Skip to main content

ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (23.7.21)



1. 🔻🔻🔻ကိုဗစ်ကယင်​ကောင်ကတစ်ဆင့်ကူးနိုင်ပါသလားခင်ဗျာ အခုချိန်ယင်​ကောင်​တွေကအရမ်း​ပေါ​နေလို့ပါ​ဖြေကြား​ပေး​စေချင်ပါတယ်ခင်ဗျာ

ဖြေ - လေ့လာစမ်းသပ်မှုတစ်ခုအရ ကိုဗစ်ပိုးသည် ယင်ကောင်၏ခန္ဓာကိုယ်ထဲတွင် ၂၄နာရီအထိရှိနေနိုင်သည်ဟုတွေ့ရှိသော်လည်း ထိုယင်ကောင်ထိတွေ့ခဲ့သောမျက်နှာပြင်ဆီမှ sample ယူစစ်ဆေးရာတွင် ရောဂါဖြစ်စေနိုင်မည့်ပိုးမတွေ့ရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ကိုဗစ်သည် ယင်ကောင်မှတစ်ဆင့် အဓိက #ပြန့်ပွားကူးစက်ခြင်းမရှိပေ။

2. 🔻🔻🔻"အသက် ၆ နှစ်အောက်ကလေးတွေကို Covid မကူးစက်နိုင်ဘူးဆိုတာ ဟုတ်ပါသလား

ဘယ်အရွယ်ဆိုစကူးစက်နိုင်ပါသလဲ

အိမ်မှာ ၁ နှစ်သားကလေးရှိလို့ပါ"

ဖြေ - ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ( WHO ) ၏အချက်အလက်များအရ ကိုဗစ်ဖြစ်သူများ၏ ၈.၅% သည် အသက် ၁၈နှစ်အောက် ကလေးများဖြစ်ကြသည်။ ကလေးများသည် လူကြီးများထက် 

-ကူးစက်မှုနဲခြင်း

-ရောဂါပြင်းထန်မှုနဲခြင်း 

-ကိုဗစ်ကြောင့်သေဆုံးမှုနဲခြင်း စသည့်အားသာချက်များရှိပါသည်။

 သို့သော် ကလေးများတွင် ပြင်းထန်ရောဂါဖြစ်သည့်ဖြစ်စဉ်များလည်း အနည်းငယ်ရှိသည်။ ထို့ကြောင့် လူကြီးများ၏ကြီးကြပ်မှုဖြင့် ကလေးအား mask တပ်ပေးခြင်း ( အသက် ၆ နှစ်ကျော်မှ mask တပ်ပေးရန် WHO မှအကြံပြုထားသည် )၊ လက်မကြာခဏဆေးခြင်း၊ ၆ပေခွာနေခြင်း ၊ လူထူထပ်သောနေရာများ အလုံပိတ်အဆောက်အအုံများကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း စသည့် ကာကွယ်မှုများလုပ်ဆောင်ရန်လိုအပ်ပါသည်။

3. 🔻🔻🔻Positive ဖြစ်ပီး ဘယ်နှစ်ရက်နေမှပိုးက သူများကို မကူးစက်နိုင်တာလဲ ။ ပိုးစတွေ့ပီး ၃ ရက်မှာ အနံအရသာ ပြန်ရ ပါတယ် အခု၁၄ ရက်ထိ အနံအရသာပြန်ရနေပါပီ ။ Public areaကို ဘယ်နှစ်ရက်နေမှ ထွက်သင့်လဲ ။ မိမိအိမ်ထဲ မှာရော ပိုးမကူးစက်နိုင်တော့ဘူးလား။

ဖြေ - #ရောဂါလက္ခဏာရှိသူတွင် ပထမဆုံးရောဂါလက္ခဏာ စပေါ်သည့်ရက်မှစ၍ အနည်းဆုံး ၁၀ရက်အပြင် 

- ကိုယ်ပူကျဆေးမသောက်ဘဲ ကိုယ်ပူမရှိတာ ၂၄နာရီပြည့်ပြီး

-အခြားရောဂါလက္ခဏာများ သက်သာလာလျှင် သီးသန့်နေထိုင်ခြင်းပြီးဆုံးနိုင်သည်။

#ရောဂါလက္ခဏာမရှိသူတွင် ကိုဗစ်ဓာတ်ခွဲစစ်ဆေးမှု positive ဖြစ်လျှင် ဓာတ်ခွဲမှုအဖြေစထွက်သည့်နေ့မှ အနည်းဆုံး ၁၀ရက်ပြည့်လျှင် သီးသန့်နေထိုင်ခြင်းပြီးဆုံးနိုင်သည်။ ဆရာဝန်ညွှန်ကြားသည်မှအပ အများစုသည် ပြန်လည် ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ရန် မလိုအပ်ပါ။

