Skip to main content

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (23.7.21)



🚩🚩🚩1. မေး-ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာတဲ့လူနာတွေမှာ ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှု့တွေလုပ်သင့်ပါသလဲ ခင်ဗျာ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကုသ ကာကွယ်ထားနိုင်အောင်ပါ သွေးခဲတယ် လို့လဲ ကြားမိလို့ သတိထားရအောင် ဖြေကြားပေးပါဦး ခင်ဗျာ။ ကျေးဇူးပါ ။

🚩🚩🚩မေး-"ကိုဗစ် ဖြစ်တာ ၂၄ ရက်ရှိပြီ သက်သာနေပေမယ့် နောက်ဆက်တွဲ ရင်ဘတ်နည်းနည်းအောင့်နေလို့ပါ တစ်ချို့ က သွေးစစ်ဖို့လိုပြီး လိုအပ်ရင် သွေးကြဲဆေးသောက်ဖို့ လိုတယ် ပြောလို့ပါ ဘာလုပ်သင့်လဲ လမ်းညွှန်ပေးပါအုံးဆရာ"

ဖြေ-ဆေးရုံတက်၍ကုသရသော လူနာများနှင့် ပြင်းထန်ကိုဗစ်-၁၉ရောဂါလူနာများအတွက် ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများမှ တစ်ခုဖြစ်သော #သွေးခဲခြင်းမှကာကွယ်ရန် သွေးခဲပျော်ဆေး တို့ကို ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် အသုံးပြုနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားပါသည်။ သွေးခဲပျော်ဆေးတို့ကို ပေးရာတွင် ဆေးမပေးရမည့် အခြေအနေများမရှိခြင်း၊ လိုအပ်သော သွေးဖောက်စစ်ဆေးမှု (ဥပမာ- D-Dimer) ကို စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ရင် #သက်ဆိုင်ရာဆရာဝန်၏ညွှန်ကြားချက်ဖြင့်ပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုဗစ်-၁၉လူနာများအတွက် ကုသမှု လမ်းညွှန်ချက်အရ အကြံပြုထားပါသည်။

🚩🚩🚩2.မေး-ဒီလိုမျိုး dexa ကို ကိုယ့်သဘောနှင့်ကိုယ် သောက်ခိုင်းနေတဲ့ post တွေပြန့်နေလို့ dexa. side effect နဲ့ဆရာဝန် ညွှန်ကြားချက်မပါဘဲ မသောက်သင့်တဲ့အကြောင်း post တွေတင်ပေးစေချင်ပါတယ်။

ဖြေ- Dexamethasone(ဒက်ဆာမီသာဆုံး) ဆိုတာ စတီးရွိုက်ဆေး (corticosteriod) အမျိုးအစားတွေထဲက တစ်ခုဖြစ်ပြီး သောက်ဆေး နဲ့ ထိုးဆေးဆိုပြီး နှစ်မျိုးရှိပါတယ်။ ရောင်ယမ်းမှုတွေကျဆင်းစေဖို့နဲ့ ခုခံအားကို ချစေချင်တဲ့ အခါမှာ အဓိကထားသုံးပါတယ်။

လက်ရှိအချိန်မှာတော့ #ဆေးရုံတက်ရလောက်အောင်အလွန်ပြင်းထန်တဲ့ ကိုဗစ်-၁၉ရောဂါလူနာတွေမှာ dexamethasone အသုံးပြုပြီးကုသရာ ကောင်းကျိုးများတယ်လို့ သုတေသနပြု ကုသမှု အဆင့်ဆင့်အရ သိလာရပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၏ လေ့လာတွေ့ရှိချက်အရ အဆိုပါဆေး အသုံးပြုကုသမှုဟာ အသက်ရှုစက်တပ်ဆင် ထားသူများမှာ သေဆုံးမှု ရဲ့ သုံးပုံတစ်ပုံအထိလျော့ချနိုင်ပြီး အောက်ဆီဂျင်ဖြင့်ကုသရသော လူနာများမှာ သေဆုံးမှုရဲ့ ငါးပုံတစ်ပုံထိ လျော့ကျ နိုင်ကြောင်း သိရပါတယ်။ အဆိုပါဆေးကို #ပြင်းထန်ကိုဗစ်-၁၉ရောဂါ၊ အလွန်ပြင်းထန် ကိုဗစ်-၁၉ရောဂါ လူနာများတွင်သာ အသုံးပြုရန် ညွှန်ကြားထားပြီး သာမန်နှင့် အလတ်စား မပြင်းထန်သော ကိုဗစ်-၁၉ရောဂါလူနာများတွင် (နဂိုရောဂါအခံအတွက် သုံးစွဲနေခြင်းမှ လွဲ၍) အသုံးမပြုဖို့ ညွှန်ကြားထားပါတယ်။

