒါဆို ကျနော်တို့ ဘယ်လို စဉ်းစားကြသလဲ?

- လူနာ က ဖျားတယ် ချောင်းဆိုးတယ် မောတယ် ပေါ့။ ဒါဟာ ကိုဗစ် ရော ဘက်တီးရီးယား ရော မခွဲနိုင်ပါဘူး။ ဒါပေမဲ့ ကိုဗစ်မှာ သလိပ် မထွက်သလောက်ဘဲ။ ထွက်ရင်တောင်  အဖြူ (သို့) တံတွေးလို အကြည်ဘဲထွက်ပါတယ်။  သလိပ်က အစိမ်းရောင် / အဝါရောင်ဖြစ်လာရင် ဘက်တီးရီး ပါ ရှိလာဖို့များတယ်။

- သွေးဖေါက်စစ်ရင်  သွေးဖြူဥ တမျိုးဖြစ်တဲ့ neutrophil များနေရင် (သို့) အရမ်းနည်းနေရင် ဘက်တီးရီးယားဖြစ်နိုင်တယ်။ lymphocytes ကျနေရင် ကိုဗစ်ကြောင့်ပါ။

- CRP ဆိုတဲ့ ကိုယ်ခန္ဒာအတွင်း ရောင်နေတာကိုပြတဲ့ ပရိုတင်းတွေ၂ ခုလုံးမှာတက်ပေမဲ့ ဘက်တီးရီးယားပိုးမှာ အရမ်းတက်တယ်။ ကိုဗစ်မှာ တရာကျော် လောက်တက်ပေမဲ့ ဘက်တီးရီးယားမှာ ၃၀၀-၄၀၀ လောက်တက်တယ်။

- Procalcitonin ဆိုတာကတော့ တက်ရင် ဘက်တီးရားဖြစ်ဖို့ ရာနှုန်းပြည့်နီးပါးပါ။ ဒါပေမဲ့ မြန်မာပြည်မှာ အိမ်မှာကု နေရတဲ့ လူနာအတွက် မဖြစ်နိုင်ပါဘူး။

- ဓါတ်မှန် ရိုက်ကြည့်ရင် ကိုဗစ်အဆုတ်ရောင်တာနဲ့ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်တာ ကို ခွဲခြားလို့ ရနိုင်ပါတယ်။

အခုလို မရှိ ရှိတာ နဲ့ ကုရတဲ့ အချိန်မှာ လူနာအခြေအနေဆိုးလာလို့ ရှိတာအကုန်ထုတ်သုံးလိုက်ရတာတွေရှိနိုင်ပါတယ်။

အကြံပြုရရင်တော့ ကိုဗစ်ဖြစ်ဖြစ်ချင်း antibiotics ပေးစရာမလိုပါ။ 

ပေးချင်းဖြင့် နောင်ဖြစ်လာနိုင်တဲ့ ဘက်တီးရီးယားကို မကာကွယ်ပါ။ နောက်ပိုင်း ရက်ကြာလာမှ လူနာအခြေအနေဆိုးလာရင် အထူးသဖြင့် သလိပ် စိမ်း/ဝါလာရင် ပေးသင့်ပါတယ်။ သလိပ်ကို ပိုးစစ်ဖို့ ဓါတ်ခွဲခန်းပို့ပြီးမှ စပေးရင် ပိုကောင်းပါတယ်။

နောက်တခုကတော့ Azithromycin ဆိုတဲ့ antibiotics ပါ။ အဲ့ဒီ့ဆေးကတော့ ဘက်တီးရီးယားပိုးအတွက်ဆိုပေမဲ့  တချို့တွေက ဗိုင်းရပ်စိ အတွက်ပါကောင်းတယ် ဆိုပြီး  ကိုဗစ်ဖြစ်တာနဲ့ ကြိုသောက်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အရည်အသွေးမြင့်မားတဲ့ သုတေသန တွေ လုပ်ကြတာ ထွက်လာတဲ့အဖြေကတော့ azithromycin ပေးခြင်းဖြင့် ကိုဗစ်ကို သက်သာစေတယ်ဆိုတာ လုံးဝ မတွေ့ပါဘူး။ လုံးဝ recommendation မရှိပါဘူး။ တခြား antibiotics နည်းတူ ဘက်တီးရီးယားထင်လျင် သုံးလို့ရပါတယ်။

Salbutamol (Ventolin)

