Skip to main content

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (9.7.21)



🚩🚩🚩1. အစာအိမ်လေရောဂါနဲ့ စိုးရိမ်ပူပန်မှုများလို့ အရင်ကစိတ်ဆေးသောက်နေရတာပါ တကယ်လို့ကိုဗစ်ဝင်လာရင် ခံနိုင်ပါ့မလား ရှင့်?
- စိတ်ဖိစီးမှုများခြင်းနှင့် စိုးရိမ်ပူပန်မှုက ကိုယ်ခံအားလျော့စေနိုင်ပါသည်။
- သောက်လက်စ ဆေးများကို ပုံမှန် ဆက်သောက်ပြီး ကိုယ်ခံအား မြင့်တက်အောင် နေထိုင်ပါ။ အိပ်ရေးဝဝအိပ်ပါ၊ အသား၊ ငါး၊ အသီးအရွက်တို့ကို အာဟာရဓာတ် စုံလင်မျှတအောင်စားပါ၊ ရေများများသောက်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။

🚩🚩🚩2. အခုလတ်တလော ပြည်သူတွေကြားထဲမှာ အောက်စီဂျင် ပြဿနာတော်တော်တက်နေပါတယ်။ ဆရာ၀န်တွေကလည်း O2 နဲ့ ပတ်သတ်ပြီး တလွဲ post တွေ တင်နေကြတယ်။ ပြီးတော့ Industrial သုံးတွေလည်း ဝယ်‌နေကြတယ်။ မသုံးတတ်ဘဲ ရမ်းသုံးနေကြတော့ မလိုတဲ့ ဘေးတွေ ဖြစ်မှာစိုးလို့ O2 နဲ့ ပတ်သက်တဲ့ ဗဟုသုတ ဆောင်ရန်ရှောင်ရန်တွေ ပြောပြပေးပါလားဗျ။
👉ဖြေ။ ။ ဆေးရုံ၊ ဆေးခန်းများနဲ့ အိမ်များမှာ ကျန်းမာရေးအတွက် အသုံးပြုတဲ့ Pure Oxygen ဟာ (99.5 %) နှင့်အထက် သန့်စင်မှုလိုအပ်ပြီး ဒီလိုသန့်စင်မှုရဖို့ Compression, filtration နဲ့ purification ဆိုတဲ့ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ရပါတယ်။
- အောက်စီဂျင်နဲ့ ပတ်သက်ပြီး အကြောင်းအရာက အင်မတန် ကျယ်ပြန့်ပါတယ်။ အောက်စီဂျင်နဲ့ ပတ်သက်ပြီး မည်သည့်အကြောင်းအရာကို သိလိုပါသလဲ။ ဥပမာ. oxygen ကို အိမ်တွင်း အသုံးပြုပုံ ထားသိုမှု အစရှိသဖြင့် ကဏ္ဍခွဲပြီး မေးပေးစေလိုပါတယ်။ 

