🚩🚩🚩1. အောက်ဆီဂျင်က ဘယ်လိုလက္ခဏာတွေနဲ့ တွဲကျတတ်ပါသလဲခင်ဗျ။
👉 ဖြေ။ ပုံမှန်အားဖြင့် သွေးတွင်းအောက်ဆီဂျင် ကျဆင်းလာသည့်အခါ အောက်ပါ လက္ခဏာများ ခံစားရလေ့ရှိပါတယ်။ အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် ကနာမငြိမ်ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ၏ #ထူးခြားသောလက္ခဏာတစ်ခုမှာ သွေးတွင်းအောက်ဆီဂျင်ကျဆင်းနေသော်လည်း လက္ခဏာတစ်စုံတစ်ရာ မပြသခြင်း ဖြစ်ပါတယ် (#Silent_Hypoxia)။ ထို့ကြောင့် အောက်ဆီဂျင်လျော့နည်းနေခြင်းကို အချိန်လွန်မှ သတိထားမိခြင်း ဖြစ်တတ်ပါတယ်။
👉 ဖြေ။ ပုံမှန်အားဖြင့် သွေးတွင်းအောက်ဆီဂျင် ကျဆင်းလာသည့်အခါ အောက်ပါ လက္ခဏာများ ခံစားရလေ့ရှိပါတယ်။ အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် ကနာမငြိမ်ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ၏ #ထူးခြားသောလက္ခဏာတစ်ခုမှာ သွေးတွင်းအောက်ဆီဂျင်ကျဆင်းနေသော်လည်း လက္ခဏာတစ်စုံတစ်ရာ မပြသခြင်း ဖြစ်ပါတယ် (#Silent_Hypoxia)။ ထို့ကြောင့် အောက်ဆီဂျင်လျော့နည်းနေခြင်းကို အချိန်လွန်မှ သတိထားမိခြင်း ဖြစ်တတ်ပါတယ်။
🚩🚩🚩2. ကျနော်အဖျားလည်းမရှိတော့ဘူး။ အနံ့ကတော့နည်းနည်းပဲရသေးတယ်။ 14ရက်ရှိပါပြီ။ ကျနော်သိချင်တာက ကျနော့်ဆီက တစ်ခြားလူကို ကူးစက်နိုင်သေးလားဗျ။ ဘာကြောင့်အနံ့ကအရှင်းမရသေးတာလဲဗျ။
🚩🚩🚩 ဖျားပြီး အနံ့အရသာ ပျောက်တာ ခုဆို ၂ပတ်ကျော်ပါပြီ။ အရသာက ငန်တာရယ်၊ ချဥ်တာရယ် နှစ်ခုပဲသိပါတယ်။ အနံ့ကခုထိပြန်မရသေးပါဘူး။ နှစ်ပတ်ကျော်ပြီဆိုတော့ စိတ်ပူနေလို့ပါ။ ပုံမှန်ဆို ဘယ်လောက်ကြာတတ်ပါသလဲရှင်။
👉 ဖြေ။ အဖျားမရှိတာ ၁၄ ရက်ကျော်ပါက အခြားသူဆီ မကူးစက်နိုင်တော့ပါ။ အနံ့ပြန်ရရန်မှာ အများစုတွင် ရက်အနည်းငယ်ကြာတတ်သော်လည်း အချို့သူများတွင် လအနည်းငယ်အထိ ကြာမြင့်တတ်ပါတယ်။
🚩🚩🚩3. ကျနော်က အဖျားပျောက်တာ လေးရက်ရှိပါပြီ။ သို့ပေ့မယ့် လျှာက ခါးနေပါတယ်။ အရသာမပျောက်၊ အနံ့မပျောက်ပါ။ ကျေးဇူးပါ။
👉 ဖြေ။ ကိုဗစ်-၁၉ ရောဂါတွင် အရသာအာရုံ ခံစားသော အာရုံခံနဗ်ကြောလေးများအား ထိခိုက်စေတတ်သဖြင့် အရသာ ခံစားမှု ပြောင်းလဲခြင်း၊ ပျောက်ဆုံးခြင်းများ ခံစားရနိုင်ပါတယ်။ အများအားဖြင့် ရက်အနည်းငယ်အကြာတွင် ပြန်လည်သက်သာနိုင်ပါတယ်။
🚩🚩🚩4. အနံ့ပျောက်နေရင် အိပ်လို့မရ။ အိပ်ရင်လန့်နိုးတာ ဖြစ်တတ်လားခင်ဗျာ။
👉 ဖြေ။ အနံ့ပျောက်ခြင်းနှင့် အိပ်မရဖြစ်ခြင်းမှာ #တိုက်ရိုက်မသက်ဆိုင်ပါ။ သို့ရာတွင် နှာခေါင်းအတွင်းပိုင်း ရောင်ယမ်း၍ ပိတ်ခြင်းကြောင့် ဖြစ်သော အနံ့ပျောက်ခြင်းတွင် အသက်ရှူရခက်ကာ အိပ်မရခြင်း၊ လန့်နိုးခြင်းတို့ ဖြစ်နိုင်ပါတယ်။