Dexamethasone ဆေးဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ Essential Medicine List (EML) ဝင် ဆေးတစ်မျိုးဖြစ်ပြီး ယေဘုယျ အားဖြင့် စိတ်ချသုံးစွဲနိုင်တဲ့ ဆေးဖြစ်သော်လည်း #ဘေးထွက်ဆိုးကျိုးများလည်းရှိပါတယ်။ အဆိုပါဆေး ပမာဏများများကို ကာလတို အသုံးပြုရာမှာ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးမခံစားရနိုင်သော်လည်း ကာလရှည်ကြာစွာ စွဲသုံးပါက ဘေးထွက်ဆိုးကျိုးများ ရရှိနိုင်ပါတယ်။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးတွင်းအချိုဓာတ်မြင့်တက်ခြင်း၊ မျက်စိတိမ်စွဲခြင်းများ (ရေတိမ်၊အတွင်းတိမ်)၊ ကိုယ်ခန္ဓာတွင် အရည်ဓာတ်စုလွန်ကဲခြင်း(fluid retension)၊ သွေးတိုးခြင်း၊ စိတ်ပိုင်းဆိုင်ရာဝေဒနာများ (စိတ်ခံစားမှုမမှန်ခြင်း၊ မှတ်ဥာဏ်ဆိုင်ရာ ပြဿနာများ၊ စိတ်ရှုပ်ထွေးခြင်း အစရှိသဖြင့်)၊ ကိုယ်အလေးချိန်တက်ခြင်း၊ ရောဂါပိုးကူးစက်လွယ်ခြင်း နှင့် အရိုးပွခြင်းတို့ဖြစ်ပါတယ်။

🚩🚩🚩3.မေး- Post covid နဲ့ပတ်သက်ပြီး မေးချင်လို့ပါ။အမေက SLE အခံရှိပါတယ် အခုဆို စဖျားတဲ့ရက်ကတွက်ရင် 19 ရက်ရှိပါပြီ လူလည်းထူထူထောင်ထောင်ပြန်ဖြစ်နေပါပြီ ချောင်းဆိုးတာလည်းမရှိတော့ပါဘူး အစားလည်းအကုန်စားတယ် oxygen က 92 ကနေပြန်မတက်သေးလို့ပါ

Oxygen တက်ဖို့က ကြာတတ်သလားရှင့်"

ဖြေ- ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုဗစ်လူနာကို အောက်ဆီဂျင်ပေးနည်း လမ်းညွှန်ချက်အရ ပုံမှန်လူကောင်းတစ်ယောက်မှာ အောက်ဆီဂျင်ပမာဏ ၉၅ရာခိုင်နှုန်းနဲ့ အထက် ရှိသင့်ပြီး နာတာရှည် အဆုတ်ရောဂါအခံရှိသူတွေကို #၈၈ရာခိုင်နှုန်းမှ၉၂ရာခိုင်နှုန်းအထိ ရည်မှန်းပြီး အောက်ဆီဂျင်ပေးရမယ်လို့ လမ်းညွှန်ထားပါတယ်။

အောက်ပါ link မှတဆင့် ဖတ်ရှူနိုင်ပါတယ်။

https://www.facebook.com/101083825384566/posts/178849650941316/?d=n

🚩🚩🚩4.မေး-Remdisivir ထိုးရင် ကိုဗစ် အပျောက်မြန်ပါသလားခဗျ

ဖြေ- Remdesivir ဆေးက #ကိုဗစ်အပျောက်မြန်စေတဲ့ဆေးမဟုတ်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ living guideline အရ ယခုလက်ရှိ အချိန်ထိ remdesivir ကို သုံးစွဲရန် အကြံပြုထားခြင်းမရှိပါဘူး။ ပုံမှန်ကုသမှုနဲ့ ပုံမှန်ကုသမှု အပြင် remdesivir သုံးပြီး ကုသမှု တွေ ကို နှိုင်းယှဉ်ပြီး သုတေသနပြုလုပ် ကုသမှုတွေမှာ ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်က ဖယ်ရှားနိုင်မှု၊ ကယောင်ကတမ်းဖြစ်မှုတွေမှာ remdesivir သုံးတဲ့ သူတွေက ရက်အနည်းငယ်ပိုခံစားရတယ်လို့ ဆိုပါတယ်။

🚩🚩🚩5. မေး-ရောဂါအခံလည်းမရှိ အောက်ဆီဂျင်လည်းမပြတ်ပေးနေတာ သေဆုံးပါတယ် ရောဂါပိုးကြောင့်သွေးပျစ်ပြီးသေဆုံးရတာလားသိချင်ပါတယ်ခင်ဗျာ..

