Skip to main content

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (20.7.21)




🚩🚩🚩1. Oximeter တိုင်းတာနှုန်းက လူကြီးရော ကလေးရော ပုံမှန်ရှိရမယ့်နှုန်းလေး သိချင်ပါတယ်။
Answer: 95% မှ 100% အတွင်းရှိရင် ပုံမှန်ဟု သတ်မှတ်ပါသည်။ မွေးကင်းစမှလွဲ၍ ကလေးများတွင်လည်း သိပ်မကွာလှပါ။

🚩🚩🚩2. PCR နဲ့စစ်ရင် ဖြစ်နိုင်ချေ အမြန်ဆုံး ရက်ဘယ်လောက်လောက်မှာ Negative ပြန်ပြလဲ
PCR နဲ့စစ်ရင် အကြာဆုံးကလည်း ဘယ်လောက်လောက်ထိကြာနိုင်လဲ Negative ပြန်ပြဖို့အတွက်
🚩🚩🚩Covid ဖြစ်ပြီး PCR test မှာ Negative ဖြစ်ဖို့ ဘယ်လောက် စောင့် ရနိုင်လဲ ခင်ဗျ?
🚩🚩🚩ကိုဗစ် positive အဖြေက ဘယ်နှရက်လောက်အကြာ မှ negative ထွက်နိုင်ပါသလဲ ရှင့်?
🚩🚩🚩ကိုဗစ်က Positive ဖြစ်ပြီး ရက် လ အကန်အသတ်နဲ့မှ Negative ဖြစ်မှာလဲရှင် တချို့က ဘယ်အချိန်စစ်စစ် Positive ပဲလို့ ပြောနေကြလို့ပါ
Answer: ကိုဗစ် ၁၉ ရှိသည်ဟု အဖြေထွက်ပြီးနောက် ရောဂါမှ သက်သာ၍ ပြန်လည် ကောင်းမွန်သူများတွင် အများစုမှာ ၁၀ ရက်ခန့်တွင် PCR အဖြေ negative ဖြစ်သွားကြသည်ဟု ဆိုပါသည်။
- သို့ရာတွင် ၃၀ ရာခိုင်နှုန်းခန့် ရှိသောသူများတွင် ရက်သတ္တပတ် ၃ ပတ်မြောက်အထိ PCR အဖြေ positive ဖြစ်နေနိုင်ပြီး အနည်းငယ်သော လူများမှာ လပိုင်းအထိ positive ဖြစ်နေနိုင်သေးသည်ဟု ဆိုကြပါသည်။ ထိုသူများမှာ ရောဂါပိုး မပျောက်ကင်း၍ မဟုတ်ဘဲ #ဗိုင်းရပ်အပိုင်းအစလေးများကို တွေ့ရှိနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။ တခြားသူများကို #မကူးစက်နိုင်တော့သည့်အပြင် ထိုသူများတွင် သက်ရှိဗိုင်းရပ်စ်ကိုပါ မတွေ့ရှိရပါ။

🚩🚩🚩3. Antibody Test က ဘာကြောင့်စစ်ဖို့ လိုအပ်တာပါလဲ ရှင်?
Answer: Antibody test ကို ကိုဗစ်ရောဂါရှာဖွေရာတွင်၏အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခွင့်ပြုမထားပါ။ 
- သုတေသနရည်ရွယ်ချက်ဖြင့် သုံးနိုင်သည်ဟု ဆိုထားပါသည်။
- အကြမ်းဖျင်းပြောရရင် Antibody test စစ်ရန် #မလိုအပ်ပါ။
- Antibody test positive ဖြစ်ပါက ကိုဗစ် ၁၉ ဝင်ဖူးတာလား ကိုဗစ်မဟုတ်သော အအေးမိ ဗိုင်းရပ်စ်လားဆိုတာကို မခွဲခြားနိုင်ကြောင့် ရောဂါရှာဖွေရာတွင် အသုံးမပြုပါ။

🚩🚩🚩4. ကျွန်တော့်ညီ အသက်၂၆ နှစ်ပါ ဖျားတာ ၄ ရက်လောက်ရှိပါပြီ၊ ခုမှ အထက်ပြန်လှန်တာနဲ့ ဝမ်းလျှောတာ ဖြစ်ပြီး အစာမဝင်ဖြစ်နေပါတယ်၊ ကိုဗစ်စစ်ဆေးတဲ့ တို့ဖတ်အစ ရှိတဲ့ ပစ္စည်းလည်းရှိပါတယ်၊ ဒါပေမဲ့ အသုံးမပြုတတ်ဘူး ဖြစ်နေပါတယ်၊ စစ်ဆေးပုံကအစ လမ်းညွန်ပေးပါဦး ခင်ဗျ။
Answer: Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီး စစ်ဆေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
- စစ်ဆေးရာတွင် ပတ်ဝန်းကျင်သို့ ပိုးပျံ့နှံ့ခြင်းမရှိစေရန်
👉 ပိုးသတ်ခြင်း
👉 စနစ်တကျစွန့်ပစ်ခြင်း
👉 swab တို့ဖတ်ယူသူမှ အကာအကွယ်အပြည့်အဝ ဝတ်ဆင်ရခြင်းစသည့် အချက်များ ပါဝင်ရပါမည်။
- အောက်ပါ youtube link တွင်ကြည့်ရှုနိုင်ပါသည်  



