Skip to main content

Posts

Covid ကာကွယ်ဆေးများ အကြောင်း

 
Recent posts

SARS CoV2 antibody စစ်ဆေးခြင်းနှင့် ပတ်သက်၍ သိသင့်သည့် အချက်များ

ယခု အခါ Covid ဖြစ်ပြီးလို့ပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေး ထိုးပြီးလို့ပဲ ဖြစ်ဖြစ် antibody စစ်တဲ့သူတွေကို အတွေ့များလာပါတယ်။ ဒါကြောင့် ဒီ antibody test တွေနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက် တစ်ချို့ကို မျှဝေလိုက်ပါတယ်။ (၁) Antibody ဆိုတာ ဘာလဲ? Corona virus လူရဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ လူရဲ့ B lymphocyte တွေက ပြန်လည်ခုခံဖို့ ထုတ်တဲ့ Immunoglobulin (Ig) ဆိုတဲ့ ဓါတ်ကို ခေါ်တာပါ။ အစောပိုင်းကာလ အကြမ်းဖျင်း ပထမ ၁၄ ရက်အတွင်း IgM ဆိုတာထွက်ပြီး နောက်ပိုင်းကာလများမှာ IgG ဆိုတာ ထွက်ပါတယ်။  (၂) ထွက်တဲ့ IgG ဘယ်လောက်ကြာကြာထိ ရှိနေတတ်လဲ? ရောဂါပိုးဝင်လို့ ထွက်တဲ့ IgG က ၃ လ မှ ၆လ (တစ်ချို့လည်း ၉ လ) လောက်အထိ သွေးထဲမှာ ရှိနေတတ်ပြီး နောက်ပိုင်း တဖြေးဖြေး နည်းနည်းသွားတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေး ထိုးလို့ ထွက်တဲ့ IgG ကတော့ ဒီထက်ကြာကြာ ပိုနေတယ်လို့ သုတေသန စစ်တမ်းများအရ သိရပါတယ်။ ဆက်လက် စောင့်ကြည့်နေကြဆဲပါ။ (၃) Ig G ဘယ်နှမျိုး ရှိလဲ? အဓိက ၂ မျိုး ရှိပါတယ်။ SARS CoV2 virus ရဲ့ အတွင်းအနှစ်ထဲမှာရှိတဲ့ Nuclecapsid protein (N - antigen) ကို ခုခံတဲ့ anti N IgG နဲ့ အပြင်ဆုံးက ဆူးတောင်လေးတွေမှာ ရှိတဲ့ Spike protein (S-ant

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. သိုင်းရိုက် ရောဂါအခံရှိသူရော အခုထိုးပေးတဲ့ဆေး ထိုးလို့ရပါသလား။  💉ဖြေ။ Pfizer/BioNTech, Oxford/AstraZeneca နှင့် Moderna ကိုဗစ်ကာကွယ်ဆေးများအတွက် သိုင်းရွိုက်ဆိုင်ရာဖော်ပြချက်များကို တွေ့ရသော်လည်း Sinopharm, Sinovac ကိုဗစ်ကာကွယ်ဆေးများနှင့် ပတ်သက်၍ သိုင်းရွိုက်ဆိုင်ရာ ဖော်ပြချက်များကို မတွေ့ရှိရပါ။  အဆိုပါ ဖော်ပြချက်များအရ မိမိကိုယ်ခံအားမှ မိမိအား တန်ပြန်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Autoimmune thyroid disease) နှင့် သိုင်းရွိုက်ကင်ဆာကဲ့သို့သော ရောဂါများတွင် သိုင်းရွိုက်ဟော်မုန်း မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများအား ကောင်းစွာထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိပါက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးမီ မိမိအား ကုသမှုပေးနေသည့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါတယ်။  Ref: https://www.thyroid.org/.../coronavirus-frequently.../....       https://www.btf-thyroid.org/covid-19-and-vaccines  🚩🚩🚩2. လေဖြတ်ထားတဲ့သူအခုတော့နဲနဲသက်သာနေပါပြီ။ ကာကွယ်ဆေးထိုးလို့ရလားရှင့်ဖြေပေးပါနော်။  💉ဖြေ။ လေဖြတ်ထားသူများတွင် ကိုဗစ်ရောဂါ

