Skip to main content

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (20.7.21)



🚩🚩🚩1. အရမ်းမောနေတယ်၊ မောတဲ့အချိန် အသက်ပြင်းပြင်းရှူနေရတယ်၊ သက်သာအောင် ဘယ်လိုလုပ်သင့်လဲ?
🚩🚩🚩ဖျားနေတာ day 10 ပါခင်ဗျာ။ Oximeter result အရ 85 နှင့် 90 ကြားမှာ ရှိပါတယ်ခင်ဗျာ။ 
စိတ်ချရပါ့မလားခင်ဗျာ။ Oxygen ကတော့ ဘယ်မှ ရှာလို့မရလို့ မရှုရပါဘူး ခင်ဗျာ။
ဖြေ- ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီး အသက်ရှူရခက်သူများ/ အောက်စီဂျင်ကျနေသောသူများ (SpO2 94 အောက်) သည် ပုံမှန် ပက်လက်အိပ်သည့် အနေအထားမျိုး မဟုတ်ဘဲ နိုးနေစဉ် #မှောက်လျက်နေခြင်းနည်း ဖြင့် နေရပါမည်။ 
- အောက်ပါ link မှတစ်ဆင့် ဖတ်ရှုနိုင်ပါသည်။
LINK

🚩🚩🚩2. မေး-ကိုဗစ်ဖြစ်ပြီး 17 ရက် ရှိပါပြီ။ နို့တိုက်မိခင်ပါ။ ကလေးနဲ့ပြန်နေလို့ရပြီလား။ မဖျားတော့ပါ။ dexa သောက်နေရတုန်းပါ။ ဆရာဝန်က 7 or 10 ရက် သောက်ရမယ် ပြောပါတယ်။ dexa သောက်တာ ဒီနေ့နဲ့ဆို 6 ရက်ရှိပါပြီ။ က‌ေလးကိုနို့တိုက်လို့ရလား?
ဖြေ- ဒက်ဆာမီသာဆုံး (dexamethasone) ဆေးဖြင့် မွေးကင်းစကလေးများကို ပုံမှန်ဆေးကုသမှုပေးရာတွင် ဆိုးကျိုးမရှိသောကြောင့် နို့တိုက်မိခင်များ အနေဖြင့် နို့တိုက်နေစဉ်ကာလအတွင်း #ဆေးသောက်နိုင်ပါသည်။
- လေ့လာတွေ့ရှိချက်များအရ dexamethasone ဆေးသောက်သောမိခင်များမှာ ကလေးမွေးပြီးကာစ အစောပိုင်းကာလများတွင် နို့ထွက်နည်းစေတတ်ပါသည်။

🚩🚩🚩3. ကျွန်မ အဖေက မအိပ်ဘဲ ထိုင်ပြီး နေရင် oxygen က 94 95 96 လောက် ရှိမယ် အဖေအိပ်‌ပျော်ချိန်ဆို oxymeter စက်ကလေးကို လက်မှာ ထည့်ပေးထားပြီး စောင့်ကြည့်တာ တဖြည်းဖြည်း နဲ့ oxygen ကျလာပါတယ်၊ လူကိုကြည့်တော့လည်း မောမနေပါဖူး ဟောက်ပြီး အိပ်နေတာပါ အိပ်တာလည်း ဘေးတစောင်းပဲ အိပ်တာပါ၊ အဲလိုအချိန်ဆို ကျွန်မက အဖေကို နှိုးပြီး ထထိုင်ခိုင်းပြီး အသက်ပြန်ရှူခိုင်းလိုက်ရင် 94 95 ကို ပြန်တက်ပါတယ်၊ အဲဒီအခါ လူနာက အိပ်ရေးမဝဘဲ ဖြစ်နေပါတယ်၊ အဲဒါ ဘာကြောင့်ပါလဲ ရှင့်?
ဖြေ- အိပ်နေစဉ်ရုတ်တရက် အသက်ရှူရပ်ခြင်း၊ အလွန်အမင်းဟောက်ခြင်း၊ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါနှင့် ပန်းနာရင်ကြပ်ရောဂါသည်များတွင် အိပ်နေချိန်၌ သွေးတွင်းအောက်ဆီဂျင် ပမာဏ 92% အောက် ကျတတ်ပါသည်။ 

