Skip to main content

ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (13.7.21)



🚩🚩🚩1. ကိုယ်ဝန်သည် ကိုဗစ်ကူးရင် ကလေးကို ဘယ်လို သက်ရောက်မှုမျိုး ဖြစ်နိုင်ပါသလဲရှင်?

🚩🚩🚩11 ရက်နေ့ညက ဖျားပါတယ်၊ နောက်နေ့ မဖျားတော့ဘူး၊ အကောင်းတိုင်းပါပဲ၊ ခု 13 ရက်နေ့ အနံ့ရပါသေးတယ်၊ စစ်တော့ Positive ဖြစ်နေပါတယ်၊ ကလေးငယ်လေးက 4 လ ပါ၊ ကလေးကိုလည်း ကူးနိုင်လားရှင့်? ကလေးက မိခင်ရှိမှ နေလို့ပါ၊ ခု ခွဲနေနေရတာ ငိုယိုနေပြီး နို့ဘူးတိုက်တာလည်း သိပ်မစို့လို့ပါ၊ ကလေးကိုလည်း စစ်ဖို့ လုပ်ထားပါတယ်၊ ဘယ်လိုနေထိုင်သင့်ပြီး ဘယ်လိုလုပ်သင့်လဲရှင့် ဆရာ?

ဖြေ - နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ ကိုဗစ်ဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းမှတစ်ဆင့် မိခင်မှကလေးသို့ ကူးစက်နိုင်ခြေ အလွန်နည်းပါးကြောင်း တွေ့ရှိရပါသည်။

- ကလေး၏ ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်မှု မရှိနိုင်ပါ။ သို့သော် ရောဂါပြင်းထန်သော ကိုယ်ဝန်ဆောင်မိခင်များတွင် လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေရှိကြောင်း လေ့လာတွေ့ရှိရသည်။

- ကလေးမွေးဖွားပြီးလျှင်လည်း ရောဂါပိုးသည် မိခင်နို့ရည်မှတစ်ဆင့် ကလေးသို့ မကူးစက်နိုင်သောကြောင့် ကလေးအား မိခင်နို့တိုက်ကျွေးခြင်း ဆက်လက်လုပ်ဆောင်ရန် WHO မှ အကြုံပြုထားသည်။

- သို့သော်

👉 ကလေးအား နို့တိုက်စဉ်တွင် မိခင်သည် mask တပ်ရန်

👉 ကလေးကို မကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်းတွင် လက်သေချာဆေးရန်

👉 ကလေးထားမည့် နေရာများနှင့် အသုံးအဆောင်များကို သန့်ရှင်းရေးသေချာလုပ်ရန်

👉 နို့တိုက်ချိန်မှအပ ကျန်သည့်အချိန်များတွင် အတတ်နိုင်ဆုံး ကလေးနှင့် ၆ပေခွာနေရန် လိုအပ်ပါသည်။

- မိခင်တွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ လက်ဆေးခြင်း၊ သန့်ရှင်းရေးဂရုစိုက်ခြင်းမှအပ ကျန်သည့် အချက်များကို လုပ်ဆောင်စရာ မလိုတော့ဘဲ ပုံမှန်အတိုင်း ကလေးကို ထိတွေ့နိုင်ပါသည်။

🚩🚩🚩2. Covid-19 ပိုးရှိ ကလေးဆီကနေ လူကြီးတွေကို ကူးဆက်နိုင်ပါသလား ခင်ဗျ? ကလေးက sign မပြဘဲရော carrier ဖြစ်နိုင်ပါသလား?

ဖြေ - ကူးစက်နိုင်ပါသည်။ ကလေးများသည်လည်း silent carrier ဖြစ်နိုင်ပါသည်။

🚩🚩🚩3. ကိုဗစ်ဖြစ်ပြီးလို့ ပြန်သက်သာလာပြီ၊ ပြန်ဖြစ်တတ်လားရှင့်?