🚩🚩🚩5. "အဲ့ဒါဟုတ်ပါသလားခင်ဗျာ#AllaboutCovid19
DAY.1-2-3-4 မူရာမာယာများပါတယ်။ ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်ပါတယ်။ DAY.5-6-7***** အရေးကြီး သတိထားပါ။ DAY.8-9 အနည်းငယ်သက်သာ။ DAY 10-11-12***** သတိထားပါ။ DAY 13-14-15 သက်သာလာ။ DAY 16 ပို၍ သက်သာ။ DAY.17-18-19***** သတိထားပါ။နှလုံးရပ်နိုင်။
DAY 20-21 သက်သာနေလျှင်ကောင်းပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ၊ရောဂါခံရှိသူများသက်သာချိန် ကွာပါသေးသည်။ 1-3 လ အထိ ဂရုစိုက်ပါ။DAY.1မှစမပေါ့ပါနဲ့။ (credit) ဒါလည်း သူများဆီကယူလာတာပါ။ မူရင်းရေးသူမသိရပါဘူး။ နေကောင်းပြီဆိုပြီး ကိုယ်တိုင်ထ ထွက် ကားမောင်း အောက်ဆီဂျင်လိုက်ပို့ ဆေးပို့ လိုတာလိုက်လုပ်ရင်း ပြန်မောလာ ကျောအောင့်လာသူတွေကို ရည်ညွှန်းပါတယ်။ ကိုယ့်လူတွေက ခေါင်းကြောတင်မာတာမဟုတ်ဘူး။ စိတ်တွေကလည်းမာတော့ အဖျားကျ သက်သာတာနဲ့ငြိမ်မနေတတ်ကြတော့ စိတ်ပူလို့ပါ"
👉 ဖြေ။ မေးခွန်းတွင် ဖော်ပြထားသကဲ့သို့ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ လေ့လာတွေ့ရှိချက်များအရ ပိုးကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေပြပြီး ပထမတစ်ပတ်ကျော်လွန်ပါက တဖြည်းဖြည်းနဲ့ သက်သာသွားတာကို တွေ့ရပါတယ်။ ၁၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေကတော့ ရောဂါလက္ခဏာပြပြီး (၅ ရက်မှ ၈ ရက်ကြား) ဒုတိယအပတ်မှ စပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပြီး သွေးတွင်း အောက်ဆီဂျင် SPO2 92% အောက်ကို ကျလာလေ့ရှိကာ ကုသမှုခံယူရလေ့ရှိပါတယ်။ ကျန်တဲ့ ၅ ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများခံစားရလေ့ရှိပြီး အသက်အန္တရာယ်ကြုံတွေ့ရနိုင်ပါတယ်။ ရောဂါမှ သက်သာကောင်းမွန်လာသူအချို့တွင်လည်း ကိုဗစ်၏ နောက်ဆက်တွဲ ဝေဒနာများ ခံစားရနိုင်သော်လည်း မေးခွန်းတွင် ဖော်ပြထားသကဲ့သို့မျိုး မဖြစ်နိုင်ပါ။
🚩🚩🚩6. ဘယ်လိုအခြေအနေရောက်ရင် သေတတ် ပါသလဲ။
👉 ဖြေ။ ခန္ဓာကိုယ်၏ အဓိက အင်္ဂါအစိတ်အပိုင်းများ ဖြစ်သည့် ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ် စသည်တို့ ပျက်စီးသွားပြီး အလုပ်မလုပ်နိုင်တော့သည့်အခါ သေဆုံးခြင်း ဖြစ်ပါတယ်။
🚩🚩🚩7. ရိုးရိုးနှာမွှန်နှာပိတ်ပြီးရင်ရောအနံ့မရတာမျိုးဖြစ်တတ်သလား။ ဖြေကြားပေးပါ။