🚩🚩🚩4. ကိုဗစ်လူနာ O2 level ကျပါက O2 ရှူရုံဖြင့် မရနိုင်ကြောင်းနဲ့ လိုအပ်သော သောက်ဆေး၊ ထိုးဆေးများပါ လိုအပ်ကြောင်းကို ရှင်းပြပေးစေချင်ပါတယ်။
ဖြေ- ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုဗစ်-၁၉ လူနာများအား ပစ္စည်းကိရိယာမပြည့်စုံသည့် အနေအထား တွင် ပြုစု စောင့်ရှောက်ခြင်း လမ်းညွှန်ချက်အရ ကိုဗစ်ရောဂါကို ကုသရာတွင် ရောဂါ၏ ပြင်းထန်မှုအပေါ် အဆင့်သတ်မှတ်၍ ကုသရန် အကြံပြုထားပါသည်။
- အဆိုပါ လမ်းညွှန်ချက်အရ ရောဂါ၏ အဆင့်သတ်မှတ်ချက် အလိုက် ကုသမှုများတွင် အောက်ဆီဂျင်သာမက သောက်ဆေး ထိုးဆေးများလည်း လိုအပ်ပါသည်။ 
- အောက်ပါ link မှတစ်ဆင့် ဖတ်ရှုနိုင်ပါသည်။
LINK

🚩🚩🚩5. ကိုဗစ်ဖြစ်နေတဲ့သူ ထိုးရတဲ့ ကိုဗစ်ဆေးရှိတယ်၊ တစ်လုံး ၂ သိန်း စျေးရှိတယ်လို့ ပြောကြတာ ကြားဖူးလို့ပါ ဟုတ်ပါသလား ရှင့်?
ဖြေ- ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုဗစ်-၁၉ လူနာများအား ပစ္စည်းကိရိယာမပြည့်စုံသည့် အနေအထား တွင် ပြုစု စောင့်ရှောက်ခြင်း လမ်းညွှန်ချက်အရ ကိုဗစ်ရောဂါကို ကုသရာတွင် ရောဂါ၏ ပြင်းထန်မှုအပေါ် အဆင့်သတ်မှတ်၍ ကုသရန် အကြံပြုထားပါသည်။ အဆိုပါ လမ်းညွှန်ချက်အရ ရောဂါ၏ အဆင့်သတ်မှတ်ချက် အလိုက် ကုသမှုများတွင် အသုံးပြုသည့် မည်သည့် ထိုးဆေး သောက်ဆေးမှ တစ်လုံးလျှင် ၂ သိန်းကျပ် ကျသင့်သော ဆေးဝါးများမပါရှိပါ။
အောက်ပါ link မှတစ်ဆင့် ဖတ်ရှုနိုင်ပါသည်။
LINK

🚩🚩🚩6. monoclonal antibody ဆေးအကြောင်းလေး သိချင်ပါတယ်။
ဖြေ- ယခုနောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကုသမှုအနေဖြင့် monoclonal antibody ဆေးကို ပြင်းထန်သော ကိုဗစ်-၁၉ရောဂါ လူနာများတွင် အသုံးပြုနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က living guideline အရ အကြံပြုထားပါသည်။ အဆိုပါ monoclonal antibody ထိုးဆေး (tocilizumab, sarilumab) တို့နှင့်အတူ ဒက်ဆာမီသာဆုံး (dexamethasone) ကဲ့ သို့သော စတီးရွိက်ဆေး (steroid) များကို အသုံးပြု၍ ကုသသော ပြင်းထန် ကိုဗစ်-၁၉ လူနာများတွင် သေဆုံးမှုနှုန်းနှင့် အသက်ရှူစက်တပ်ဆင်ရန် လိုအပ်မှု လျော့ချနိုင်ကြောင်း တွေ့ရှိရပါသည်။
- သို့ရာတွင် monoclonal antibody ဆေးများသည် ကုန်ကျစရိတ်များပြားခြင်း နှင့် ဆေးဝါးအသစ်တစ်ရပ် ဖြစ်သည့်အားလျော်စွာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ရရှိနိုင်ရန်မှာ စိန်ခေါ်မှုတစ်ရပ်အနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ 

🚩🚩🚩7. O2 ရှူပြီး ဒီဗိုင်းရပ်စ်ကို ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဟာ ဘယ်အချိန်မှာ safe ဖြစ်ပါသလဲ? ဘယ်ချိန်ထိ O2 ဆောင်ထားဖို့ လိုပါသလဲ? SpO2 ပြန်ကျနိုင်ပါသလား? ဖြေပေးပါဦးနော်။
ဖြေ- အောက်စီဂျင် လိုအပ်ချက် လျော့ကျလာသည်နှင့်အတူ ပုံမှန်လူကောင်းတစ်ယောက်တွင် ရရှိသင့်သည့် သွေးတွင်းအောက်စီဂျင်ပမာဏထိ တိုးတက်လာသည့်တိုင်အောင် အောက်ဆီဂျင်ကို ဆောင်ထားရန် လိုအပ်ပါသည်။