🚩🚩🚩second wave တုန်းက ဖျားပြီး အနံ့ပျောက်ခဲ့ပါတယ် အဲ့လိုလူတွေက နောက်တစ်ကြိမ် ကူးစက်ခံရနိုင်လား သိချင်ပါတယ်ဗျ။

🚩🚩🚩"Covid တစ်ကြိမ် ဖြစ်ပြီးသားလူမှာ နောက်ထပ်တစ်ကြိမ် ထပ်ဖြစ်ပွားနိုင်သလား? ဥပမာ- မိသားစုထဲကပဲ ပထမလူကနေ ဒုတိယလူကို ကူးတယ်ပေါ့။ အဲ့ ပထမလူက ရောဂါပျောက်သွားတဲ့အခါမှ ဒုတိယလူဆီက ပြန်ပြီး ကူးစက်နိုင်သလားလို့?"

🚩🚩🚩ပိုးကူးပြီး ပျောက်ကင်းလူနာ ထပ်ပြီး ကူးနိုင်ပါသလားရှင်?

 ဖြေ - ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးပါက ရောဂါခုခံကာကွယ်နိုင်စွမ်း (Immunity) အထိုက်အလျောက် ကျန်ရှိသော်လည်း အချိန်နှင့်အမျှ ရောဂါခုခံကာကွယ်နိုင်စွမ်းကျဆင်းလာနိုင်ခြင်းကြောင့် ရောဂါ ပြန်လည်ကူးစက်ဖြစ်ပွားနိုင်ပါတယ်။

👉 (လန်ဒန်မြို့ရှိ St George’s Hospital မှ အဏုဇီဝဗေဒပညာရှင်များ၏ လေ့လာချက်အရ ကိုဗစ်-၁၉ ပထမလှိုင်းတွင် ရောဂါကူးစက်ဖြစ်ပွားသူများ၏ (၉၄) ရာခိုင်နှုန်းသည် ဒုတိယလှိုင်းတွင် ရောဂါထပ်မံဖြစ်ပွားမှုမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။)

- သို့သော်လည်း အချိန်နှင့်အမျှ ရောဂါခုခံကာကွယ်နိုင်စွမ်း ကျဆင်းလာတတ်ခြင်းကြောင့် ရောဂါ ကူးစက် ဖြစ်ပွားပြီးသော်လည်း တစ်ကိုယ်ရည်ကာကွယ်ခြင်း နည်းလမ်းများ ဖြစ်သည့် လက်ဆေးခြင်း၊ Mask ကို စနစ်တကျတပ်ခြင်း၊ Social distancing နည်းလမ်းများ လိုက်နာခြင်းတို့ကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။

🚩🚩🚩4. အဖျားက ပျောက်သွားပြီး အရသာက ရတယ်၊ အနံ့မရတာ ၃ ရက်ရှိပြီး ၁၀ ရက်ပြည့်လို့ အနံမရလည်း မပြင်မထွက်လို့ မိသားစုနဲ့ အတူနေလို့ စကားပြောလို့ ရပါသားရှင့်?

ဖြေ -  ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။

- ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့လိုအပ်ပါသည်။

👉 (အနံ့ပျောက်ခြင်းသည် လူတစ်ချို့တွင် အတော်ကြာသည်အထိ ရှိနေတတ်သောကြောင့် အနံ့ပြန်ရသည်အထိ သီးသန့်နေရန် မလိုကြောင်း၊ အပေါ်တွင် ဖော်ပြထားသော အချက်များနှင့်ပြည့်စုံပါက ပုံမှန်အတိုင်း နေထိုင်နိုင်ကြောင်း CDC မှ အကြံပြုထားပါသည်)

