Skip to main content

ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (13.7.21)



🚩🚩🚩1. ကိုဗစ်ကာကွယ်ဖို့ ပိုက်ဆံ၊ အပြင်မှ ဝယ်လာသော ပစ္စည်းများကို အရက်ပြန်ကို စပရေးဘူးထဲထည့်ပြီး ဖျန်းပေးတာဟာ အကာကွယ်ဖြစ်ပါရဲ့လားရှင်?
🚩🚩🚩ဈေးမှ ဝယ်လာသော အသားထုတ်၊ ငါးထုတ်တွေကို ပိုးသတ်ဆေးဖျန်းပြီး ဘယ်လောက်ကြာမှ ကိုင်တွယ်ရင် စိတ်ချရပါသလဲ? ဖြေကြားပေးပါရှင်။
- ကိုဗစ်ရောဂါပိုးသည် ရောဂါပိုးရှိသူမှတစ်ဆင့် နှာချေ၊ ချောင်းဆိုးသည့်အခါ ထွက်လာသော အမှုန်အမွှားများကို ရှူရှိုက်မိခြင်းမှ အဓိကကူးစက်ပါသည်။
- ပိုက်ဆံ၊ သားငါးပစ္စည်းများ၊ ပြင်ပမှ ဝယ်ယူလာသော ပစ္စည်းများတွင် ကိုဗစ်ပိုးအပြင် အခြားသော ရောဂါပိုးများ ကပ်ငြိနေနိုင်သည်မှာ မှန်သော်လည်း လူကို ကူးစက်နိုင်စွမ်း အလွန်နည်းပါသည်။ အကြောင်းမှာ ကိုဗစ်ရောဂါပိုးသည် သက်ရှိသတ္တဝါ (လူ/တိရစ္ဆာန်) ခန္ဓာကိုယ်ထဲတွင်သာ အသက်ရှင်သန် ပွားများနိုင်ပြီး သက်မဲ့အရာဝတ္ထုများတွင် ပွားများဖို့ မဖြစ်နိုင်ပါ။
- ယခုအချိန်အထိ ထိုပစ္စည်းများမှတစ်ဆင့် ကိုဗစ်ရောဂါကူးစက်သည်ဟူသော အထောက်အထား မရှိသေးပါ။
- ထို့ကြောင့် ထိုပစ္စည်းများ (ထုတ်ပိုးထားသည့် ကျွတ်ကျွတ်အိတ်များအပါအဝင်) ကို အရက်ပြန်ဖျန်းခြင်း၊ အခြားပိုးသတ်ဆေးဖျန်းခြင်း၊ နေလှန်းခြင်း သီးခြား ပြုလုပ်ရန် မလိုအပ်ပါ။ သားငါးအပါအဝင် ဟင်းသီးဟင်းရွက်များကိုလည်း ပုံမှန်အတိုင်း ဆေးကြောသန့်စင်နိုင်ပါသည်။
👉 အဓိကလိုက်နာရမည်မှာ ထိုပစ္စည်းများ ကိုင်တွယ်ပြီးတိုင်းနှင့် အစာမစားခင် ရေနှင့်ဆပ်ပြာ (သို့မဟုတ်) အနည်းဆုံး Alcohol 60% ပါသည့် ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို စနစ်တကျ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးရပါမည်။
❌ ရှောင်ကြဥ်ရမည့် အချက်မှာ ထိုပစ္စည်းများ ကိုင်တွယ်ပြီးနောက် လက်မဆေးဘဲ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိကိုင်ခြင်းမှ ရှောင်ကြဥ်ပါ။

🚩🚩🚩2. "အိမ်မှာ ပိုးရှိလူနာကို အခန်းသီးသန့်ထားပါတယ်၊ လုံးဝအပြင်မထွက်ပါ၊ ဒါပေမယ့် အသက်ကြီးသူနဲ့ ကလေးတွေ ရှိပါတယ်၊ အိမ်မှာရှိသူများ အချိန်ပြည့် mask တပ်ထားရမှာလား? တစ်ခုခုကိုင်ပြီးတိုင်း ကလေးတွေရော လူကြီးတွေရော လက်ဆေးပါတယ်၊ ဒီထက်ပိုပြီး ဘယ်လိုဂရုစိုက်ရအုံးမလဲ? ကလေးတွေကိုကူးမှာကြောက်လို့ပါ"
- အချိန်ပြည့် mask တပ်ဖို့တော့ မလိုအပ်ပါ။ (ပိုးရှိလူနာနေသော အခန်းသည် ကျန်အိမ်ခန်းများနှင့် ဆက်စပ်မနေဘဲ တံခါး၊ ပြတင်းပေါက်သီးသန့် ရှိမည်ဟု ယူဆပါသည်)
- mask တပ်ဆင်ရမည့်သူမှာ ပိုးရှိလူနာကို အနီးကပ်ပြုစုပေးရသူနှင့် ပိုးရှိလူနာကိုယ်တိုင် အခန်းထဲမှ အပြင်သို့ ထွက်တိုင်း (ဥပမာ - ရေအိမ်အသုံးပြုဖို့ ခေတ္တထွက်ခြင်း) mask တပ်ဆင်ရပါမည်။ (အသုံးပြုရမည့် mask အမျိုးအစားကို ဤတွင် ဖတ်ပါ https://www.facebook.com/ckcmohnugmm/posts/106810351671220 )
- နေအိမ်၌ ကိုဗစ်သံသယလူနာရှိခြင်းအတွက် ဆောင်ရန်/ ရှောင်ရန်ကို ဤပိုစ့်များတွင် ဖတ်ပါ။