ဖြေ- ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတဲ့ အထဲမှာ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ #သွေးပျစ်သွေးခဲပြီးအဆုတ်သွေးခဲပိတ်တာကြောင့် သေဆုံးရတာလည်း တစ်ခုပါပါတယ်။

🚩 🚩🚩6. မေး-Oxygen ဘယ်လောက်ထိကျသွားရင် dexa စပေးသင့်ပါသလဲရှင့်…

ဖြေ- ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုဗစ်-၁၉လူနာများအား ပစ္စည်းကိရိယာ မပြည့်စုံသည့် အနေအထားတွင် ပြုစုစောင့်ရှောက်ခြင်း လမ်းညွှန်ချက်အရ ပြင်းထန်ကိုဗစ်-၁၉ရောဂါ လူနာများတွင် Dexamethasone 6mg သောက်ဆေး သို့မဟုတ် ထိုးဆေးကို တစ်နေ့ တစ်ကြိမ်နှုန်းဖြင့် ၇ရက် သို့မဟုတ် ၁၀ရက်အထိ ပေးရန် လမ်းညွှန်ထားပါတယ်။

အောက်ပါ link မှတစ်ဆင့် ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/104312615254327/posts/113818450970410/?d=n

🚩🚩🚩7. မေး-Vitamin Dကိုတစ်နေ့ ဘယ်လောက်သောက်သင့်ပါလဲ.

ဖြေ- သာမန်ကျန်းမာရေးကောင်းတဲ့ လူတွေမှာ Vitamin D ဓာတ်ဟာ နေရောင်ခြည်ကတဆင့် ရရှိ နိုင်သလို နေ့စဉ်စားသောက်တဲ့ အစားအစာ တွေ ပင်လယ်ငါး၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ငါးကြီ:ဆီ၊ကြက်ဥ၊ နို့နှင့်နို့ထွက် ပစ္စည်း၊ ပဲပိစပ်၊ မှို စတာတွေ ကနေ တဆင့်ရရှိနိုင်ပါတယ် ။ နာတာရှည်ရောဂါကြောင့် အိပ်ရာထဲ လဲနေသူတွေ နေရောင်ခြည် ထိတွေ့မှု မရှိတဲ့ သူတွေ အာဟာရပြည့်ဝအောင်မစားနိုင်သူ တွေ အစားရှောင်တဲ့ သူတွေ အစာအိမ်ရောဂါနှင့် အူလမ်းကြောင်း စုပ်ယူ မှု မကောင်းတဲ့သူတွေမှာသာ ဖြည့်စွက်ဓာတ်အနေနဲ့ #ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။ မလိုအပ်ဘဲ Vitamin D ပမာဏ မြောက်များစွာ သောက်သုံးတဲ့သူတွေမှာ Vitamin D toxicity လို့ခေါ်တဲ့ Vitamin D ဓာတ် လွန်ကဲတာကို ခံစားရနိုင်ပါတယ်။

🚩🚩🚩8. မေး-အောက်စီဂျင် ကျတဲ့သူ hair dryer နဲ့ မှုတ်ပြီးရှူရင် ပြန်တက်တယ်လို့ ကြားနေရလို့ပါ မှန်/မမှန် လေးဖြေပေးပါရှင့်။

ဖြေ- အောက်ဆီဂျင် ဆိုတာ ပုံမှန်လေထုထဲမှာ ရှိပြီးသားဖြစ်ပါတယ် ။ ကျန်းမာရေး ကောင်းမွန်တဲ့ သူတွေမှာ လေထုထဲက အောက်ဆီဂျင် ပမာဏ ကို ရှူရုံနဲ့ လုံလောက်ပါတယ် ။ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ပြင်းထန်စွာခံစားရတဲ့ လူနာတွေမှာ သာမန် လေထုထဲက အောက်ဆီဂျင်နဲ့ မလောက်ငှတဲ့အခါ ဖြည့်စွက်ပြီး ပြင်ပကနေ သန့်စင်ပြီးသားအောက်ဆီဂျင် ထုတ်ပေးတဲ့ စက်၊ အောက်ဆီဂျင်ပိုက်လိုင်းတွေ အောက်ဆီဂျင်အိုးတွေ ကနေတဆင့် ရှူရတာပါ။ hair dryer က ထွက်တဲ့လေက #သန့်စင်တဲ့အောက်ဆီဂျင်မဟုတ်တဲ့ အတွက် အောက်ဆီဂျင် တက်ရလောက်တဲ့ အထိ မဖြစ်နိုင်ပါဘူး။

