Skip to main content

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (23.7.21)



🚩🚩🚩1. OXIMETER တိုင်းတာက ညာဘက်လက်ညှိုးကိုပဲ အသုံးပြုပြီး တိုင်းရတာလားရှင့်။

Answer: ညာသန်သူများတွင် ညာဘက်လက်ညှိုးကိုတိုင်းနိုင်ပီး ညာဘက်လက်ခလယ်ကိုလည်းတိုင်းနိုင်ပါသည်။#အဖြေကွာခြားမှု မရှိလှပါ။အရေးကြီးသည်မှာ တိုင်းတာစဥ်အတွင်း လက် မငြိမ်ခြင်း၊လက်ချောင်းတွင်တက်တူးရှိနေခြင်း၊လက်သည်းနီဆိုးထားခြင်း၊သွေးပေါင်ကျသွေးလည်ပတ်မှုမကောင်း၍ခြေဖျားလက်ဖျားအေးစက်ခြင်း၊လက်ချောင်းရေစို ချွေးစိုနေခြင်းများတွင် အဖြေမှားနိုင်ပါသည်။

🚩🚩🚩2. ၁၄ရက်နေ့မှာ အမျိုးသား ဘယ်ဘက်ခြေထောက်လေဖြန်းသလိုဖြစ်ပြီး လမ်းလုံးဝမလျှောက်နိုင်ပါ။ဖင်တစ်ရွတ်တိုက်ပြီး သွားရပါတယ်။၁၆ရက်နေ့ စပြီး နှာချေ၊ လည်ပင်းနာ၊ ခေါင်းကိုက် ၊ ချောင်းဆိုးပြီး ဖျားပါတယ်။၉၇ ၊၉၈ ထက် ပိုမဖျားပါ။၂၀ရက်နေ့မှာ အနံ့မရသလို လျှာလည်း ဖြူပြီး ထုံနေပါတယ်။၂၂ရက်နေ့ တစ်ညလုံး ဝမ်း လျှောပါတယ်။ကျမလည်း ၁၉ရက် ဝန်းကျင် စဖျားပါတယ်။၂၃ရက်နေ့ အနံ့ မရတော့ပါဘူး။အရမ်းအန်တယ်ဖျားတယ် (၁၀၁ ၊၁၀၂)ခေါင်းကိုက်တယ်အစာအိမ်လည်း ဆေးတွေကြောင့် နာပြီး လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ချောင်းဆိုးတယ် (သလိပ်ဟပ်မရပါ)ပန်းနာသမားမို့ အရမ်းကြောက်ပါတယ်အမျိုးသား စဖျားတာနဲ့ အိမ်ထဲပဲနေပါတယ်အပြင်လုံးဝမထွက်တော့ပါကိုဗစ်testက စစ်သင့်လားရှင့်။အမျိုးတွေက ရာသီတုတ်ကွေးပဲ ပြောနေလို့ပါ။(အပိုတွေ လုပ်နေတယ်လို့ ပြောလို့ပါ)စစ်သင့်တယ်ဆိုရင် ခန့်မှန်း ဘယ်ရက်လောက် စစ်သင့်လဲရှင့်။တစ်ယောက်စစ်ရင် လုံလောက်ပြီ။ကျမက စစ်စရာမလိုဘူး လို့ ပြောပါတယ်။ကျမက နောက်မှ ဖျားလို့တဲ့လေ ၊ကျမဘာလုပ်သင့်လဲရှင့်အကြံပေးပါအုံးရှင့် ။

Answer: ကိုဗစ်ကူးစက် မှုဖြစ်ပွာမှု များပြား သောယခုလိုအချိန်မျိုးတွင် အထက်ပါကို

ဗစ်လက္ခဏာများပေါ်ပေါက်ပါက ကိုဗစ်ပိုးရှိမရှိ စစ်ဆေးသင့်ပါသည်။အတူနေမိသားစုဝင်များလည်းစစ်ဆေးသင့်ပါသည်။စစ်ဆေးရာတွင် အဖြေ negative ထွက်သော်လည်း ၁၄ရက် သီးသန့်နေထိုင်ပြီး နောက်ထပ် ၃ရက်မှ ၅ရက်အကြာတွင် ထပ်မံစစ်ဆေးနိုင်ပါသည်။အောက်တွင်ဖော်ပြထားသောလင့်မှအမေးအဖြေများကိုကျေးဇူးပြု၍ ဖတ်ရှုပေးပါ။

https://www.facebook.com/104312615254327/posts/111016727917249

🚩🚩🚩3. ကိုဗစ်ကနေ သက်သာပျောက်ကင်းပြီးတဲ့သူတွေအနေနဲ့ ဘယ်လို medical checkup မျိုး စစ်ဆေးသင့်ပါသလဲ? လှုပ်ရှားနေရင် မောတဲ့ခံစားချက်ကြီးက အခုတပတ်လောက်အထိကို ရှိနေသေးလို့ပါ။

Answer: လေ့လာချက် များအရ ကိုဗစ်ဖြစ်ပွားပြီးသောလူဦးရေ၏ ၁၀ရာခိုင်နှုန်း မှ ၂၀ရာခိုင်နှုန်းခန့်မှာ လပိုင်းထက်ပိုသော ဝေဒနာများခံစားရတတ်သည်ဟုဆိုပါသည်။ ရောဂါပြင်းထန်သူများတွင်သာမကဘဲ သာမန်ဖျားနာရုံလောက်သာ ခံစားရသောသူများတွင်လည်း #လနှင့်ချီ၍ မောခြင်း၊နှုန်းခြင်း ၊ အသက်ရှူမဝခြင်းတို့ခံစားရတတ်ပါသည်။မိမိဘာသာ Medical check up လုပ်မည့်အစား #ဆရာဝန်နှင့်တိုင်ပင်၍ လုပ်ဆောင်ခြင်းကပိုကောင်းပါသည်။ဆရာဝန်နှင့်တိုက်ရိုက်ဆွေးနွေးလိုပါက ဤပို့စ်တွင်ဖော်ပြထားသောလင့်များမှတစ်ဆင့်ဆက်သွယ်နိုင်ပါသည်။