🚩🚩🚩3. "ဆရာ ခင်ဗျ၊ အခုလို အောက်စီဂျင် အရေးပေါ်ရှာမရတဲ့အချိန်မျိုးမှာ အောက်စီဂျင် အနည်းငယ်သာကျနေသော ရှူရန်လိုအပ်သော လူနာအတွက် ငါးကန်များတွင် အသုံးပြုသည့် အောက်စီဂျင်စက် (Air Pump) အသေးအား ရေသန့်တွင် ဖြတ်စေပြီး ရှူလျှင် ရနိုင်ပါသလား ခင်ဗျ? ထိုစက်တွင် လေအား အတိုးအလျော့ အတွက်လဲ Volume လေးပါဝင်သည်ကိုတွေ့ရပါသည်၊ အရေးပေါ် မဖြစ်မနေ သုံးစွဲလျှင် ရနိုင်ပါသလား? ပိုပြီး အန္တရာယ် ဖြစ်စေနိုင်ပါသလားခင်ဗျား? စက်သစ်ကိုဝယ်ပြီးလုပ်မှာပါ အရေးပေါ်လိုအပ်လျှင် အဲ့ဒါလေး ဖြေကြားပေးပါခင်ဗျာ ကျေးဇူးတင်ပါသည်"
🚩🚩🚩"မင်္ဂလာပါခင်ဗျ တစ်ခုလောက်မေးခွင့်ပြုပါ အခုတလောအောက်စီဂျင်တွေ မြို့အချို့မှာ(ကိုဗစ်အဖြစ် များနေတဲ့မြို့တွေ) ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ကြားရပါတယ်။ အဲ့ဒါကြောင့် အောက်စီဂျင်အိုး အလွယ်မရနိုင်ရင် ငါးမွေးကန်က စက်နဲ့ရေသန့်ဗူးကြီးနဲ့ချိတ်ပြီး အောက်စီဂျင်ရှူလို့ရကြောင်း လိုင်းပေါ်မှာပျံ့နှံ့လာပါတယ်။ တချို့တွေကလည်း အယုံလွယ်တော့ သေချာမစစ်ဆေးကြဘဲ အလွယ်တကူ လိုက်လုပ်သူတွေရှိနေပါတယ်။ တချို့ရှင်းပြထားတာကတော့ အဲ့လိုမလုပ်သင့်ကြောင်း ငါးကန်ပိုက်ကထွက်တဲ့လေဟာ ရိုးရိုးလေသာဖြစ်ကြောင်း လူနာတွေ အသုံးပြုဖို့အတွက် မသင့်လျော်ကြောင်းပြန်ရေးနေကြတာတွေလည်းရှိပါတယ်။ ဒါကြောင့်အောက်စီဂျင်အိုးအစား ငါးမွေးကန်က လေထုတ်စက်နဲ့ အောက်စီဂျင်ထုတ်လို့မရရင်လည်း ဘာကြောင့်မရနိုင်ဘူးဆိုတာမျိုး၊ ရမယ်ဆိုရင်လည်းဘယ်လို ဆောင်ရွက်ရမယ်ဆိုတာမျိုးကို အများပြည်သူ သိရှိလိုက်နာနိုင်ဖို့အတွက် ပို့စ်တစ်ခုလောက် အမြန်ရေးသားပေးစေလိုပါတယ်။ အမှားကိုအမှန်ထင်ပြီးပြည်သူတွေ လိုက်လုပ်ကြရင် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေဖြစ်ကုန်မှာစိုးလို့ပါ။ စာရှည်သွားတဲ့အတွက်အားနာပါတယ်။ MOH, NUG of Myanmar မှ ဆရာများအားလုံး ဘေးရန်ကင်းကြပါစေ"
 👉ဖြေ။ ။ငါးကန်တွေမှာ သုံးတဲ့ air pump ဆိုတာ လေကို ငါးကန်ရဲ့ရေပြင်ထဲ ပိုက်လိုင်းက တစ်ဆင့် တွန်းပို့ပါတယ်။ ထွက်လာတဲ့ air bubbles လေးတွေက ရေမျက်နှာပြင်ကို လှုပ်ရှားစေပြီး ရေလှိုင်းလေးတွေက ငါးကန်ထဲကို လေပမာဏ ပိုပြီးပျော်ဝင်စေပါတယ်။
- ဒီဖြစ်စဉ်ကနေရတဲ့ အောက်စီဂျင်က pure oxygen သန့်စင်သော အောက်စီဂျင်မဟုတ်ပါ။ ဖုန်မှုန့် နဲ့ ဆီငွေ့ပါတဲ့ မသန့်စင်သော အောက်စီဂျင်ပဲ ထွက်ပါတယ်။
- ဆေးရုံ၊ ဆေးခန်းများနဲ့ အိမ်များမှာ ကျန်းမာရေးအတွက် အသုံးပြုတဲ့ Pure Oxygen ဟာ (99.5 %) နှင့်အထက် သန့်စင်မှုလိုအပ်ပြီး ဒီလိုသန့်စင်မှုရဖို့ Compression, filtration နဲ့ purification ဆိုတဲ့ အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ရပါတယ်။
- air pump ကို အောက်စီဂျင်စက်လို့ အလွယ်ခေါ်ခဲ့တာကြောင့် မှားယွင်း ယူဆမိတာ ဖြစ်ပါတယ်။

Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...