🚩🚩🚩5.ကိုဗစ်လူနာနဲ့ ထိတွေ့ပြီး ကူးခံရရင် ဘယ်နှရက်တွင်း လက္ခဏာပြလဲ ရှင့်? ဘယ်ရက်လောက်မှာစစ်ရင် အဖြေမှန်လဲရှင့်?
🚩🚩🚩COVID လူနာနဲ့ ထိတွေ့မိတယ်လို့ သံသယရှိရင် ဘာလက္ခဏာမှ မပေါ်လည်း ဘယ်နှရက်နေရင် Antigen test စစ်လို့ ရပါပြီလဲ ရှင့်?
Answer: ကိုဗစ်ကူးစက်ခံရပြီး ၅ ရက်မှ ၆ ရက်အတွင်း လက္ခဏာပေါ်တတ်သော်လည်း တစ်ခါတစ်ရံ နှစ်ပတ်ခန့်ထိ ကြာတတ်ပါသည်။ ထို့ကြောင့် ထိစပ်လူနာများအား ကွာရန်တင်း (Quarantine) #နှစ်ပတ်ထားရခြင်း ဖြစ်ပါသည်။
- ထိတွေ့မှု ဖြစ်ပြီး ၅ ရက်ခန့်အကြာ (သို့မဟုတ်) လက္ခဏာပေါ်သည့်ရက်တွင် စစ်ဆေးနိုင်ပါသည်။ ပထမအကြိမ်စစ်ဆေး၍ ပိုးမတွေ့သော်လည်း #နောက်တစ်ကြိမ်ကို ၅ ရက်အကြာတွင် ထပ်မံစစ်ဆေးရပါမည်။

🚩🚩🚩6. ရပ်ရွာ Q စင်တာမှာ နယ်ဝေး Q ဝင်တဲ့သူများ ရှိပါတယ်၊ ပိုးစစ်တာ အခက်ခဲရှိပါတယ် ဘာစက်နဲ့စစ်လဲ? ဘယ်စျေးရှိလဲ? အချိုသာဆုံးစျေး ပြောပေးပါ။
Answer: PCR လက်လှမ်းမမှီသော အခြေအနေ၊ အလျင်မီ မစစ်ဆေးပေးနိုင်သော အချိန်များတွင် နှာခေါင်းတို့ဖတ်ယူ၍ Rapid antigen test kit ဖြင့် စစ်ဆေးခြင်းကို ပြုလုပ်နိုင်ပါသည်။ #နာရီဝက်အတွင်း အဖြေရနိုင်ပြီး ရောဂါလက္ခဏာရှိရင် ၈၀ ရာခိုင်နှုန်းကျော်အထိ ရောဂါဖော်ထုတ်နိုင်ပါသည်။ စျေးကွက်ထဲတွင် ဝယ်ယူရရှိနိုင်ပြီး ကုမ္ပဏီနှင့် တင်သွင်းသူအပေါ်မူတည်၍ စျေးအမျိုးမျိုးရှိပါသည်။

🚩🚩🚩7. isolation 14 days နေတာက လက္ခဏာစပြတဲ့ရက်ကနေ ၁၄ ရက်လား? စစ်လို့ positive ပြတဲ့ ရက်ကနေ ၁၄ ရက်လား မသိဘူး? မိသားစုဝင်တွေ လက္ခဏာပြတာရက်မတူတော့ ကောင်းသွားတဲ့လူက မကောင်းသေးတဲ့လူနဲ့ မထိတွေ့ဘဲ နေရဦးမလား မသိဘူး။ အနံ့ပြန်ရနေလို့ ကောင်းတာ ဘယ်နှရက်ဆို neg ဖြစ်လဲ၊ အရှင်းကောင်းပြီလို့ ယူဆလို့ရပါသလဲ?
Answer: ရောဂါလက္ခဏာရှိသူတွင် ရောဂါလက္ခဏာပေါ်ချိန်မှ စတင်ရေတွက်နိုင်ပြီး လက္ခဏာမရှိသူများတွင်မူ Test positive ဖြစ်သည့်နေ့မှ စတင်ရေတွက်ရပါမည်။ ရောဂါမပြင်းထန်ဘဲ လက္ခဏာများ မရှိတော့လျှင် ၁၀ ရက် (ဆေးမသောက်ဘဲ ၂၄ နာရီကျော်ကြာ အဖျားမရှိရပါ၊ ချောင်းဆိုးလျှင် သက်သာနေရပါမည်) isolation လုပ်ရပါမည်။ မိသားစုအားလုံး ရက်ပြည့်မှသာ ထိတွေ့သင့်ပါသည်။ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရပါမည်။ ဘယ်အချိန် negative ဖြစ်သလဲ မေးခွန်းအတွက် နံပါတ် (၁) အဖြေတွင် ဖတ်ရှုနိုင်ပါသည်။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...