🚩🚩🚩5. Covid 19 သံသယရှိသူနဲ့ လက်ဆွဲနှုတ်ဆက်မိရင်ပိုးကူးနိုင်လားရှင့်

ဖြေ - ကိုဗစ်ရောဂါပိုးသည် ရောဂါရှိသူ နှာချေ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားများမှတစ်ဆင့် ကူးစက်နိုင်ပြီး ထိုအမှုန်အမွှားများသည် ရောဂါရှိသူ၏လက်ပေါ်တွင် ရှိနေနိုင်ပါသည်။

- ရောဂါရှိသူနှင့် လက်ဆွဲနှုတ်ဆက်ပါက ရောဂါပိုးသည် လက်ဆွဲနှုတ်ဆက်သူ၏ လက်သို့ ကူးသွားနိုင်ပြီး ထိုရောဂါပိုးရှိနေသော လက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့မိပါက ကိုဗစ်ကူးစက်နိုင်ပါသည်။ - ထို့အပြင် အနီးကပ် လက်ဆွဲနှုတ်ဆက်နေစဥ်အတွင်း နှစ်ဦးလုံး mask မတပ်ထားပါက ရောဂါရှိသူဆီမှ ထွက်လာသော အမှုန်အမွှားများသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ပြီး ရောဂါကူးစက်နိုင်ပါသည်။

- ထို့ကြောင့် တစ်ခုခုနှင့်ထိတွေ့ပြီးတိုင်း လက်ဆေးခြင်း၊ အပြင်သွားတိုင်း mask တပ်ခြင်း၊ ၆ ပေ ခွာနေခြင်းတို့သည် ကိုဗစ်ကာကွယ်ရန်အတွက် အထူးလိုအပ်ပါသည်။

🚩🚩🚩6. အနံ့ပျောက်တာလောက်ပဲ ဖြစ်တာဆိုပြီး အပြင်တွေထွက်နေကြပါတယ်၊ လူအများကို ကူးကုန်ပါတယ်။ အနံ့ပျောက်ပြီဆိုတာနဲ့ ရောဂါပိုးက ခန္ဓာကိုယ်ထဲ ရောက်နေပြီဆိုတာလေး ရှင်းပြပေးစေချင်ပါတယ်။ ဘယ်နှစ်ရက် Isolate လုပ်ရမှာပါလဲ? ၁၁+၇ = ၁၈ရက်ပါလား??

ဖြေ - ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်ပါတယ်၊ အနည်းဆုံး တစ်ပတ်မှ အချို့ပြင်းထန်လျှင် ၂ ပတ်ထိ ကူးစက်နိုင်ပါတယ်။

- အနံ့ပျောက်ခြင်းသည်လည်း ကိုဗစ်ရောဂါလက္ခဏာထဲတွင်ပါဝင်ပါသည်။

- ဘယ်နှရက် သီးသန့်ခွဲနေရမလဲဆိုတာနှင့် ပတ်သက်၍ မေးခွန်း ၄ ရှိ အဖြေကို ပြန်ရည်ညွှန်းပါတယ်။

🚩🚩🚩7. နေမကောင်းတာ ၈ ရက်ရှိပါပြီ၊ အနံ့ပျောက်တာ ၃ ရက်ပဲ ရှိသေးတော့ isolate လုပ်ရမယ့် ရက်ပေါင်း ၁၀-၁၄ ရက်ကို ဘယ်နေ့က စပြီး ယူရမလဲ? နေစမကောင်းတဲ့နေ့လား၊ အနံ့စပျောက်တဲ့နေ့လား၊ ဖြေပေးပါဦးနော် ကျေးဇူးပါ

ဖြေ

👉 ရောဂါလက္ခဏာရှိသူတွင် ပထမဆုံး ရောဂါလက္ခဏာပေါ်သည့်ရက်မှ စတွက်ရပါမည်။

👉 ရောဂါလက္ခဏာမရှိသူတွင် ကိုဗစ်ရောဂါပိုး ရှိမရှိကိုစစ်ဆေးသည့် test positive ထွက်သည့်ရက်မှ စ၍ တွက်ရပါမည်။ test positive ထွက်ပြီးနောက် ရောဂါလက္ခဏာပေါ်လာပါက ထိုရောဂါလက္ခဏာ စပေါ်သည့်ရက်မှ ပြန်၍ တွက်ယူရပါမည်။