🚩🚩🚩9. မေး-၃ ရက်လောက်(Day10-13)ဘာမှမဖြစ်တော့တဲ့သူမှာ Day 14 ကျော်ပြီးရင် cytokine storm ဝင်နိုင်သေးလားရှင့်၊

ဖြေ- Cytokine storm ဆိုတာ ကိုဗစ်-၁၉ရောဂါပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ cytokine တွေ အမြောက်အများ ထွက်လာခြင်း ကိုခေါ်ပါတယ်။ များသောအားဖြင့် ရောဂါလက္ခဏာ စပေါ်ပြီး ၇ရက်ကနေ ၁၀ရက်အတွင်းမှာ cytokine storm ဝင်ပါတယ်။ cytokine တွေကြောင့် ဖျားတာ အသက်ရှုလမ်းကြောင်းနဲ့ သွေးကြောနံရံရဲ့ ဆဲလ်တွေ ခန္ဓာကိုယ်က ဆဲလ်အတော်များများ ကိုယ်တွင်းအင်္ဂါတွေ ဖျက်ဆီးခံရတာကြောင့် ခန္ဓာကိုယ်မှာ အလူးအလဲ ခံစားရတတ်ပါတယ်။ Cytokine storm ကို #ရက်အတိအကျနဲ့သတ်မှတ်ထားတာမျိုးမရှိဘဲ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေ ခန္ဓာကိုယ်မှာ cytokine တွေ ထွက်ခဲ့တာကို ခြေရာခံတဲ့ အနေနဲ့ သွေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ cytokine storm ကို အတည်ပြုပါတယ်လို့ သုတေသနပြုစာတမ်းတွေကနေ တဆင့် သတ်မှတ်ထားပါတယ်။

🚩🚩🚩10.မေး-covid 19 က. သတ်သာဖိုအချိန်အတိုင်းတာဘယ်လောက်မှာစိတ်ချရနိုင်လဲကျွန်တောအဖေအတွက်ပါ အသက်က 71။

🚩🚩🚩မေး- ပြင်းထန်ကိုဗစ်(အောက်စီဂျင် 40အောက်ရောက်ပီး အမောမခံနိုင်/မထနိုင်တော့တဲ့ လူနာတွေ treatmentလုပ်ပီး 5ရက်အကြာ O2 80 ကျော်ပြန်တတ်တာတို့ စားနိုင်သောက်နိုင်လာတာတို့ဆိုရင် ပြန်ကောင်းလာပီလို့ သတ်မှတ်လို့ရလား။

ပြင်းထန်ကိုဗစ်ဖြစ်ပီး ပြန်သက်သာလာတဲ့လူနာက အချိန်ဘယ်လောက်ထိ recoveryယူသင့်လဲ။ ပြန်ကောဖြစ်နိုင်သေးလားဗျ။

ဖြေ- ကိုဗစ်-၁၉ရောဂါမှာ ပြင်းထန်နဲ့ အလွန်ပြင်းထန် တဲ့ လူနာတွေဟာ အတိုင်းအတာ တစ်ခုထိ သက်သာပြီးသော်လည်း ရောဂါရဲ့ #နောက်ဆက်တွဲဆိုးကျိုးတွေ ကြောင့် အသက်သေဆုံးတာတွေ ရှိနိုင်ပါတယ်။ လူနာရဲ့ အသက်အရွယ်၊ကိုယ်ခံအား၊ ရောဂါအခံ အစရှိတာတွေ အပေါ်မှာ မူတည်လို့ တစ်ယောက်နဲ့ တစ်ယောက် ရောဂါကို တုံ့ပြန်နိုင် စွမ်း ခြင်းလည်း မတူနိုင်ပါဘူး။ ရောဂါဖြစ်ပြီး ကိုယ်ခန္ဓာက တုံ့ပြန်တဲ့ ကိုယ်ခံအား ထွက်ခြင်း မထွက်ခြင်း၊ ရောဂါပိုးအမျိုးအစားစတာတွေအပေါ်မူတည်ပြီးပြန်ဖြစ်နိုင်ချေ ရှိပါတယ်။ 

#CovidTreatment

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  ?...