 မောနေတဲ့ ကိုဗစ် အဆုတ်ရောင်လူနာမှာ အောက်ဆီဂျင် မရှိရင် သုံးလို့ရမလားဆိုတဲ့ မေ:ခွန်းပါ။

ကိုဗစ်မှာ လူနာက မောတယ်ဆိုတာ ၃မျိုးဖြစ်နိုင်ပါတယ်။-

၁) ကိုဗစ်လူနာ က အရမ်းနုံးပါတယ်။ ဒါကို ဘဲ တချို့လူနာက မောတယ်လို့ပြောတတ်ပါတယ်။

၂) နောက်တမျိုးကတော့ ကိုဗစ်လူနာတချို့မှာ လေပြွန်ရောင် ပြီး ချောင်းအရမ်းဆိုးပါတယ်။ ချောင်းကဆက်တိုက်ဆိုးပြီး အသက်တောင်မရှူနိုင် စကားတောင်မပြောနိုင်တဲ့ လူနာတွေရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆုတ်ကမရောင်သေးပါဘူး။အောက်စီဂျင်သွေးထဲမှာမကျပါဘူး။

၃) တတိယတမျိုးကတော့ အဆုတ်ရောင်ပြီး +|- အဆုတ်ထဲ သွေးခဲပြီး အောက်ဆီဂျင်ပါကျပြီး မောတာပါ။

Salbutamol ဆိုတာ အသက်ရှူလမ်းကြောင်းက လေပြွန်တွေရဲ့ ကြွက်သားတွေကို လျော့ကျစေပြီး လေပြွန်ကို ကျယ်စေတဲ့ ဆေးပါ။

အဲ့ဒီတော့ မောနေတဲ့ လူနာတွေမှာ ရင်ကြပ်ပန်းနာလို asthma လိုမျိုး လေပြွန်တွေကျဉ်းနေရင် ဒီဆေးကိုပေးရမှာပါ။ ဒါပေမဲ့ လေပြွန်တွေက ချွဲပိတ်လို့ ကျဉ်းနေရင်တော့ salbutamol ဟာ ဘာမှ အာနိသင်မရှိတာကိုတွေ့ရပါတယ်။

ဒါဆို salbutamol ရဲ့ ဘေးထွက်ဆိုးကျိုးကဘာတွေလဲ?

ဒီဆေးက ကြောက်စရာကောင်းတဲ့ ဆေးတမျိုးပါ။

အသက်ရှူမဝတဲ့ လူနာဟာ 

- အသက်ရှူနှုန်းမြန်တယ်

- နှလုံးခုန်နှုန်းအရမ်းမြန်တယ်

- စိတ်က အရမ်းခြောက်ခြားကတုန်ကရင်ဖြစ်တယ်

- ဒီလိုဖြစ်ရင် ခန္ဒာကိုယ်က ပိုအလုပ်လုပ်ရတယ် အောက်စီဂျင်ပိုလိုတယ်

- အောက်စီဂျင်ကျနေတဲ့ အချိန်မှာ လိုမပ်ချက်ပိုများရင် နှလုံးခုန်မမှန်ဖြစ်ပြီး နှလုံးရပ်တတ်တယ်။

- ပိုတက်စီယမ်ကို ကျစေလို့ နှလုံးခုန်တာမြန် မမှန်ဖြစ်ပြီး ရပ်တတ်တယ်။

ဒါ့ကြောင့်သတိထားပြီးသုံးသင့်ပါတယ်။ ကိုဗစ်လူနာမှာ အရမ်းမောနေပြီး လေပြွန်ကျဉ်းတဲ့လက္ခဏာ (နားကြပ်နဲ့နားထောင်ကြည့်ရင် ရွှီရွှိဆိုကြားရတယ်) ရှိရင် စမ်းကြည့်ချင်ရင် စမ်းကြည့်ပါ။ မသက်သာရင်တော့ ဆက်မသုံးသင့်ပါ။

အခုလို ဆေးပညာအရမ်းဆန်တာတွေ ရေးရတာ လက်ရှိမြန်မာန်ုင်ငံရဲ့ အခြေအနေကြောင့်ပါ။ အမှန်ဆို ဒါတွေဟာ ဆရာဝန်ချင်း ပြောတဲ့စကားတွေပါ။

အသုံးဝင်မယ်ထင်ရင် ကူးယူဝေမျှလို့ရပါတယ်။

အားလုံး ကိုဗစ်ကြောင့် အသက် အန္တရယ်က ကင်းဝေးပြီး သက်သာပျောက်ကင်းကြပါစေ။ 


Credit

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...