- ပိုးရှိလူနာကို အနီးကပ်ပြုစုပေးသူ သတ်သတ်မှတ်မှတ် တစ်ဦးသာ ထားရှိပါ။ (ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းသူ ဖြစ်ရပါမည်။)
- သီးသန့်နေစဥ် ကာလအတွင်း အသက်အရွယ်ကြီးသူနှင့် ကလေးငယ်များကို ပိုးရှိလူနာနှင့် ထိတွေ့ခြင်းမှ အတတ်နိုင်ဆုံး ခေတ္တရှောင်ရန် လိုအပ်ကြောင်း ပြောပြ၊ ရှင်းပြထားပါ။
- အိမ်တွင် တစ်ဦးတစ်ယောက် ကိုဗစ်ရောဂါဖြစ်ပါက ကျန်အိမ်သူအိမ်သားများအားလုံး ရောဂါကူးစက်နိုင်သောကြောင့် အချိန်နှင့်အမျှ သတိရှိပါလေ။

🚩🚩🚩3. စီးပွားရေး အခက်အခဲဖြစ်နေသော လူများမှာ mask စျေးများတက်နေသောကြောင့် cloth mask များ တပ်ကြဖို့ အကြံပေးနေကြတာလည်း တွေ့ရပါတယ်ရှင့်၊ cloth mask က ရောဂါပိုးကို ဘယ်လောက်ထိ ကာကွယ်နိုင်ပါလဲ? တချို့က လုံးဝမကာကွယ်နိုင်ဘူး၊ တပ်လည်း အပိုပဲလို့ပြောနေကြလို့ ရှင်းပြပေးပါရှင့်။
- အဝတ် mask များသည် ချုပ်လုပ်သော ပိတ်သား၊ ပါဝင်သော အလွှာအရေအတွက်ပေါ်မူတည်၍ ကာကွယ်မှု ရာခိုင်နှုန်း အမျိုးမျိုး ကွာခြားပါသည်။
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ညွှန်းဆိုသော အဝတ် mask တွင် အလွှာ ၃ လွှာ ပါရှိရပါမည်။ ထိုသို့သော အဝတ် mask ကို နေရောင်ထဲ ထောင်ကြည့်သည့်အခါ အလင်းမပေါက်လောက်အောင် ထူတာမျိုး ဖြစ်ရပါမည်။
👉 အပြင်ဆုံးအလွှာ - ‌အရည်မစုပ်နိုင်တဲ့ ပိတ်စ (ဥပမာ - polyester ပိတ်စ) ဖြစ်ရမည်၊ သို့မှသာ တစ်ဖက်လူမှ နှာချေ၊ ချောင်းဆိုးသည့်အခါ ထွက်လာသည့် အမှုန်အမွှားများ အထဲသို့ ရောက်မလာဘဲ mask တွင် တင်ကျန်နေမည် ဖြစ်သည်။
👉 အလယ်လွှာ - ရက်လုပ်မထားဘဲ အရည်မစုပ်နိုင်တဲ့ ပိတ်သား (ဥပမာ - polypropylene အစမျိုး) ဖြစ်ရမည်၊ အပြင်မှ ဝင်ရောက်လာနိုင်သည့် အမှုန်အမွှားများ စစ်ထုတ်ရန် ဖြစ်ပါသည်။
👉 အတွင်းဆုံးအလွှာ - အလွယ်တကူ ရေစုပ်ယူနိုင်တဲ့ ပိတ်စ (ဥပမာ - cotton ချည်သား) ဖြစ်ရမည်၊ သို့မှသာ မိမိစကားပြောစဥ်နှင့် အသက်ရှူထုတ်သည့်အခါ ထွက်လာသည့် အမှုန်အမွှားများကို တစ်ပါးသူထံ မပျံ့နှံ့စေဘဲ mask တွင် စစ်ထုတ်ထားနိုင်မည် ဖြစ်သည်။ ဖြစ်နိုင်လျှင် မိမိမျက်နှာနှင့် ထိကပ်နေသော ဤအတွင်းဆုံးအလွှာကို ပိတ်စအဖြူ သုံးပါ၊ သို့မှသာ ညစ်ပေ၊ စိုစွတ်သည့်အခါ အလွယ်တကူ သိရှိမည် ဖြစ်သည်။
- ထိုကဲ့သို့ အလွှာ ၃ လွှာ ပါရှိသော အဝတ် mask ၏ ကာကွယ်နိုင်စွမ်းမှာ 50-70% ရှိပါသည်။ စနစ်တကျတပ်ဆင်ပုံ၊ ချုပ်လုပ်သော ပိတ်သားတို့ပေါ်မူတည်၍ ရာခိုင်နှုန်း ပြောင်းလဲနိုင်ပါသည်။
- အဝတ် mask အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက ဤတွင် ဖတ်ပါ။ https://www.facebook.com/ckcmohnugmm/posts/113314311020

Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (10.8.21)

🚩🚩🚩1. မေး-Covid ဖြစ်ပြီးD-Dimer 745လောက်ဖြစ်နေပါတယ်ခင်ဗျ။ အခုဆရာဝန် ကEnorza-0.6 (၇)ရက်ထိုးခိုင်းထားပါတယ်။ဘာလို့ထိုးလည်းသိချင်လို့ပါခင်ဗျ။ ဖြေ-  Enoxaprin(0.4/0.6) ဆိုတာ low molecular weight heparin (LMWH) အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန် ကိုဗစ်-၁၉ရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ သွေးခဲခြင်း၊ အဆုတ်သွေးကြောထဲ သွေးခဲပိတ်ဆို့ခြင်းတို့ကို မဖြစ်စေဖို့ ကုသဖို့ အတွက် အရေပြားအောက်ကို ထိုးသွင်းရတဲ့ သွေးခဲပျော်ဆေး တစ်မျိုးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်သော သွေးစစ်ဆေးမှုတို့ကို ပြုလုပ်ပြီးရင် ဆေးမပေးရသော အခြေအနေများမရှိရင် ပေးနိုင်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေး အစိုးရက လမ်းညွှန်ထားပါသည်။ အောက်ပါလင့်ခ်ကို ဖတ်ပေးပါ။ https://www.facebook.com/104312615254327/posts/113818450970410/?d=n 🚩🚩🚩2. မေး- ကိုဗစ်ဖြစ်နေတဲ့ အချိန် ဆေးလိပ်သောက်လို့ ရပါသလားခင်ဗျ။ 🚩🚩 🚩 အောက်ဆီဂျင် ၉၀အောက် ကျခဲ့တဲ့ လူတစ်ယောက်က recovery stage မှာပဲ ဆေးလိပ်ပြန်သောက်နေရင် ဘာဆိုးကျိုးရှိမလဲရှင့်။ ဖြေ- ကိုဗစ်ဖြစ်နေစဉ် ဖြစ်ပြီးမှ မဟုတ်ဘဲ ဘယ်လို အခြေအနေမျိုးမှာမှ ဆေး...

ကိုဗစ်ရောဂါလက္ခဏာများ_စစ်ဆေးခြင်း_ကုသခြင်းနှင့်ကူးစက်ခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ(17.8.21)

🚩🚩🚩1. ကိုဗစ်မဟုတ်ဘဲ ဘာရောဂါတွေကြောင့် အောက်စီဂျင်ကျတတ်ပါလဲ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။   ဖြေ။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များနှင့်တစ်ရှူးများ အောက်ဆီဂျင်ကောင်းစွာရရန် အဓိကအားဖြင့် အောက်ပါအချက်တို့ပေါ် မူတည်ပါတယ်။ ရှူသွင်းလိုက်သောလေတွင် လုံလောက်သော အောက်ဆီဂျင်ရှိခြင်း၊ အဆုတ်သည် အောက်ဆီဂျင်ပါသောလေကို ရှူသွင်းနိုင်စွမ်းရှိခြင်းနှင့် ကာဗွန်အောက်ဆိုဒ်ဓာတ်ကို ရှူထုတ်နိုင်စွမ်းရှိခြင်း၊ သွေးကြောအတွင်းရှိသွေးများ၊ သွေးနီဥများသည် အဆုတ်သို့ ရောက်ရှိပြီး အောက်ဆီဂျင်ကို သယ်ဆောင်လျက် ခန္ဓာကိုယ်အနှံ့သို့ ပြန်လည် ဖြန့်ဝေပေးနိုင်စွမ်းရှိခြင်းတို့ပေါ် မူတည်ပါတယ်။ ၎င်းအချက်များတစ်ခုခုတွင် ချို့ယွင်းခြင်း ဖြစ်ပေါ်ပါက သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း ဖြစ်ပေါ်တတ်ပါတယ်။ အောက်ဆီဂျင်ကျဆင်းစေသော အဖြစ်များသည့် ရောဂါများမှာ သွေးအားနည်းရောဂါ၊ ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးသောရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ပွရောဂါ၊ မွေးရာပါနှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောင်ရောဂါ၊ အဆုတ်ထိခိုက်သော ရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်အပြင်ဘက်အမြှေးပါးအတွင်းလေဝင်ခြင်း၊ အဆုတ်ရေလွှမ်းခြင်း၊ အဆုတ်သွေးကြောများအတွင်း သွေးခ...