#ရောဂါလက္ခဏာမရှိသူသည် ရောဂါလက္ခဏာပေါ်လာပါက လက္ခဏာစပေါ်သည့်ရက်မှ စ၍ အပေါ်တွင်ဖော်ပြထားသည့် #ရောဂါလက္ခဏာရှိသူ သီးသန့်နေထိုင်ရမည့်အချက်များအတိုင်း ပြန်လည်နေထိုင်ရန် လိုအပ်ပါသည်။

#ကိုဗစ်ပြင်းထန်ရောဂါခံစားနေရသူ နှင့် ကိုယ်ခံစွမ်းအားကျရောဂါရှိသူတို့တွင် ရက်၂၀ထိ ရောဂါကူးစက်စေနိုင်သေးသည်။

မိမိအိမ်ထဲတွင်နေထိုင်သော်လည်း အပြင်မှပြန်လာသောအိမ်သားတွင် ကိုဗစ်ပိုးရှိပါက ကူးစက်နိုင်သည်။ သူစိမ်းများအိမ်လည်လာလျှင်လည်း ထိုသူတွင် ပိုးရှိပါက ကူးစက်နိုင်ပါသည်။

4. 🔻🔻🔻အိမ်တအိမ်ထဲမှာ ၁၀ဦးအနက် ၁ဦး positive ဖြစ်ပါတယ်။ ၁၅ ရက်ပြည့်ပြီးသက်သာသွားပါပြီ။ အကယ်၍ ထို positive ထွက်ခဲ့သူ အပြင်သွားလာပြီး ပြန်လာပါက ထိုသူသည် ပိုးသယ်ဆောင်သူဖြစ်နိုင်ပါသလား။ သူ့ထံမှ ကူးစက်မှု အခြား ကျန် ၉ဦးသို့ ရောက်ရှိနိုင်ပါသေးသလား သိပါရစေ။

ဖြေ - ကိုဗစ်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူများတွင် နောက်တစ်ကြိမ်ပြန်လည်ကူးစက်မှုနည်းသော်လည်း #ပြန်လည်ကူးစက်သည့်ဖြစ်စဉ်များလည်းရှိပါသည်။ ကိုဗစ်ဖြစ်ပြီးနောက် ထွက်ပေါ်လာသော ကိုယ်ခံစွမ်းအား၏  လုပ်ဆောင်နိုင်စွမ်း နှင့် မည်မျှကြာကြာရှိနိုင်မည်ကို လေ့လာနေကြဆဲဖြစ်သည်။ 

ထို့ကြောင့် ပြန်လည်ကောင်းမွန်လာသူများသည် နောက်တစ်ကြိမ်ပြန်လည် မကူးစက်စေရန် mask တပ်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ ၆ပေခွာနေခြင်း၊ လူထူထပ်သောနေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ လက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိတွေ့ခြင်း စသည့် ကာကွယ်ခြင်းနည်းလမ်းများကို ဆက်လက်လုပ်ဆောင်ရပါမည်။

5. 🔻🔻🔻Covid ကူးစက်လို့ပျောက်သွားပြီး နောက်တစ်ကြိမ်ထပ်ကူးစက်ရင် ရောဂါပိုခံနိုင်ရည်ရှိလား ဒါမှမဟုတ် ပထမတစ်ကြိမ်ထက် ပိုစိုးရိမ်ရလားဗျ

ဖြေ - နောက်တစ်ကြိမ် ပြန်လည်ကူးစက်နိုင်ပါသည်။ ပိုစိုးနိုင်မှုရှိမရှိသည် ကိုယ်ခံစွမ်းအားပေါ်မူတည်ပါသည်။

6. 🔻🔻🔻Virus ကမျက်လုံးထဲကဝင်လား ဘယ်လိုဝင်လဲ

ဖြေ - ကိုဗစ်ရောဂါရှိသောသူ နှာစေး၊‌ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားများ မျက်လုံးထဲဝင်ရာမှတစ်ဆင့်သော်လည်းကောင်း၊ ကိုဗစ်ပိုးရှိသောလက်ဖြင့် မျက်စိကိုကိုင်တွယ်မိလျှင်သော်လည်းကောင်း ကိုဗစ်ကူးစက်နိုင်ပါသည်။ သို့သော် မျက်နှာအကာ face shield ကို လူထုကြား တပ်ဆင်ရန် လိုမလိုကို လေ့လာနေကြဆဲဖြစ်သည်။ လက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုတော့ မထိတွေ့ရန် အကြံပြုထာားပါသည်။

#CovidTransmission

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...