🚩🚩🚩8. ကြောင်လေးတွေ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကိုဗစ်ကူးနိုင်လားရှင့်? ကြောင်လေးတွေကနေရော လူကို တစ်ဆင့်ကိုဗစ်ကူးနိုင်လား သိချင်လို့ပါ။

ဖြေ - ကိုဗစ်သည် လင်းနို့ကဲ့သို့သော တိရစ္ဆာန်မှ စဖြစ်သည် ဖြစ်သော်လည်း လေ့လာတွေ့ရှိချက် အချို့အရ တိရစ္ဆာန်မှ လူသို့ ကူးနိုင်နှုန်းဟာ အလွန်နည်းပြီး တိကျသော သက်သေများ မရှိသေးပါ။

- လူမှတစ်ဆင့်တိရစ္ဆာန်သို့ အချို့အခြေအနေများတွင်ကူးစက်နိုင်ပါသည်။ ဥပမာ - ကိုဗစ်ပိုးရှိသူမှ တိရစ္ဆာန်များနှင့် အနီးကပ် ထိတွေ့သည့်အခါ ကူးစက်နိုင်ပါသည်။

- ထို့ကြောင့် ရောဂါရှိသူများသည် တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဥ်ရန် CDC (Center for disease control and prevention) မှ အကြံပြုထားပါသည်။

Source - ကိုဗစ်-၁၉ ဗဟုသုတစင်တာ

Comments

Popular posts from this blog

Covid ကာကွယ်ဆေးများ အကြောင်း

 

ကိုဗစ်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းများ (9.7.21)

🚩🚩🚩 1. "Covid ရှိ/မရှိ ကိုယ်တိုင် test kit နဲ့ ဘယ်လိုစစ်လို့ရပါသလဲ? ဘယ်နှကြိမ် ဘယ်နှရက်ခြားစစ်ရပါသလဲ?  - ပုံမှန်အားဖြင့် Antigen test kit များသည် ရောဂါလက္ခဏာ ရှိသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ - လက္ခဏာရှိပြီး test kit အဖြေ positive ထွက်လျှင် သော်လည်းကောင်း၊ test kit အဖြေ negative ဖြစ်ပြီး PCR test တွင် positive ထွက်လျှင် သော်လည်းကောင်း ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူရပါမည်။ - Test kit နှင့် PCR negative ဖြစ်သော်လည်း လက္ခဏာရှိနေပါက ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၅ ရက်မှ ၇ ရက် ခြားတစ်ခါ ထပ်မံစစ်ဆေးမှု ပြုလုပ်ရပါသည်။ - လက္ခဏာမရှိသူများ အနေဖြင့် Test kit တွင် negative ပြသော်လည်း ပိုးတွေ့လူနာနှင့် အနီးကပ်ထိတွေ့မှု ရှိပါက ၁၄ ရက် သီးခြားနေထိုင်ပြီး ၃ရက်ခြားမှ ၇ရက်ခြား တစ်ခါ ထပ်မံစစ်ဆေးနိုင်ပါသည်။ 🚩🚩🚩 2. SD Biosensor က ထုတ်တဲ့ Standard Q test kit နှာခေါင်းထဲ ထိုးတဲ့ဟာနဲ့ စစ်ထားဖူးပါတယ်၊ စစ်ဆေးပုံ မှန်ကန်မှု အတိအကျလေးသိချင်လို့ပါရှင်" - Antigen test kit နှင့် စစ်ဆေးရာတွင် နှာခေါင်းတို့ဖတ်အား ကျန်းမာရေးဆိုင်ရာပညာရှင်မှ ယူပေးပြီးစစ်ဆေးခ...

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။...