👉 ဖြေ။ အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်းတို့အပြင် နှာခေါင်းထဲတွင် အသားပိုများဖြစ်ခြင်း၊ နှာခေါင်းနှင့် အနံ့ခံအာရုံကြောများ ထိခိုက်ဒဏ်ရာရခြင်း တို့တွင်လည်း အနံ့ပျောက်ခြင်း ဖြစ်တတ်ပါတယ်။
- သို့သော် ယခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များနေသောအချိန်၌ #အနံ့ပျောက်ခြင်း လက္ခဏာခံစားရပါက ကိုဗစ်ရောဂါသံသယဖြင့် အထူးဂရုပြုနေထိုင်ကြရမှာ ဖြစ်ပါတယ်။
🚩🚩🚩8. Day 17-18-19 သတိထားပါ၊ နှလုံးရပ်နိုင်ဆိုတဲ့ ပို့စ်တခုဟာ facebookပေါ် ပြန့်နှံ့နေပါတယ်ခင်ဗျာ။ အဲ့ဒီအချက်မှန်မမှန် သိချင်ပါတယ်ခင်ဗျာ။ အကြောက်လွန်နေလို့ပါ။
👉 ဖြေ။ မေးခွန်း (5) တွင် ဖြေထားပြီး ဖြစ်ပါတယ်။ တခါတရံ အကြောက်လွန်ခြင်းဟာ စိုးရိမ်စိတ်လွန်ကဲခြင်းကို ဖြစ်စေပြီး ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် Facebook ပေါ်က ခိုင်လုံမှုမရှိတဲ့ သတင်းတိုင်းကို မယုံကြည်သင့်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကဲ့သို့ ခိုင်မာမှုရှိသော သတင်းရင်းမြစ်များက ဖော်ပြတဲ့ ကိုဗစ်-၁၉ နှင့် ပတ်သက်တဲ့ သတင်းကြေညာချက်များကိုသာ အာရုံစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။
🚩🚩🚩9. "Positive ဖြစ်ပြီး ၁၃ရက်လောက်ရှိနေပါပြီခင်ဗျ။ ခုထိ ဘာလက္ခဏာမှမပြသေးဘူး။ ပျောက်ပြီလို့ ထင်ရလား။ နောက်ရက်တွေ လက္ခဏာ ပြနိုင်သေးလားခင်ဗျ။
👉 ဖြေ။ အများအားဖြင့် ရောဂါပိုးဝင်ရောက်ပြီး ၂ ရက်မှ ၁၄ ရက်အတွင်း လက္ခဏာပြလေ့ရှိပါတယ်။ တခါတရံတွင် ရောဂါပိုးကူးစက်ခံရသော်လည်း လက္ခဏာလုံးဝမပြသခြင်းများလည်း ရှိနိုင်ပါတယ်။ လေ့လာမှုများအရ ကူးစက်ခံရသူ ၅ ဦးအနက် ၁ ဦးမှာ ရောဂါလက္ခဏာမပြခြင်းများရှိကြောင်း တွေ့ရပါတယ်။ သို့သော် လက္ခဏာမပြသူများ မှတဆင့်လည်း အခြားသူများကို ရောဂါကူးစက်စေနိုင်သဖြင့် မက်စ်တပ်ခြင်း၊ လူစုလူဝေးရှောင်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
🚩🚩🚩10. ချောင်းဆိုး မပျောက်သေးဘူး။ အနံ့လည်းမရသေးဘူး။ ဒါပေမယ့် လူက တက်တက်ကြွကြွ စားကောင်း အိပ်ကောင်း တယ်။ အဖျားလည်းမရှိဘူး။ ဒါဆို ပျောက်တယ်ခေါ်ရမလား။ မပျောက်သေးဘူးလား ရှင့်။
👉 ဖြေ။ ချောင်းဆိုးခြင်း လက္ခဏာ မသက်သာသေးသဖြင့် ပျောက်ပြီဟု မဆိုနိုင်သေးပါ။ ရောဂါလက္ခဏာပြသူတွင် စတင်ခံစားရချိန်မှ အနည်းဆုံး ၁၀ ရက်အပြင် #ရောဂါလက္ခဏာများသက်သာခြင်း၊ အဖျားမရှိခြင်း (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ ရောဂါသက်သာပျောက်ကင်းပြီဟု ဆိုနိုင်ပါမည်။

Comments
Post a Comment