🚩🚩🚩 8.မေး- ဆရာအနံ့ပျောက်ချင်သလိုဖြစ်နေပါတယ်အနံ့ပြန်ရအောင်ဘာလုပ်ရမလဲဆရာ
🚩🚩🚩 အနံ့ရတစ်ချက်မရတစ်ချက်ဖြစ်ပြီးနှာပိတ်နေပါတယ် home Quarantineလုပ်ထားပါတယ် ဆေးညွှန်းပေးပါ
🚩🚩🚩 တစ်အိမ်လုံးအနံ့ပျောက်နေလို့ပါအဖျားတော့မရှိတော့ပါဘူးအသက် ၅၀ လောက်အဖေကနုံးသလိုဖြစ်နေလို့ဘာဆေးတိုက်ရမလဲဗျာ
🚩🚩🚩 ကိုဗစ်‌ကြောင့် အနံမရတဲ့အပြင် အသက်ရှူလိုက်တိုင်း နှာမွှန်ပြီး ခေါင်းတွေပါ ကိုက်လာလို့ဘယ်လိုသက်သာအောင် လုပ်ရမလဲရှင့် 
🚩🚩🚩 အနံ့တွေ ပျောက်နေတာဘာဆေးသောက်ရင်ရလဲဗျ
🚩🚩🚩 ကိုယ်ဝန်ခုနှစ်လနဲ့ပါရှင့်အနံ့တော့အခုထိမရသေးဘူး၅ရက်မြောက်နေ့ပါအားဆေးတွေကဘာတွေမှီဝဲရမှာလဲရှင့်ချောင်းလည်းဒီနေ့မနက်တော်တော်ဆိုးနေပါတယ်ရှင့်ကိုယ်ဝန်နဲ့ဆိုတော့မတည့်မှာစိုးလို့ပါရှင့်
🚩🚩🚩 ကျ​နော်အနံ့မရတာ၄ရက်​​မြောက်​နေ့ပါ အဖျားလဲမရှိ​​တော့ဘူး ၀မ်းကနည်းနည်း​ပျော့​သေးတယ် အနံ့နဲ့အရသာမရ​သေးဘူး အနံ့ပြန်ရ​အောင် ဘာ​တွေ လုပ်သင့်လဲဗျာ ရေ​နွေးငွေ့က​ရော တ​​နေ့ ဘယ်နကြိမ်​လောက်ရှူသင့်လဲ
ဖြေ-ကိုဗစ်ရောဂါမှာ အနံ့နဲ့ အရသာ ပျောက်သွားခြင်းက ရောဂါရဲ့ ဖြစ်စဥ်ထဲက လက္ခဏာ တစ်ခုသာဖြစ်ပါတယ်။ ရောဂါ သက်သာလာတာနဲ့ အမျှ အနံ့နဲ့ အရသာ #အလိုအလျောက်ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် မည်သည့်ဆေးဝါးကို သောက်သုံးရမယ်လို့ #ညွှန်ကြားထားခြင်းမရှိသေးပါ။ 
- ကိုဗစ်ရောဂါကူးစက်ခံရသည့်တိုင် ကိုယ်ခံအားကောင်းမွန်သူသည် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အဆင့်သို့ ရောက်နိုင်ခြေနည်းပါးပြီး ပြန်လည်ကောင်းမွန်ရန် အခွင့်အရေးများပါသည်။
- ကိုယ်ခံအားကောင်းစေရန် အိပ်ရေးဝဝအိပ်ပါ၊ သားငါးသီးရွက်တို့ကို အာဟာရဓာတ် စုံလင်မျှတအောင် စားပါ၊ ရေများများသောက်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။
ဖြေ- ရေနွေးငွေ့ရှူခြင်းက သာမန် နှာခေါင်းပိတ်တာကို အနည်းငယ် သက်သာစေပေမယ့် အောက်ဆီဂျင် တက်ရလောက်တဲ့ အထိတော့ မဖြစ်နိုင်ပါဘူး။ အပူချိန်မြင့်သော ရေနွေးငွေ့ကို အချိန်အတော်ကြာ ရှူမိပါက နှာခေါင်း ပါးစပ်နှင့် အသက်ရှူ လမ်းကြောင်းတွင် အပူလောင် ခြင်းကို ခံစားရနိုင်ပါသည်။

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...