Skip to main content

ကိုဗစ်ရောဂါလက္ခဏာများနှင့်အထွေထွေမေးခွန်းများ (9-7-21)



ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ 
=================================
🚩🚩🚩1. Covid လူနာများဟာ ရောဂါလက္ခဏာပြပြီး တစ်ပါတ်အတွင်းမှာ သက်သာခဲ့ရင်တောင် ဒုတိယအပါတ်မှာ (၈ ရက် မှ ၁၄ ရက်) SpO2 စပြီးကျလာတတ်တယ်ဆိုတာဟုတ်ပါသလား။
- ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတိုင်းဟာ သွေးတွင်းအောက်ဆီဂျင်ကျတာကို မခံစားကြရပါ။
- လေ့လာတွေ့ရှိချက်တွေအရ
👉 ပိုးကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေပြပြီး ပထမတစ်ပတ်ကျော်လွန်ပါက တဖြည်းဖြည်းနဲ့ သက်သာသွားတာကို တွေ့ရပါတယ်။
👉 ၁၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေကတော့ ရောဂါလက္ခဏာပြပြီး  ဒုတိယအပတ်မှ စပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပြီး သွေးတွင်း အောက်ဆီဂျင် SPO2 92% အောက်ကို ကျလာလေ့ရှိကာ ကုသမှုခံယူရလေ့ရှိပါတယ်။
👉 ကျန်တဲ့ ၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများခံစားရလေ့ရှိပြီး လေပြွန်ထဲသို့ အသက်ရှူပိုက်ထည့်သွင်းရသည့် ကုထုံးများဖြင့် ကုသမှု ခံယူရလေ့ရှိကာ အသက်အန္တရာယ်ကြုံတွေ့ရနိုင်ပါတယ်။

🚩🚩🚩2.   ကျွန်မအခုဖြစ်နေတာအနံ့ပျောက်နေပါတယ်။ ဘာစားစား အရသာတော့ရှိပါတယ်။ ဘာရှူရှူ ဘာအနံ့မှမရပါဘူး။ ကိုဗစ်စပြီလားတော့မသိဘူး။ ဘယ်မှအသွားလာမရှိပါဘူး။ တစ်ချက်လောက်ပြောပြပေးပါရှင်။ 
- ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ခံစားရပါက ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်သည်ဟု သတိထားကာ အထူးဂရုပြု နေထိုင်ကြရပါမည်။
👉 ကိုဗစ်-၁၉ ရောဂါပိုးသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ရောဂါပိုးကူးစက်ခံထားရသူ နှာချေချောင်းဆိုးခြင်းမှ ထွက်ပေါ်လာသော အမှုန်အမွှားများမှတစ်ဆင့် အသက်ရှူလမ်းကြောင်းသို့ ဝင်ရောက်ပြီး ကူးစက်ခံရခြင်း ဖြစ်ပါသည်။
👉 ၎င်းအမှုန်အမွှားများသည် စားပွဲ၊ ထိုင်ခုံ၊ ကြမ်းပြင်၊ တံခါးလက်ကိုင် စသည့် မျက်နှာပြင်တို့တွင် တင်ကျန်နေနိုင်ပြီး ၎င်းတို့ကို ကိုင်တွယ်မိသော မသန့်ရှင်းသော လက်မှတစ်ဆင့် အသက်ရှူလမ်းကြောင်းသို့ ဝင်ရောက်ကာ ကူးစက်နိုင်ပါသည်။
👉 တစ်ခါတစ်ရံတွင် ရောဂါလက္ခဏာမပြသေးသော ရောဂါပိုး ကူးစက်ခံထားရသူမှလည်း အခြားသူများထံသို့ ကူးစက်ပျံ့နှံ့စေနိုင်ပါသည်။
- ထို့ကြောင့် ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များဖြစ်သည့် မဖြစ်မနေ နှာခေါင်းပါးစပ်စည်း တပ်ခြင်း၊ ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာလက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းတို့ကို လုပ်ဆောင်ကြရပါမည်။ 

CovidClinicalFeatures
ကိုဗစ်အထွေထွေမေးခွန်းများ 
=================================
🚩🚩🚩1.  ကိုဗစ်ဖြစ်ဖူးပြီးသားသူတွေဟာ နောက်ထပ်အချိန်ဘယ်လောက်ကြာရင် ထပ်ဖြစ်နိုင်လဲဆိုတာ သိချင်လို့ပါ။
- လေ့လာချက်များအရ ကိုဗစ်ဖြစ်ပြီးပြန်လည်ကျန်းမာလာသူတစ်ယောက်တွင် ကိုယ်ခန္ဓာမှ ထုတ်သော ပဋိဇီဝပစ္စည်း (antibody) ကြောင့် အနည်းဆုံး ၃ - ၆ လအထိ နောက်တစ်ကြိမ် ကိုဗစ်ပြန်မဖြစ်အောင် ရောဂါကာကွယ်နိုင်စွမ်း ရှိသည်ဟု သိရပါသည်။ (ကိုဗစ်ဖြစ်ပြီးသူသည်လည်း mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေရပါမည်၊ မိမိတွင် ရောဂါကာကွယ်နိုင်စွမ်းရှိသည်ဟူ၍ ပေါ့ဆ၍ မရပါ)
- ကိုဗစ်ဖြစ်ပြီးသူမှာ နောက်တစ်ကြိမ် ကိုဗစ်ထပ်ဖြစ်တာ ယခုအချိန်အထိ အတွေ့ရနည်းသော်လည်း ကိုဗစ်ရောဂါပိုးမျိုးစိတ်ကွဲများစွာ ပေါ်ပေါက်လာနေသောကြောင့် မတူသော ကိုဗစ်ပိုးမျိုးစိတ် ကူးစက်ခံရပါက နောက်တစ်ကြိမ် ကိုဗစ်ထပ်ဖြစ်နိုင်ပါသေးသည်။ လက်ရှိအချိန်ထိ သုတေသနများပြုကာ လေ့လာနေကြဆဲ ဖြစ်ပါသည်။
- ဒုတိယအကြိမ် ကိုဗစ်ထပ်မံကူးစက်ခံရသော လူနာများကိုလည်း ကမ္ဘာ့ဒေသများ (ဟောင်ကောင်၊ အမေရိကန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ) တွင် တွေ့ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။
🚩🚩🚩2. Oxygen concentrator ဟာ 1-7L ဆိုရင် လုံလောက်ပါသလား? သို့မဟုတ် 10L အနည်းဆုံးဝယ်ထားသင့်ပါသလား? ဝယ်တဲ့အခါမှာ စက်တွေက Medical grade equipment ဖြစ်ဖို့အရေးကြီးပါသလား? ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရနိုင်တဲ့ non-medical grade equipment နဲ့ ဆိုရင်ရော အဆင်ပြေနိုင်ပါသလား?
- Non-medical grade oxygen concentrator က oxygen concentration ကို 30% ကနေ 90% အထိ ပေးနိုင်ပါတယ်။ flow ကို 1 L/min ဖြင့်ပေးမှသာ oxygen concentration 90% ကိုရရှိမှာ ဖြစ်ပါတယ်။ flow တင်လေ oxygen concentration ကျလေ ဖြစ်မှာပါ။
- ထို့ကြောင့် oxygen ပမာဏ များများလိုသောလူနာတွင် medical grade oxygen concentrator ကို ပေးနိုင်မှသာ အ​ကောင်းဆုံးပါ။

Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)

🚩🚩🚩 1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?  - ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ - လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။ - Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။ - လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။ 🚩🚩🚩 2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်" - Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခ...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။...