🚩🚩🚩4. Pulse Oximeter များ၏ result မှန် မမှန် ဘယ်လိုစစ်​ဆေးလို့ရပါသလဲ ၊ အသုံးပြုရန် စိတ်ချရမည့် brand ရှိရင် အကြံပြု​ပေးပါ

Answer : Pulse oximeterခေါ်သွေးတွင်းအောက်ဆီဂျင်တိုင်းစက်များသည် ယခုအခါ စျေးကွက်ထဲတွင်ပုံစံအမျိုးမျိုးဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ Pulse oximeter ၏အဖြေအား #သွေးတွင်းရှိအောက်ဆီဂျင်တိုက်ရိုက်စစ်ဆေးနည်း Arterial Blood gas အဖြေနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။ သို့ရာတွင် Arterial blood gas မှာ ယခုလိုအချိန်တွင် အလွယ်တကူစစ်ဆေး၍ ရနိုင်သည့်အရာ မဟုတ်ပါ။ ထို့ကြောင့် လူနာ၏လက္ခဏာပေါ်မူတည်၍စက်အဖြေ မှန်မမှန် အကြမ်းဖျင်းသိနိုင်သည်။ လူနာမှာ မောနေခြင်း၊ခက်ခက်ခဲခဲအသက်ရှူနေရခြင်း၊အသက်ရှူနှုန်းမြန်နေခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း နှင့် လျှာ၊မျက်နှာ၊နှုတ်ခမ်းနှင့်လက်သည်းများပြာလျှင် အောက်ဆီဂျင်ကျသော လက္ခဏာများဖြစ်၍ ထိုသူများတွင် #အောက်ဆီဂျင်ပုံမှန် ( 95%-100%) ဟုစက်တွင်ပြသနေပါက တစ်ခြားစက်တစ်လုံးဖြင့်ပြောင်းလဲစစ်ဆေးသင့်ပါသည်။သို့သော် #မည်သည့်လက္ခဏာမှမပေါ်ဘဲနှင့်အောက်ဆီဂျင်ကျနိုင်သည်ကိုလည်းသတိချပ်သင့်ပါသည်။အမျိုးအစားကောင်းသော oximeter များမှာ ပကတိသွေးတွင်းအောက်ဆီဂျင်အား ၃ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းကွာခြားချက်ဖြင့် တိုင်းတာနိုင်စွမ်းရှိပါသည်။မြန်မာပြည်တွင်ရုံးစိုက်၍ ဆေးပစ္စည်းဖြန့် ဖြူးသည့်ကုမ္ပဏီများမှ ဖြန့်ဖြူးသည့် oximeter များမှာအရည်အသွေးမဆိုးလှပါဟု

အကြမ်းဖျင်းဖြေဆိုရပါလိမ့်မည်။

🚩🚩🚩5. "ဆရာရှင့် အမေက oximeter တွေ တိုင်းရင် အသက် ဖြည်းဖြည်း ညှင်းညှင်းပဲ ရှုလို့လား မသိဘူး ။ စက်က လှိုင်းလေးတွေက မလှုပ်ဘူး ။ စက်တွေ ပြောင်းတိုင်းလည်း မမှန်မကန် နံပတ်တွေ ထွက်တာ များတယ် အဲ့ဒါ ဘာဖြစ်တာလဲရှင့် ? Oximeter က deep breath မရှုနိုင်ရင် တိုင်းလို့ မရဘူးလားရှင့် ?ကျမတိုင်းလည်း အသက် ပြင်းပြင်း တချက်လောက် ရှုပေးမှ လှိုင်းလေးတွေ လှုပ်လာပြီး နံပတ်တွေ ပြပါတယ် မဟုတ်ရင် လှိုင်းတွေက တတန်းတည်း နဲ့ လုံး၀ မလှုပ်ပါဘူး"

Answer: Oximeter ၏ သဘောသဘာဝမှာ သွေးလွှတ်ကြောအတွင်းရှိ အောက်ဆီဂျင်သယ်ယူနိုင်သည့် သွေးနီဥအချိုးအစားကို အလင်းရောင်ဖြတ်ပြီး တစ်ဖက်မှ အာရုံခံခြင်းဖြင့် သွေးတွင်းရှိ အောက်ဆီဂျင် အချိုးအစားကိုတွက်ချက်ယူခြင်းဖြစ်ပါသည်။စက်ပေါ်တွင်လှိုင်းကလေးတွေပေါ်ရပါမည်။လူနာမှာပုံမှန်အတိုင်းအသက်ရှူရန်သာလိုအပ်ပါသည်။လက်ငြိမ်ငြိမ်မထားခြင်း၊သွေးပေါင်ကျ၍သွေးလျှောက်နည်းကာ လက်ချောင်းလေးများအေးစက်နေလျှင် လှိုင်းပုံစံ ( wave form) ကောင်းကောင်းမပေါ်ဘဲ အဖြေမှားနိုင်ပါသည်။ လူနာတွင်တိုင်းတာပုံမှန်ကန်ပါက အမျိုးအစားကောင်းသော နောက်စက်တစ်မျိုးနှင့်ထပ်မံစမ်းသပ်ကြည့်ပါ။မည်သို့သောသူများတွင်အဖြေမှားနိုင်သည်ကို မေးခွန်း နံပါတ် (၁) တွင်ဖတ်ရှုပေးပါ။

#CovidInvestigation

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...