ကိုဗစ်ရောဂါလက္ခဏာများနှင့်ကုသခြင်းဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. ကိုဗစ်မျိုးကွဲ Delta ,Delta plus, lambda တို့အကြောင်းရှင်းပြပေးပါ။ ဖြေ။ ပထမဦးစွာ ကိုဗစ်မျိုးကွဲများနှင့် ပတ်သက်၍ ရှင်းလင်းချက်ကို https://www.facebook.com/ckcmohnugmm/posts/121940573491531 မေးခွန်း (၁) တွင် ကျေးဇူးပြု၍ ဖတ်ပေးပါ။  ဩဂုတ်လ ၁၀ ရက်နေ့ အထိ အချက်အလက်များအရ နိုင်ငံပေါင်း ၁၄၂ နိုင်ငံတွင် Delta မျိုးကွဲ ပျံနှံ့လျက် ရှိပါတယ်။ Delta မျိုးကွဲမှာ ယခင်မျိုးကွဲများထက် ကူးစက်မှုနှုန်း နှစ်ဆပိုမိုမြန်ဆန်ကြောင်း ဆိုပါတယ်။  Delta plus မျိုးကွဲမှာမူ ဗိုင်းရပ်စ်၏ မျက်နှာပြင်ရှိ ပရိုတိန်းအဖုလေးများတွင် အနည်းငယ်ပြောင်းလဲခြင်းသာ ဖြစ်သဖြင့် Delta မျိုးကွဲ၏ အမည်အောက်တွင်သာ ထည့်သွင်းဖော်ပြထားပါတယ်။ ယခုအချိန်အထိ Delta plus မျိုးကွဲကူးစက်မှုများကို အနည်းငယ်သာ တွေ့ရပါသေးတယ်။ ယခုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ခွင့်ပြုထားသော ကိုဗစ်ကာကွယ်ဆေးအများစုမှာ Delta မျိုးကွဲများကြောင့်ဖြစ်သော ရောဂါပြင်းထန်မှုနှင့် သေဆုံးခြင်းများကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိထားပါတယ်။  ယခုအချိန်အထိ ရရှိသောအချက်အလက်များအရ အမေရိကန်နိုင်ငံနှင့် တောင်အမေရိကနိုင်ငံများတွင် Lambda မျိုးကွဲကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိတာကို တ

ကိုဗစ်ကူးစက်ခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (24.8.21)

🚩🚩🚩1. ကိုဗစ်ဖြစ်ပီး ရုံးပြန်တက်ရတဲ့ရုံးသမားတွေ ထမင်းစားစဉ် အဲယားကွန်းခန်းထဲမှာဆိုအဲကွန်းလေကတစ်ဆင့်  ပါးစပ်ထဲ ကိုဗစ်ပိုး၀င်နိုင်လား နောက်ပီးရုံးကစုပေါင်းတက်ကြတဲ့ ရုံးသုံးအိမ်သာကို (ဗိုလ်ထိုင်မဟုတ်ပါ) ပိုးကူးစက်မှု နည်းအောင် ဘယ်လို ကာကွယ်မှုလုပ်ပီးတက်ရမလဲ ရှင်။ ဖြေ - 👉 အပူပေးစနစ်၊ လေ၀င်လေထွက်စနစ်နှင့် လေအေးပေးစနစ် (Heating, ventilation, and air conditioning) HVAC system ၏လေဝင်ပိုက်လိုင်းများ၊ လေစစ်များတွင် ကိုဗစ်ပိုး၏ RNA ကိုတွေ့ရှိရသည်ဆိုသော်လည်း ထိုတွေ့ရှိရသောပိုးသည် အသက်ရှင်မှုရှိမရှိကို မသိနိုင်ပါ။ ထို့ကြောင့် HVAC system မှတစ်ဆင့် ကိုဗစ်ပိုးကူးစက်နိုင်ခြေနှင့် ပတ်သက်၍ ယခုအချိန်ထိ တိကျစွာမသိရှိရသေးပါ။ သို့သော် ကိုဗစ်ဖြစ်စေသောပိုးသည် အဆောက်အအုံပြင်ပထက် အဆောက်အအုံထဲတွင် ပို၍ ပမာဏများနိုင်ပြီး ပိုမိုကူးစက်စေနိုင်ပါသည်။ ထို့ကြောင့် အဆောက်အအုံများကို လေဝင်လေထွက်ကောင်းအောင်ဆောင်ရွက်ရန် လိုအပ်ပါသည်။  အဆောက်အအုံများအတွင်း ပိုးကူးစက်မှုလျှော့ချနိုင်ရန် အောက်ပါအချက်များကိုလုပ်ဆောင်နိုင်ပါသည်။ - ပြတင်းပေါက်များ၊ တံခါးများကို ဖွင့်ထားခြင်း - ပြတင်းပေါက်တွင်တပ်ဆင်ထားသောပန်ကာများ ( window fan

ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (20.8.21)

🚩🚩🚩1. ကျွန်တော့မှာ autoimmune နဲ့ COPD ရောဂါတွေရှိလို့ကာကွယ်ဆေးထိုးလို့ရမရသိချင်လို့ပါခင်ဗျ။ 🚩🚩🚩autoimmue ရောဂါရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား။  auto immue ရောဂါကို ပျောက်အောင် ကုသလို့ရပါသလား။  autoimmue အတွက် ရောဂါမပျောက်တောင် ရောဂါအသက်သာဆုံးနဲ့အကောင်းဆုံး ဘာဆေးစားပြီး ဘယ်လိုနေထိုင်ရပါမည်လဲ။ 💉ဖြေ။ COPD ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Autoimmune ရောဂါ (မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်အား ပြန်လည်ထိခိုက်စေသောရောဂါ) ရှိသူများတွင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ သို့သော် Autoimmune ရောဂါရှိသူများတွင် ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ သုတေသနအချက်အလက်များ ပြည့်စုံစွာ မရှိသေးပေ။  ကာကွယ်ဆေးဆိုင်ရာ အချို့သုတေသနစမ်းသပ်မှုများတွင် Autoimmune ရောဂါရှိသူများ ပါဝင်ကြသော်လည်း သုတေသနဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ဆက်လက်လေ့လာရန် လိုအပ်လျက်ရှိနေပါသေးတယ်။  ထို့ပြင် Autoimmune ရောဂါများမှာ အမျိုးအစား အမျိုးမျိုးဖြစ်နိုင်သဖြင့် ကျွမ်းကျင်သော အထူးကုသမားတော်နှင့် ပြသရန် အကြံပေးလိုပါတယ်။  🚩🚩🚩3. ကိုဗစ်ကာကွယ်ဆေး(

ကိုဗစ်ရောဂါလက္ခဏာများနှင့်စစ်ဆေးခြင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ (20.8.21)

🚩🚩🚩1. ကိုဗစ် ကူးစက်ပီး ရက်အကန့်အသတ် ဘယ်လောက်တွင် ကျန်းမာရေး စိတ်ချရသူ တယောက်ပြန်ဖြစ်နိုင်ပါသလဲ။ ဥပမာ သွေးခဲခြင်းကဲ့သို့ နောက်ဆက်တွဲရောဂါကြောင့် အသက်အန္တရယ် မဖြစ်နိုင်တော့ဘူး စိတ်ချ ရသူဖြစ်နိုင်ပီ ဟု ဆိုနိုင်ပါသလဲ။  ဖြေ။ ကိုဗစ်ရောဂါ ခံစားရသူအများစုမှာ သီတင်းပတ် အနည်းငယ်အတွင်း  သက်သာသွားလေ့ရှိပါတယ်။ နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားရနိုင်မှုကာလမှာ တစ်ဦးနှင့် တစ်ဦး မတူကွဲပြားနိုင်သဖြင့် အတိအကျမပြောနိုင်ပါ။ အချို့မှာ ၃ လခန့်တွင် သက်သာသွားလေ့ရှိပြီး အခြားသူများမှာ ထို့ထက်ပို၍ ကြာနိုင်ပါတယ်။ ထို့ပြင် ရောဂါလက္ခဏာများ ခံစားရပုံခြင်းမှာ တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိသကဲ့သို့ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများမှာလည်း အမျိုးမျိုးဖြစ်ပွားနိုင်ပြီး ၎င်းတို့ကို လေ့လာနေဆဲဖြစ်ပါတယ်။ သွေးခဲခြင်းကဲ့သို့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာ သွေးခဲခြင်းကို ဖြစ်စေနိုင်သော ယခင်ရောဂါအခံများရှိမရှိ၊ ယခုခံစားရသော ကိုဗစ်ရောဂါကြောင့် ခန္ဓာကိုယ်တွင် ထိခိုက်မှု အတိုင်းအတာ၊ သွားလာနေထိုင်မှုအကျင့်စရိုက်စသည်တို့ပေါ်တွင် မူတည်နိုင်မည်ဟု ယူဆရပါတယ်။ ထိုကဲ့သို့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